Home » » တော်လှန်ရေး

တော်လှန်ရေး

တော်လှန်ရေး ဆိုတဲ့အဓိပ္ပာယ်ကို ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တယ်။ ။တော်လှန်ရေးဆိုတာက နေ့စဉ်လူမှု့ဘ၀ အတွက် အဆင်မပြေမှုတွေ မကျေနပ်ချက်တွေကို ထုတ်ဖော်တာလဲ တော်လှန်ရေးပဲ ။ အရင်တုန်းက ကမ္ဘာစစ်တွေဖြစ် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကျူးကျော်ကြတယ် ။ မခံမရပ်နိုင်တဲ့ အခါ တော်လှန်ကြတယ် ။ ဒီကနေစတင်ခဲ့တဲ့ တော်လှန် ရေး လုပ်ငန်းပါ ။ အခုနောက်ပိုင်းမှာ နိုင်ငံအများစုမှာ တော်လှန်ရေး ဆိုတာမရှိတော့ပါဘူး ။ ပြည်သူအများစုက ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို ၎င်းတို့ရဲ့ အဆင်မပြေမှု့တွေပြောတယ်။ အဆင်ပြေအောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းတယ် ။ ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို အမှားအမှန်ဝေဖန်တယ် ။ အဲ့ဒီနောက် မှာတော့ ဆန္ဒပြတဲ့ လုပ်ငန်းဖြစ်လာတယ် ။
ဆန္ဒပြရတဲ့ အကြောင်းအရင်းတွေက တိုင်းပြည်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ။ တိုင်းသူပြည် သား အများစုရဲ့လူမှု့ဘ၀တွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်လို့ပါ ။ ဘာလို့ဖြေရှင်းမပေးနိုင်တာလဲ ဆိုတော့ ခေါင်းဆောင်လုပ်တဲ့သူတွေက အသုံးမကျလို့ပါ ။ တပ်မတော်ဆို ဖြစ်လာဖို့ စတင်ပျိုး ထောင်ခဲ့ကြတဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်နဲ့ နှိုင်းယှဉ်ကြည့် ရအောင် “ ကျွန်တော်တို့ တပ်မတော်သား အားလုံးသည်၊ မြန်မာနိုင်ငံလွတ်လမ်ရေး အတွက် စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သူ အ ပေါင်း တို့သည်၎င်း ၊ ဤမျှ အပင်ပန်းခံ အဆင်းရဲအနစ်နာ အသေအကြေခံကာ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်မှာ လက်တဆုပ်မျှ ရှိသော လူတစု၏ ကောင်းစားမှု့ကိုသာ၎င်း၊ ကျွနုပ်တို့၏ ကိုယ်ရေးကိုယ်တာ တိုးတက်မှု့ကို သာ၎င်း ရည်ရွယ်မှန်းဆလျှက် လုပ်ကိုင်ခဲ့ကြသည်မဟုတ်ဘဲ မြန်မာနိုင်ငံ လူထုအပေါင်း လွပ်လပ်ရေးအတွက် ရည်စူးလျှက်လုပ်ကိုင်ခဲ့ကြသည့် အကြောင်းကို ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အထူးလေးနက်စွာ ဖော်ပြလိုက်ပေကြောင်း ။ ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း က ဗမာ့တပ်မတော် တိုင်းမှူးများ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ 
ပြောခဲ့တာတွေကတော့ ပြောခဲ့တာပဲ ။ ဖြစ်နေတာတွေနဲ့က ဆီနဲ့ရေ ၊ ရွှေနဲ့ကြေး တလွဲတွေပဲဖြစ်နေတယ်။ အရင်တုန်းက စစ်သားထဲကို ၀င်ကြတာ တော်လှန်ရေးအတွက်ပါ ။ အခုစစ်ထဲဝင်တာက ခေါင်းပုံဖြတ်အမြတ် ထုတ်ဖို့ပါ ။ ရှင်းတယ်နော် ။ တော်လှန်ရေးခေတ် ဆိုတာ ကမ္ဘာမှာမရှိတော့ပေမယ့် မြန်မာပြည်မှာတော့ ရှိနေ တုံးပါပဲ။ တော်လှန်ရတဲ့ အကြောင်းတွေကလည်း ရှင်းပါတယ် ။ မကျေနပ်ခဲ့တာ လွတ်လပ်ပြီးကတည်းက  တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေး ဆိုတာ မရှိဘူး ။ တိုင်းပြည်ကို ခေါင်းဆောင်လုပ်ပြီး အခွင့်အရေးတွေ ယူနေကြတယ် ။ မတရား တဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်တယ် ။ အဲ့ဒါတွေကြောင့် ဘယ်တော့မှ မငြိမ်း ချမ်းနိုင်တဲ့ မြန်မာပြည်ဆိုတာကြီးဖြစ်နေတာပါ ။ တကယ်တော်တဲ့ ခေါင်းဆောင်များသာ ဆိုလျှင် မြန်မာပြည် ဒီအခြေအနေမှာ ရှိနေမှာ မဟုတ်ပါဘူး ။ ငတ်နေတာက ပြည်သူ ။ ပြည်သူအတွက် အခွင့်အရေး ဆိုတာ မရှိုတဲ့ အတွက် ပြည်သူတွေရဲ့ အခွင့်အရေးတွေ ရဖို့ တော်လှန်ရေး ဆိုတာ လုပ်ကြရအုံးမယ် ။ နိုင်ငံ ရေး ဆိုတာ လူတွေရဲ့ နေ့စဉ်ဘ၀ စားသောက်နေထိုင် စားသောက်မှု့လို့ နားလည်ပြီး မိမိတို့ ကိုယ်တိုင် ဆင်နွဲကြရမယ့် တော်လှန်ရေး ကို ဆက်လုပ်ကြအုံးမယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ် ။ ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !