Home » » ရုန်းထွက်ခဲ့ပါ အမေ

ရုန်းထွက်ခဲ့ပါ အမေ




အမေ
ယုံကြည်ချက်နဲ့ လမ်းလျှေက်သူ
ရည်ရွယ်ချက်နဲ့ လမ်းလျှေက်သူ
ငြိမ်းချမ်းရေးနဲ့ လမ်းလျှေက်သူ
အမေ
အသံတွေ ပဲတင့်ထပ်လို့
အမေ့စကားတွေမပျောက်မပျက်
ကြားယောင်ဆဲပေါ့
ပြည်သူကြားမှာ ပြည်သူများနဲ့
တစ်သားတည်းဖြစ်ခဲ့တဲ့အမေ
တစ်ပြည်ထောင်လုံးကို အမေ့အသံတွေ
လွှမ်းမိုးလို့ အတိတ်ကနေ့တို့မှာပေါ့
အမေ
ယုံကြည်ချက်နဲ့ အမေ့နောက်က
လိုက်ခဲ့တဲ့ သားတို့တွေ
အမေ့အတွက် တာဝန်ကျေသင့်ပါတယ်...
အမေ
အမေက သံတိုင်းနဲ့နံရံနှစ်ဖက်ကြားကအကျဉ်းသားဖြစ်လို့
သားတို့တွေက တုတ်တုတ်မျှမလုပ်ရဲတဲ့
အကျယ်ချုပ်ဘ၀ပါပဲ
အမေ
အမေသြဇာတွေက ပြည်သူတွေကိုလွှမ်းခဲ့ပေမယ့်
အမေ့ကိုကြတော့ သေနက်တွေနဲ့ လွှမ်းမိုးသွားတယ်
အမေရယ်ရင်နာလို့ မျက်ရည်ကျမိတယ်
ရွေးကောက်ပွဲမကျင်းကတာနှစ်၂၀တဲ့ဗျာ
အမေ့အတွက် 90 ရွေးကောက်ပွဲကြီးက
ဘာဖြစ်သွားပြီလဲအမေရယ်
အမေရေ
၂၀ မကလို့ ၂၀၀ ဖြစ်ပါစေ
မေ့ဖို့မဟုတ်တဲ့ အသေခံသွားတဲ့ အသက်တွေနဲ့
ထောင်နံရံ နှစ်ဘက်ကြားကဘ၀တွေအတွက်
ကမ္ဘာမကြေဘူးအမေရဲ့
အမေရယ်
မျှော်လင့်နေတဲ့ အမေ့အသံတွေ
ကြားချင်းလွန်းလှလို့
ဘာတွေပဲဖြစ်နေနေ
ရုန်းထွက်ခဲ့ပါတော့ အမေ
အမေ ရုန်းထွက်ခဲ့ပါ ။ ။
(၆၅)ပြည့် မွေးနေ့ကဗျာ
အသက်ရာကျော်ရှည်ပါစေ.....>>>>>>

1 comments:

  1. အခုမှ အားလို့ အခုမှ ဘလော့ဂ်လည်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော် ရှည်ပါစေလို့ အတူတူ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete

never ... never ... never ...never ... never Give Up !