Home » » ကြံ့ဖွတ်ပါတီ ငွေပေး၍ စည်းရုံးနေ

ကြံ့ဖွတ်ပါတီ ငွေပေး၍ စည်းရုံးနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDP) (ကြံ့ဖွတ်) ပါတီအနေဖြင့် ယခုနှစ်တွင် ကျင်းပမည့် 2010 ရွေးကောက်ပွဲအတွက်  မဲဆွယ်စည်းရုံးရေးအပိုင်းကို အဓိကလုပ်ဆောင်နေကြောင်း ဇူလိုင် ၁၉ ရက် အာဇာနည် နေ့ အခမ်းအနားသို့ တက်ရောက်လာသော ကြံ့ဖွတ်ပါတီ အကြီးအကဲ တစ်ဦးမှ ပြောသည် ။ ရွေးကောက် ပွဲဝင် ရောက်ရန်အတွက် အဓိက လုပ်ဆောင်ချက်ဖြစ်သော ပါတီစည်းရုံးရေး အပိုင်းကို အဓိက လုပ်ဆောင်နေခြင်း ဖြစ်ပြီး ကြံ့ဖွတ်ပါတီ နှင့် ပတ်သတ်သော အစည်းအဝေးများကိုလည်း နေပြည်တော်တွင် မကြာခဏပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည် ။
ကြံ့ဖွတ်ပါတီ အနေဖြင့် တစ်နိုင်ငံလုံးတွင် ပါတီရုံးများ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီး နေပြည်တော်မှ ညွှန်ကြား ချက်ရရှိသည်နှင့် တစ်ပြိုင်နက် ပါတီရုံးများ တရားဝင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည် ။
လယ် ၁၀ ဧက ရှိတဲ့လူကို ငွေ တစ်သိန်းချေးပေးနေတယ် ၊ ငွေချေးပေးတဲ့ လုပ်ငန်းကတော့ အကန့်အသတ်မ ရှိပါဘူး ဟု ကြံ့ဖွတ်ပါတီမှ တွဲဖက် အတွင်းရေးမှုး တစ်ဦးက လက်ရှိလုပ်ဆောင်နေချက်များ ကိုပြောသည် ။  ကြံ့ဖွတ်ပါတီ အနေဖြင့် ၂၀၁၀  ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော် မရှင်သို့ ကြံ့ဖွတ်ပါတီကို တည်ထောင်ခွင့်လျှေက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ကျထား သည် ။ ပါတီဦးရေကိုလည်း နည်းမျိုးစုံဖြင့် စုဆောင်းထားရှိပြီး ဖြစ်၍ တစ်ပြည်လုံးတွင် ပါတီဝင် ဦးရေ အများဆုံး ပါတီ ကြီး ဖြစ်လာမည် ဖြစ်ကြောင်း အရှက်မရှိ ပြောကြား ချက်များ ကို သတင်း စာတွင် ဖတ်ရှိရပါ သည် ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !