Home » » ဖေးမကူညီတတ်သော လူငယ်

ဖေးမကူညီတတ်သော လူငယ်


လူငယ်တွေအကြောင်းပဲ စိတ်ဝင်စားတယ် ။ လူငယ်တွေရဲ့ စိတ်ဓာတ်ကောင်းလေးတွေကို ဖော်ထုတ်ပြချင် တယ် ။ လူငယ်ဆိုတာက အနည်းနဲ့ အများတော့ လူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်ရှိတယ်လို့ ပြောလို့ ရတယ်။ လူငယ်တွေမှာ ရှိတဲ့ ကောင်းတဲ့အကျင့်လေးတွေကို တွေ့ရတာ တကယ်လည်း နှစ်သက်ဖို့ကောင်းတယ် ။ အသိတရားရှိတဲ့ လူငယ်လေးတစ် ယောက်လို့ ချီးမွမ်းသံကြားလိုက်ရတော့ ဘယ်လောက်ဂုဏ်ယူ စရာကောင်း သလဲဆိုတာ ကိုယ်တိုင်လက်တွေ့ သိရရင် ပိုပြီးကျေနပ်စရာ ကောင်းတယ် ။ အဆိုးပြောတာနဲ့ အကောင်းပြော တာ မှာ အဆိုးပြောရင် ဘယ်သူမဆို လက်မခံချင်ဘူး ။ လူငယ်တွေ စိတ်မှာက အဲ့ဒီစိတ်က ပိုကြီးတယ်လို့လည်း ထင်မိတယ် ။
လူငယ်တွေရဲ့ ယဉ်ကျေးပျူငှာတဲ့ လက်တွေ့သာဓက ကို ထောက်ပြရရင် တော်တော်လေး နှစ်သက်မိလိမ့် မယ်လို့လည်း ထင်မိတယ် ။ ရန်ကုန်မှာ ဆိုရင် နေ့စဉ်လုပ်ကိုင်သွားလာနေကြတဲ့ လူငယ်လေးတွေ ဘတ်(စ်) ကား ပေါ်မှာ တွေ့ ရလေ့ ရှိတဲ့ အပြုအမူလေးတွေကို ပြောပြချင်တာပါ ။ ရန်ကုန်မှာ ဘတ်(စ်)ကားစီးရတဲ့ ဒုက္ခက လွယ်လွယ်လေးတော့ မမှတ်ကြနဲ့နော် ။ နေ့စဉ်အကျင့်တစ်ခုလိုဖြစ်နေလို့သာ ဒါကို တကုတက စာ ဖွဲ့ပြီးမပြောကြတာပါ ။ မနက်အလုပ်သွားချိန်နဲ့ ညနေ အလုပ်ပြန်ချိန်မှာ ဘတ်(စ်)ကားစီး ရတဲ့ ဒုက္ခဟာ တော်တော်လေးကို မလွယ်တာပါ ။ သက်ကြီး ရွယ်အိုတွေ အမျိုးသမီးတွေ အတွက် ဆို ပိုတောင်ဆိုးသေးတာ ပေါ့ ။ ကားအစီးရေက နည်းနည်း လုပ်သားဦးရေက များများနဲ့ အဲ့ဒီဒုက္ခကို ဘယ်သူမှ ဖြေရှင်းမပေးနိုင်ကြ ဘူးလေ ။ ခရီးသွား ပြည်သူ သက်သောင့်သက်သာ ဖြစ်ဖို့ ကို မလုပ်ပေးနိုင်ကြသေးပါဘူး ။ 
ကားပေါ်မှာ တွေ့ရတဲ့ လူငယ်လေးတွေရဲ့ယဉ်ကျေးပျူငှာတဲ့ အပြူအမူကို စပြောမယ်ဆိုရင် ကားပေါ်တက် လိုက်တာနဲ့ တော်တော်များများက ခုံအလွတ်ကို ကြည့်ပြီး ၀င်ထိုင်ကြတာပါပဲ ။ တက်လိုက်ဆင်းလိုက် နဲ့ ကားပြည့်ပြီး ထိုင်ခုံလူပြည့်  မတ်တပ်ရပ်တွေလည်း အများကြီး ဖြစ်လာတဲ့ အချိန်မှာ အသက်ကြီး ရွယ်အို သော်လည်း ကောင်း အမျိုးသမီး ကလေးတွဲလောင်းနဲ့သော်လည်းကောင်း ကားပေါ်တက်လာ ပြီဆိုရင်  အလိုက်တသိနဲ့ နေရာပေးတတ်တာတော့ လူငယ်လေးတွေပါပဲ ။ သံဃာတော်ခုံပေါ်မှာ တက်ထိုင်နေမိတဲ့ အခါ သံဃာတော်တွေ ကားပေါ်တက်လာပြီ ဆိုတာနဲ့ ဘယ်သူမှ ပြောစရာမလိုအောင် နေရာပေးတတ်တာ လည်း လူငယ်လေးတွေပဲဗျ ။ လူကြီးပိုင်း တချို့ဆိုရင် သံဃာတော်တွေ သက်ကြီးရွယ်အိုတွေ အနား မှာ ရပ် နေတာတောင်မှ မသိကျိုးကျွန်ပြု မျက်နှာလွှဲပြီး ထိုင်နေတတ်ကြတဲ့ သူတွေလည်း ရှိပါတယ် ။ လူငယ်တွေ တော်တော်များများဟာ အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ရှိတယ်ဆိုတာ ပေါ်လွင်တယ်။ ဒါယောက်ျားလေးမှ မဟုတ်ပါဘူး မိန်းခလေးတွေလဲ ဒီလိုပါပဲ ။ ဘတ်(စ်)ကားစီးတာမှာ မတ်တပ်ရပ်တာတောင် သက်သောင့် သက်သာ ရပ်လို့ရတဲ့ နေရာနဲ့ ဟိုမမှီဒီမမှီ ဘယ်နေရာကိုင်လို့ ကိုင်ရမှန်း မသိတဲ့ နေရာဆိုတာရှိသေး တယ် ။ အဲ့ဒီလို ထိုင်ခံပြည့်လူပြည့်နေတဲ့ အချိန်မှာတောင် လူငယ်လေးတွေဟာ ကိုယ်ရပ်နေတဲ့ နေရာက သက်တောင့်သက်သာ ရှိတယ်ဆိုရင် ကိုးယိုးကားယားဖြစ်နေတဲ့ အသက်ကြီး ရွယ်အိုသော်လည်းကောင်း၊ ကလေးအမေသော်လည်း ကောင်း အနားရောက်လာပြီဆိုရင် နေရာချင်းချိန်းပေးတတ်ကြသေးတယ် ။ သတိ ထားမိတဲ့သူ တစ်ယောက်အနေနဲ့ ဒီလူငယ်လေးတွေရဲ့ အပြုအမူကို ကြည့်ပြီး ဘယ်လောက်ကြည်နူးစရာ နှစ်သက် စရာကောင်းတယ်ဆိုတာ သိပါတယ်။
လူငယ်လေးတွေရဲ့ စိတ်မှာ ကောင်းမွန်တဲ့ အတွေးတွေရှိနေလို့သာ ဒီလိုမျိုး အပြုအမူတွေ ဖြစ်လာရတာလို့ လဲ တွေးမိတယ် ။ တစ်ခါတစ်ရံ သတိထားမိတယ် ။ မိဘတွေဟာ ဆူတဲ့အခါမှာ စောက်သုံးမကျတဲ့ ကောင် တို့ ကောင်မတို့ နဲ့ ဆူပူကြိမ်းမောင်းတဲ့ အသံတွေကို အမှတ်ရမိတယ်ဗျ ။ တစ်ခါတစ်ရံမှားတဲ့ အမှားကို ခွင့်မလွှတ်နိုင်ပဲ အစမတန် ဆူပူကြိမ်မောင်းကြတယ် ။ အဲ့ဒါမျိုးတွေနဲ့ များများကြုံရတဲ့ လူငယ်တွေမှာ ပျက် စီးတာတွေ ဖြစ်လာနိုင်တယ် ။ ကိုယ့်ကိုယ်ကို ဘာမှ သုံးမရဘူး ဆိုပြီး စိတ်ဓာတ်တွေ ပျက်ပြားသွားတဲ့ သာ ဓကတွေလည်း ရှိပါတယ် ။ အမှားတစ်ခု ပြုမိတဲ့ လူငယ်တစ်ယောက်ကို နောက်တစ်ခါမမှားအောင် အကောင်းဆုံး သွန်သင်ပြနိုင်စွမ်း မရှိတဲ့ လူကြီးမိဘတွေ ကိုယ့်အမှားကို ကိုမတွေပဲ နင်မဲငစ ပြောတတ်ကြ တဲ့ အကျင့်ကို ဖျောက်သင့်တယ် ။
လူငယ်ဆိုတာ အနာဂတ်အတွက်ပါ ။ လူငယ်လေးတွေကို အကောင်းဆုံးပြု စုပေးထောင်ပေးရမှာ ကမိဘတာ ၀န်ပါ ။ လူငယ်လေးတွေရဲ့ ယဉ်ကျေးတဲ့ အပြုအမူသော်လည်း ကောင်း ဆိုးသွမ်းတဲ့ အပြုအမူသော်လည်း ကောင်း ဖြစ်လာ သမျှဟာ မိမိကို အုပ်ထိန်းနေသူ မိဘတွေ ရဲ့ သွန်သင်ဆုံးမ နိုင်စွမ်းအပေါ်မှာ အဓိက မူတည်ပါတယ် ။ အဲ့ဒါကြောင့် လူငယ်လေးတွေ ကို ဆုံးမသွန်သင်တဲ့ အခါမှာ “ ငါပြောသလို လုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ” အဆင့်မရှိတဲ့ စကားလုံးတွေ သုံးပြီး မဆုံးမကြပါနဲ့ ။ ငါဟာရှေ့ဆောင်လို့ ယူ ဆရင် ၊ ငါ့သား/သမီးကို အကောင်းဆုံးဖြစ်စေချင်ရင် ကိုယ်တိုင်ကလည်း ရှေ့က ကိုယ်အမူအရာ နှုတ်အမူအ ရာတွေ ပြုပြင်ကြပါ ။
လူငယ်တွေရဲ့ တန်ဖိုးကို ဘာနဲ့မှတိုင်းတာလို့ မရဘူးလို့ဆိုရင် လွန်ပါတယ် လို့ ပြောချင်ကြလိမ့်မယ် ။ ခေတ် နဲ့ အညီ အမှီလိုက်နိုင်မှာက လူငယ်တွေပါ ။ လူငယ်တွေကလည်း ကိုယ်ပိုင်အသိဥာဏ်နဲ့ အကောင်း အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြား ပြီး ဘ၀ရဲ့ အဆင့်မြင့်တန်းတွေကို တက်လှမ်းကြပါလို့ သူငယ်ချင်းကောင်း စိတ်ဓာတ်နဲ့ ရေးသားလိုက်ရပါတယ် ။

1 comments:

  1. လိုက်နာသင့်တဲ့ ပိုစ်တစ်ခုပဲညီရေ
    လူငယ်တွေဟာ အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေပါ
    သူတို့တွေဒီအချိန်လေးမှ စိတ်ဓါတ်တွေကိုမြှင့်တင်ထားမှ ဘ၀ရဲ့ အဆင့်မြင့်တန်းတွေကို လျောက်လှမ်းနိုင်မယ်လို့ အကိုတော့မှတ်ချက်ပြုခဲ့တယ်ညီရေ

    ညအလင်္ကာ

    ReplyDelete

never ... never ... never ...never ... never Give Up !