ပြည်သူ့လွတ်လပ်မှု့တွေ ချုတ်ချယ်မှု့ကြောင့် ကန့်ကွက်ပွဲတွေ ပြုလုပ်ရခြင်း အစိုးရနဲ့အရေးဆိုရခြင်းများ ဖြစ်ပေါ်နေပြီ။ တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာဟာပရိယာယ် အကြီး၊ ပရိယာယ် အသေးဆိုတာတွေနဲ့ သူ့နေရာနဲ့သူတိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ်၊ ရှေ့တိုးသင့်တိုးပြီး အခြေအနေကိုကြည့်ကာ ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့တိုင်းသူပြည်သားတွေကို ယုံကြည်ပါတယ်။ အခုပြောရင် အခုလုပ်ကြမယ်ဆိုတာသိပေမယ့် လွတ်လပ်ရေးတိုက်ပွဲအထိ မရောက်စေဘဲ၊ တိုက်ပွဲက လေးများနဲ့ပင် လိုရာရောက်အောင် တိုင်းပြည်အခြေအနေကိုကြည့်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား ရေနံမြေသပိတ်မှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါရောပြီး သပိတ်မှောက်ကြတယ်။ အမှန်မှာနယ်ချဲ့စနစ်ထဲက သူလျှိုတွေက သပိတ် မှောက်တွေများပြီး ထမင်းမကျွေးနိုင်ဘဲ ကစဉ့်ကလျှားဖြစ်အောင် လုပ်တဲ့စနစ်ဘဲ။ ကျုပ်က ဆူကြပါဆိုရင် ဆူကြမှာဘဲ ဆိုတာယုံကြည်ပါတယ်။ ဆူတာကလွယ်ပါတယ်။ သို့ပေမယ့် ဆူတိုင်းလည်း အရာမရောက်နိုင်ဘူး၊ စည်းကမ်းသေသေ၀ပ်ဝပ် နှင့် အလုပ်လုပ်သွားဖို့က ပိုပြီး အရေးကြီးတယ်
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပြည်သူ့လွတ်လပ်မှု့ချုပ်ချယ်ခြင်းကန့်ကွက်ပွဲ မိန့်ခွန်း မှ တစ်စိတ်တစ်ဒေသကို
ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည် ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !