Home » » ရှာဖွေစစ်ဆေးမှု့များပြုလုပ်

ရှာဖွေစစ်ဆေးမှု့များပြုလုပ်

ယနေ့ 29/7/210 မနက်ပိုင်း 9 : 15 ရန်ကုန်- နေပြည်တော် ရထားပေါ်တွင် အာဏာပိုင်များက ရှာဖွေစစ်ဆေး မှု့များ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာ သတင်းရပ်ကွက်မှ ထွက်ပေါ်လာသည် ။ စစ်တပ်၊စီအိုင်ဒီ ၊ မူးရစ် အပါအ၀င် အခြား အစိုးရ အဖွဲ့ များလည်း ပါဝင်၍ ပေါင်း ရှစ်ဖွဲ့ခန့် သည် ရထားပေါ်တွင် ခရီးသွားပြည်သူများ အား ရှာဖွေ စစ်ဆေးမှု့များ ပြုလုပ်ခဲ့ပါသည် ။ အဓိက ဖောက်ခွဲရေးပစ္စည်း ရှာဖွေခြင်း ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့ အသီးသီး က မိမိတို့ နှင့် ဆိုင်သော မူးယစ်ဆေးဝါး မှောင်ခိုပစ္စည်းများ ကို ရှာဖွေခဲ့ကြောင်း သိရပါသည်။ စစ်ဆေးရေးအဖွဲ့များသည် ရန်ကုန်ဘူတာကြီးမှ လိုက်ပါသွားခဲ့ပြီး ပဲခူး ဘူတာအထိ စစ်ဆေးမှု့များ ပြုလုပ်ခဲ့ပြီး ပဲခူးမှ ရန်ကုန်သို့ နေပြည်တော် ရထား တစ်စင်းနှင့် ပြန်လိုက်ပါလာ ပြီး စစ်ဆေးမှု့များပြုလုပ်ခဲ့ပါသည် ။ ရှာဖွေ့ တွေ့ရှိမှု့တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း ပြန်လည်ပြောပြချက် အရ သိရပါသည် ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !