Home » » သတိရှိကြရန်

သတိရှိကြရန်

အတိုက်အခံ ဘလော့ဂါတွေနဲ့ web page တွေကို တိုက်ခိုက်ဖို့ အတွက် လူယုတ်မာတွေဟာ အပြင်း အထန်ပြင်ဆင်လေ့ကျင့်ထားကြတယ်လို့ သိရပါတယ်။ သတိရှိရှိနဲ့ လုပ်စရာရှိတာတွေကို လုပ်နိုင်ဖို့ရန် ကာကွယ်နည်းလေးတွေ၊ တုန့်ပြန်တိုက်ခိုက်နည်းလေးတွေရှိရင်လည်း တစ်ဦးနဲ့ တစ်ဦးမျှဝေကြပါခင်ဗျာ။ အကိုတစ်ယောက်ကမျှဝေထားတာကို သတိမပြုမိလိုက်တဲ့ ကျွန်တော် ဘော်ဒါတစ်ဦးရဲ့မေး အကောင့် ကတော့ password ပျောက်သွားပါပြီ ။
blogger တွေအနေနဲ့ လုပ်ထားသင့်တာတွေကတော့ အလွယ်ဆုံးဆိုရင်တော့ မေးလ် အကောင့်များများ ဖွင့်ထားပြီadmin ထဲမှာထည့်ထားခြင်းအားဖြင့် တစ်ခုခိုးခံရရင်နောက်တစ်ခု အလွယ်တကူဝင်လို့ ရအောင် လုပ် ထားသင့်ပါတယ်။ password ပျောက်သွားတဲ့ မေးလ်ကိုလည်း admin ထဲကတစ်ခါတည်း ဖျက်ထား သင့်ပါတယ်။
နောက်တစ်ခုအနေနဲ့
ကျွန်တော် တို့ ဘလော့ ကိုစဖွင့်ခဲ့တုန်းက မေးလ်နေရာမှာ ဘယ်သူမှ မသိနိုင်တဲ့ မသုံးတဲ့ အကောင့်တစ်ခုကို ဖွင့်ပြီးတော့ ချိန်းထားသင့်ပါတယ် ။ ကျွန်တော် တို့ ဘလော့ တွေက အော်တိုမေးလ် ပို့တဲ့ အခါ source က ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အကောင့် မဟုတ်တော့ဘဲ အသစ်ထည့်ထား တဲ့ မေးကိုသာ မြင်ရပါလိမ့်  မယ် ။ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် သူတို့ထက် သာတဲ့ နည်းပညာတွေ လူတွေလက်ထဲမှာပဲ ရှိပါတယ်။
အားလုံး နည်းလမ်းကောင်းလေး တွေရှိရင် မျှဝေကြပါ ခင်ဗျာ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !