Home » » အောက်တန်းစားတွေလက်အောက်က လူ့အောက်တန်းစား

အောက်တန်းစားတွေလက်အောက်က လူ့အောက်တန်းစား

အခုတစ်လော ဘာမဟုတ်ညာမဟုတ် ခွေးဟောင်သံတွေ ဆူညံနေ၏ ။ ခွေးလိုက်မောင်းနေရသော ကြောင့်လုပ်စရာရှိတာတွေမလုပ်ရ ။ ခွေးပြဿနာကိုသာ လိုက်ရှင်းနေရ၏ ။ ခွေးအကြောင်းနှင့် ပတ်သတ် လို့ရှေးရှေးပိုစ်တွေ မှာ ပတ်ပတ်စပ်စပ် ရေးခဲ့ဘူးပါ၏ ။ ခွေးနဲ့နှိုင်းလို့ မကောင်းပါဘူးဆိုပြီး ခေတ္တ ရပ်ဆိုင်းထားခဲ့တာ။ လူတဲ့ ။ လူဆိုတာ ကိုယ့်တန်ဖိုးကိုယ်ဖြတ်ကြတာပါ ။ လူတစ်ယောက် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကိုတော့ လူအများက ဆုံးဖြတ်ပေးပါတယ် ။ သူ့ရဲ့လုပ်ရပ်တွေကို ကြည့်ပြီးတော့ လူတွေကနေ သတ်မှတ်ကြတာ ။ ဒါကြောင့်မို့လဲ ကမ္ဘာပေါ်မှာ လူ့တွေထဲကမှ လူတော်လူကောင်း ဆိုတာတွေကို ရွေးချယ်ပြီးဂုဏ်ပြုနေကြတာပေါ့ ။ လူတော်လူကောင်းတွေကို ကောင်းကောင်းဂုဏ်ပြု အမွှမ်းတင်ကြသလို အဆင့်မရှိတဲ့ လူယုတ်မာတွေ အတွက်လဲ သူတို့နဲ့ ထိုက်တန်တဲ့ ဂုဏ်တွေ ချီးမြင့် ပေးရပါတယ်။ ဒီအတိုင်းထားလို့တော့ဘယ်ရမလဲ ။ တရားမျှတမှု့မရှိဘူး ဖြစ်သွားမှာပေါ့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူဆိုးလူကောင်းကို ကောင်းကောင်းကြီးခွဲခြားပြလို့ ရတဲ့ သက်သေ သာဓက တွေရှိတယ် ဆိုတာ စာဖတ်သူသိပြီးသားဖြစ်မှာပါ ။ ဗိုလ်ချုပ် ကနေစမယ် ။ ဗိုလ်ချုပ်ဆိုတာကဗိုလ်ချုပ် အောင်ဆန်းကိုပြောတာနော် ။ ဗိုလ်ချုပ်ဆိုတဲ့ နံမယ်နဲ့ လိုက်ဆဲနေတဲ့ ကောင်တွေကမာန်တက်နေအုံးမယ်။
ဗိုလ် ချုပ် အောင်ဆန်း
ကျောင်းသားဘ၀ကနေစပြီး လွတ်လပ်ရေးရသည် အထိ ဘယ်သူ့ကိုမှ ဂရုမစိုက် ဘာတစ်ပြားတစ်ချပ်မှ နိုင်ငံတော်ဘဏ္ဍထဲက အလွဲသုံးစား လုပ်တာမရှိပဲနဲ့ နောက်ဆုံးလောဘသားတို့ လုပ်ကြံသတ်ဖြတ်လိုက်လို့ အာဇာနည်နေ့လို့ အမည်တွင်ကျန်ခဲ့တယ်မှတ်လား ။ ဒါကို ဘယ်သူတွေက သတ်မှတ်ပေးတာလဲ ။ ပြည်သူတွေက လေးစားလို့ဂုဏ်ပြုတာနော် ။ ဘယ်သူမှ မပေးတဲ့ ဂုဏ်ထူးဆောင် တံဆိပ်တွေ အိပ်ကပ်မှာချိတ်ပြီး သောက်ရှက်မရှိလူရှေ့သူရှေ့ ထွက်လာတာနဲ့ လူအများက ပေးတဲ့ ဂုဏ်နဲ့ ဘယ်လိုနှိုင်းပြရမလဲတောင်မသိဘူး ။ နှိုင်းလို့မှ မရတာ ။နောက် နည်းနည်း နီးလာပြီ နေ၀င်းခေတ် က နေ၀င်းအကြောင်းကို ပြောမယ် ။ ကျွန်တော်ဆိုရင်တော့ နေ၀င်းဆိုတာ ဘယ်လောက်ကြီးနေနေဗျာ ဦး လို့ အရှေ့က တပ်ခေါ်ဖို့ တောင် မထွက်ရဲဘူး ။ မတန်ဘူးထင်လို့လေ ။အဲ့ဒါလဲ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကို နိုင်ငံတော်၏ ဖခင်ကြီးလို့ ဂုဏ်ပြုသလို နေ၀င်းဆိုတာကိုလည်း နိုင်ငံတော်
၏ ရှေ့ဆောင်လမ်းပြ သူခိုးကြီး လို့ ဂုဏ်တပ်ပေးချင်တာပါ ။နောက်ပိုင်း တဖြည်းဖြည်း နိမ့်ဆင်းလာလိုက်တာ နောက်ဆုံး အခုလက်ရှိ အခြေအနေကိုရောက်လာရောပေါ့။ဒေါ်အောင်ဆန်းစုကြည် ဆိုတာကို ငြိမ်းချမ်းရေး၏ မိခင်လို့ သတ်မှတ်တယ် ။ သန်းရွှေကို တော့ ဘယ်သူမှ မပေးတဲ့အာဏာကို အမိအရ ဆုပ်ကိုင်ပြီး ဘုရင်ရူးရူးနေတဲ့ ဘုရင်ရူး ကြီးလို့ သတ်မှတ်တယ်ဗျ ။ နောက်ပြီးရှိသေးပါ၏။သတင်းစာ ရှင်းလင်းပွဲမှာ အမြဲပဲ လိမ်ညာတတ်တဲ့ ကျော်ဆန်း (ခ) ဖားကြီး ။ ဒီလိုတွေပဲပေါ့ ကိုယ့်ဂုဏ် ပုဒ်နဲ့ကိုရှိကြပါတယ် ။
အဲ့ဒီ သူတွေမှာက နိုင်ငံတော်ရဲ့ တွင်းထွက်တွေ သယံဇာတတွေ နဲ့ တိုင်းပြည်မှာ ဒိပ်ဒိပ်ကြဲသူဌေးကြီးတွေ ဖြစ်လို့ဆိုတော့ကာ ပိုပြီးတော့ ထောင်လွှား မော်ကြွားလာနိုင်ကြတယ်လေ ။ သတင်းလေးတွေ ဘာလေး တွေလဲ ဖတ်တော့တစ်နေ့က ပဲ သတင်းထဲမှာ ခွေးအရေခွံချွတ်ပြီး လူရည် လည်းချင်နေတဲ့ကောင်တွေ ထောင် ထားတဲ့ ပါတီကို ၀င်ရင်ဖြင့် ငွေအတိုး နည်းနည်းနဲ့ ငွေချေးမယ်ဆိုပြီး လုပ်နေတဲ့ သတင်းလေး ကြားလိုက်သေးသဗျ။ အော် အံ့ပါရဲ့ဗျာဒီလောက်အထိကို အားမရနိုင်သေးပဲကိုး။ သူတို့မှာ က ဘယ်လိုဖြစ် လာလဲ ဆိုတော့ဗျာ ဟိုးရှေးတုန်းက ရှိခဲ့ဘူးတယ်မှတ်လား ။ အင်္ဂလိပ်လက်ထက်မှာပဲဗျာ ။ အလိုတော်ရှိ အနောက်က နောက်လိုက်ခွေးတွေဆိုတာလေ ။အခုလဲ ဒီလိုပေါ့ဗျာ ။ ငွေရှိတဲ့ လူမဟုတ်တဲ့ သတ္တ၀ါတွေ ရဲ့ ပြောသမျှ ဆိုသမျှကို အဟုတ်ထင်ပေးတာကိုစား အခွင့်ကောင်းလေးတွေတောင်းပြီး ကိုယ်တစ်ယောက်ကောင်းစာ နေရင် ကျေနပ်နေတဲ့ အောက်တန်းစားတွေ လက်အောက်က လူ့အောက်တန်းစားတွေ ဆိုတာ ခွေးလိုဟောင်ဖို့ လည်း မကြောက်ဘူး ။ သူတစ်ပါးနံမယ်ကိုအလွဲသုံးစား လုပ်ဖို့လဲ ၀န်မလေးဘူး ။ အမိနဲ့သား မောင်နဲ့ နှမ ညှာတာစိတ်ဆိုတာကို မပြောနဲ့နော် ။ သားပျိုသမီးပျိုတွေဟာ ဒီကောင်တွေရဲ့ စော်ကားခြင်းကိုတောင် ခံနေရတာ ညှာတာထောက်ထားဖို့ ဆိုတာတော့ မပြောနဲ့တော့ပေါ့။ ငွေရှိတယ် ။ငွေနဲ့ အမ်းတယ် ။ ဒါမျိုးတွေ နဲ့ လုပ်နေကြတာ ။ လူ့တန်းဖိုးဆိုတာ ဒါလား ။
စစ်ဗိုလ်ကြီး ဖြစ်ချင်တာ ဒါတွေကြောင့်လား ။ စစ်ဗိုလ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ကတည်း က နိုင်ငံအတွက်ဆိုတာ ဘာတစ်ခုမှမပါဘူး ။ ဘယ်လိုအခွင့်ထူးတွေ ရှိတယ် ဆိုတာပဲပါတယ်။ ဟုတ်တယ် ဟုတ်။
နောက်ပြီးတော့မှ အနှိပ်စက်မခံနိုင်လို့ ထွက်ပြေးရတဲ့ ကောင်နဲ့ ။ ငွေမတတ်နိုင်တော့လို့ ငွေမပေးနိုင်လို့ ရာထူးမတတ်တာနဲ့ ဇာတ်လမ်းတွေ ရှုပ်ကုန်တာပဲမှတ်လား။ ဒီလိုပါပဲ လူဘ၀ ရတုံးလေးမှာ သည်းညည်းလေး ခံပြီးတော့ နေကြပါ။ နောက်ဆုံးပြောချင်တာကတော့ ဗျာ ခွေးဟောင်တိုင်းထကြည့် ရင် အိပ်ရေးပျက်တယ်ဟေ့ ။ ခွေးကို အစာကျွေးနိုင်ရင်ဒို့လည်း ခွေးမွေးကြတာပေါ့။

2 comments:

  1. မြန်မာပြည်က စစ်ခွေးမျိုးတွေတော့ တသက်လုံး မမွေး ပါနဲ့ဗျာ ...

    ReplyDelete
  2. အကိုကလည်း ခွေးတွေကို လိမ်မာအောင် သင်ပေးရ
    မယ်လေ ။ ပေါက်လို့ပဲစားထားရင် ဒီလိုပဲ လိုက်ဟောင် နေမှာပေါ့ ။

    ReplyDelete

never ... never ... never ...never ... never Give Up !