ဒီ Post လေးကို တင်ဖြစ်တာကတော့ ဦးလေး ကြီးတစ်ယောက်က သူ့အိမ်မှာ ဒီစာရွက်ကို Printထုတ်ပြီး ကပ်ထားချင်လို့ ပါဆိုလို့ စာရိုက်ပေးရင်းနဲ့ မျှဝေမယ်ဆို တဲ့ စိတ်ကူးလေး ရတာနဲ့ တင်ဖြစ်လိုက်ပါတယ် ။ အကျိုးမယုတ်ပါဘူး ။ ယူတတ်ရင် ရန်သူပဲဖြစ်ဖြစ်မိတ်ဆွေ ပဲဖြစ်ဖြစ်ယူသွားကြပါ။ ဘ၀မှာ ဖြစ်ချင်တာက အောင်မြင်သူ ဆိုတာပါ ။ ကိုယ်တိုင်လည်း အောင်မြင်မှု့ နောက်ကိုလိုက်ရင်း လမ်းလွဲလမ်းမှာ တွေနဲ့ ရှုံးနိမ့် သူ တစ်ယောက်ရဲ့ အပြုအမူတွေ ပြုမူခဲ့ မိပါတယ် ။ သိရင်တော့ဆင်ခြင် နိုင်မှာပါ ။ မသိခဲ့ တဲ့ အတွက် မစဉ်ခြင်နိုင်ခဲ့ ဘူးလေ။ ဒီအချိန်မှာ တော့ ဖြစ်သမျှအကြေင်းမကောင်း ကောင်းအောင်လုပ် ဆိုတဲ့ ဆရာ တော်ဦးသုမင်္ဂလ စကားတစ်ခွန်းကို လက်ကိုင်ထားလို့ဘယ်သူဘယ်ဝါကိုမှ အပြစ် မဖို့ပဲ ကိုယ်လုပ်နိုင်တာကို သာလုပ်ပါတော့မယ်။ ဒါပေမယ့် ယုံကြည်ချက်တစ်ခု အတွက် စည်းလုံးညီညွတ်ကြရမယ် ဆိုတဲ့ အသိစိတ်ကလဲ ထာဝရ ကိန်းအောင်းနေပါတယ်။ဘယ်ပုံဘယ်နည်း သွေးစည်း ညီညွတ်နိုင်ကြမလဲ စဉ်းစားရင်း အကြံထုတ်ရင်းနဲ့ အနာဂတ်အတွက်တွေးမကြောက် ပါနဲ့ လို့ ပြောပါရစေ။ ဘာတွေကို တွေးမကြောက်ရမှာလဲ လို့ပြောချင်သေးတာ။
မိသားစုအရေး တွေးနေရုံနဲ့ ပြီးပါ့မလား မကြောက်ပါနဲ့ ။ ကိုယ်မရှိတော့ ရင်လည်း သူ့ အလုပ်သူလုပ်သူတို့ကိုယ်တိုင် ဆက်ပြီး လျှောက်လှမ်းကြမှာပါပဲ ။ အဲ့ ဒီမိသားစု အရေး ဆိုတာက အခုအနေအထားမှာတော့ တော်တော်ကို အဓိက အခန်းကဏ္ဍဖြစ်နေတယ် ။ ဒီလိုသာ ပူပန်နေရိုးဆိုရင် အသက်စွန့်သွားကြပြီး ကွယ်လွန်သွားကြပြီး ဖြစ်တဲ့ အိမ်ထောင်ရှင်မတွေ နဲ့ မိသားစုတွေ ဘယ်လိုလုပ်ကြမလဲ။အမေမရှိတော့ အမေတန်ဖိုးကိုသိလာရတယ် ။ ဒါကကိုယ်တွေ့ပေါ့ ။ အမေရှိစဉ်က အမေမကြိုက်ပါဘူးဆိုတဲ့ ဟာတွေကို ကိုယ်ရှောင်နိုင်ခဲ့ ကြလို့လား။ တွေးပူနေတာ အလားပဲဆိုတဲ့ အချက်က ခိုင်မာပါတယ်။ဘာတွေလုပ်နိုင်မလဲ ဘယ်လိုလုပ်ကြမလဲ သာ အဓိကပါ။ စိုးရိမ်တာတွေ အကြောင်းကို ရှေ့ ကရေးထားတဲ့ ပိုစ်တွေမှာ တော်တော်များများ ပါခဲ့ ပြီးပါပြီ။ ဘာအတွက် မင်းကစိုးရိမ်နေလဲလို့မေးမယ်။ မင်းကိုဘယ်သူက ဘာတွေ ဒုက္ခပေးနေလို့လဲဆိုတာမေးလာခဲ့ ရင်တော့ ။ မမြင်ကွယ်ရာက မသိမသာပေးနေတဲ့ တစ်မျိုးသားလုံး ခံစားနေကြရတဲ့ ဒုက္ခတွေ အတွက် ရေးခဲ့ ပြောခဲ့ တာပါ။ အဲ့ ဒီအတွက်ကလည်း တကယ်ဆိုရင် ဆိုးရိမ်နေရုံ နဲ့ ပြီးနိုင်ရိုးလား ဆိုတော့ မဟုတ်တာ အသေအချာပဲပေါ့။
မြန်မာနိုင်ငံက အမိန့် နဲ့ အာဏာ အကြောင်း နဲနဲ ထည့် ပြောချင်တယ်ဗျာ။
တွေးမိတာကဒီလိုပါ။လမ်းတွေ ပြင်ရမယ် တံတားတွေ ဆောက်ရမယ် ဆိုရင် ရွာတွေ မှာ တစ်အိမ်ထောင်ကို ဘယ်လောက်တာဝန်ယူရမယ် ဆိုတဲ့ အမိန့် နဲ့ လာကြတယ် ။ နေပူတာတွေ မိုးရွာတာတွေ မသိဘူးနော် ။ သတ်မှတ်ရက် အတွင်းမှာ မပြီးရင် ဒဏ်ငွေတွေ ထောင်ဒဏ်တွေလာအုံးမယ် ။ ရွာလူကြီး အဆင့်ဆင့်က အစ အာဏာသံ နဲ့ဖြစ်လာကြတာကိုလည်း သတိပြုမိသေးတယ် ။ လူတွေရဲ့ အထုပ္ပတ္တိကို ပြန်ကြည့်လိုက်တော့ နည်းနည်းလေးမှ သဒီ ချင်စရာမရှိဘူး ။ ဖဲသမား အရက်သမား မိန်းမပွေလိမ်ရှုပ် အရွယ်လေးရလာတော့
ဟိုကပ်ဒီကပ် ရွာလူကြီးလေးလဲ ဖြစ်လာရော မင်းရူးရူးနေတဲ့ အကောင်ကြီးလိုဖြစ်လာတော့တာပဲ။
ဒါပေမယ့် ဗျာ အဲ့ ဒီလို ပင်ပန်း ဆင်းရဲခံပြီးလုပ်ရမယ့် အလုပ်တွေအတွက်သာ အာဏာသံနဲ့ အတင်းအကျပ်
ခိုင်းတာပါ ။ ရွာက ကလေးတွေ အများစုဟာ လေးတန်းအောင် ရှစ်တန်းအောင်နဲ့ ကျောင်းပြီးကြရတယ်။အဲ့ ဒီအတွက်ကြတော့ ဆယ်တန်း အထိ ကျောင်းမထွက်ရဆိုတဲ့ အမိန့် မရှိဘူးနော် ။ ကျောင်းက နေမြန်မြန် ထွက်ကြ ဆိုတဲ့ အမိန့် တော့ ထုတ်ချင်တဲ့ သဘောရှိတယ်။ မိဘတွေ ခမျာ မှာလည်း သား သမီးတစ်ယောက် ကျောင်းစရိတ်နဲ့ ကိုယ့် ၀င်ငွေနဲ့ ပြန်ချိန်လို့ မရတဲ့ အဆုံး အလုပ်သာလုပ်ပါကွာ ဖြစ်ကုန်ကြရတော့တာပဲ လေ ။ အဲ့ ဒီအတွက် ကလေးတွေ ပညာရေးမှာ နိုင်ငံတော် က ဘာတွေထူးထူးခြားကူညီထားတာများ ရှိလို့လဲ။ဒါ က လူငယ်တွေ အတွက်ပြောတဲ့ စကားပါ ။မြို့ နေလူတန်းစားနဲ့ တောကအခြေအနေနဲ့ တော့ အများကြီးကွာခြားပါတယ် ။
မနေ့ကပဲ CBox လေးထဲမှာ လာဆဲသွားလို့ ပြန်ပြင်ထားရတယ် ။ လာကြပါ ဆဲရင်လည်း ဆဲကြပါ။အပြစ် မယူပါဘူး ။ ခွင့်လွှတ်ပြီး ဖြစ်ပါသည် ။ ဘာလို့ လည်းဆိုတော့ ဖားယားပြီး စားနေတဲ့ သူတွေကလည်းသူတို့ကို ထိလာတော့ ဘယ်ခံစားနိုင်ပါ့ မလဲ ။ ခွင့်လွှတ်ပါ၏ ။ ကျွန်တော် ယုံကြည်ချက်နဲ့ ရေးတဲ့ ကျွန်တော်စာတွေ အတွက်လည်း ခွင့်လွှတ်ပါ ရန်တောင်းပန်ပါ၏။
စာစုလေးကို တော့ PDF ချုပ်ပြီး လက်ဆောင်ထည့်ပေးလိုက်ပါတယ်။
အောင် ဆရာချစ်စံဝင်း ၏ မိုးထိအောင်လှေကားထောင် စာအုပ်မှ ထုတ်ယူထားခြင်းဖြစ်ပါသည် ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !