မေး ။ ။ ဆရာခင်ဗျာ ဘ၀ရည်မှန်းချက် တစ်ခုအတွက် မိမိ မိဘ၊ ကိုယ့်မိသားစုအတွင်းမှ ရုန်းထွက်ပြီးမှ(သို့မ ဟုတ်) ခေတ္တခွဲခွာပြီးမှ ဖြစ်ရမည့် ဘ၀ရည်မှန်းချက်မျိုး ထားသင့်ပါသလား။ အကျိုးအပြစ်များကိုဖော်ပြပါ။
ဖြေ ။ ။ ထားရမှာပေါ့။ အခုမခွဲချင်တော့ မောင်ရင်က အမြဲတမ်း နေရမှားလား . . .။ တစ်နေ့ခွဲရမှာပေါ့။ မိသား စု ကခွဲသင့်ရင်ခွဲရမှာပဲ။ ဥပမာ- တက္ကသိုလ်သွားချင်တယ် ဆိုလို့ရှိရင် ကိုယ်က ရွှေဘိုမှာနေတယ်ဆို သွားကို သွား ရမှာပေါ့။ ခွဲကိုခွဲရမှာပေါ့ ။ ကျောင်းနေတာတောင်ခွဲရသေးတာပဲ . . ရည်မှန်းချက်က ကောင်းဖို့ပဲ လို တယ်၊ မူးပေ တေပြီး အိမ်ကထွက်ပြေးတာမှ မဟုတ်တာ၊ “အမှည့်စားချင်ရင် အဖျားတက်ရတယ်” ဆိုတဲ့ ဗမာ စ ကားပုံရှိတယ်၊ ပင်ခြေမှာထိုင်နေရင် သူများလွှင့်ပစ်တဲ့အသီးပဲရမှာပေါ့ . . .။ အမှည့်စားချင်ရင် အပင်ဖျား ကို တက်ရမှာပဲ...။ဒါ ကြိုးစားရမှာပေါ့၊ နိုင်ငံခြားသွားရင်လည်း သွားရမှာပေါ့။ ကျွန်တော် တို့ တိုင်း ပြည် မှာ ကျွန် တော်တို့လူမျိုးတွေက အိမ်ခင်တတ်တယ်၊ သူတို့အနောက်နိုင်ငံမှာ ကိုယ့်တိုင်းကိုယ့်ပြည်ဆိုတာ သိပ် မရှိဘူး၊ မရှိတော့ ရေကြည်ရာ မြက်နုရာ၊ အင်္ဂလန်မှာနေတဲ့လူကလည်း အလုပ်ရတယ်ဆို မြန်မာပြည် လာလုပ်ချင်လုပ်တာပဲ။ ကျွန်တော်တို့ဆီမှာတော့ မိသားစုသံယောဇဉ်က သိပ် ကြီးလွန်းအားကြီးတယ်၊ ယဉ် ကျေး မှုခြင်းလည်းကွာတာပေါ့လေ၊ ဥပမာဆိုပါတော့ ကလေးတစ်ယောက်ဟာ အသက် ၁၈ နှစ်ပြည့်ရင် အိမ် က မကျွေးဘူး၊ မိန်းခလေးဆိုလည်း မိန်းခလေးအလျှောက်ပဲ “ရော့ သော့ယူ၊ ကိုယ့်အခန်းနဲ့ကိုယ်နေ” အဲသ လို ထားတာ၊ သူတို့ဘာသာသူတို့ ယောက်ျားလေး သူငယ်ချင်း ဘယ်လိုခေါ်နေ နေ ထားမလား ရတယ်။ ကျွန်တော်တို့ဆီတော့ မိန်းကလေးတွေကလည်း မိဘအုပ်ထိန်းမှုအောက်မှာ ...။ ရည်း စားထားလို့ မဖြစ် သေးဘူးဘာညာနဲ့။ အဲဒီအသိစိတ်နဲ့ထိန်းနေတာ...။ ဟိုမှာက မိန်းခလေးဟာ အရွယ် ရောက်လို့ ရည်းစားမ ရှိရင် ဆရာဝန်နဲ့ပြတာ စိတ်မမှန်ဘူးလို့ ဖြစ်တယ် ဟုတ်တယ် . . .။ ကျွန်တော်နဲ့ သိပ်ရင်း နှီးတဲ့ နိုင်ငံခြားက မိ သား စု တစ်ခု ရှိတယ် . ..။ ကျွန်တော်ဆီ စာရေးတဲ့အထဲမှာ သူ့သမီးကလေးဟာတဲ့ ၀မ်း သာစရာ ကောင်း တာ တဲ့ . ..။ ဘွိုင်းဖရန့် ( boy friend ) တွေ ဘာတွေရှိနေပြီတဲ့ ။ ဒါဒီလိုရေးတာ။ အဲတော့...... သူ့ဘာသာ လွတ်လပ်စွာထားနိုင်တယ်၊ လွတ်လပ်စွာထားနိုင်တဲ့အပြင် လွတ်လပ်စွာလည်း ရှာဖွေစား သောက် . .. အဲ . . . လွတ် လပ်စွာ . . .. လွတ်လပ်စွာ ... မပြောတော့ပါဘူး .. အဲဒီအသက်အရွယ်ထိကာမှ ကိုယ့်ဝမ်းစာ ကိုယ်ရှာ ဖွေမနေထိုင်နိုင်ရင် အစိုးရထောက်ပံ့ကြေးဂေဟာမှာ သွားနေ . ..။ ခရစ်စမတ်မှာလာပြီး လက် ဆောင် လေး ဘာ လေးပေးမယ်။ ပြီးပြီ၊ ဒါပဲ။ အဲတော့ ကျွန်တော်တို့ မြန်မာပြည်မှာ ဘယ်လိုဖြစ်သလဲဆို တော့ “ဟဲ့ မင်း သား ဘယ်သွားမလို့လဲ”၊ “ဟာမေမေကလည်းဗျာ ဒီအသက်ဒီအရွယ်ကြီးမှာ ဘယ်သွားမယ် ဘယ်လာ မယ် မေး နေ ရသေးလား၊ နေရာတကာလိုက်ချုပ်ချယ်နေတာပဲ၊ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ် နေပါရစေ၊ အခု စ တိတ် ရှိုးသွားမလို့ ပေးစမ်းပါ ငွေ ၁၀၀” အဲသလိုဖြစ်တာ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် နေမယ် လို့ပြောတာ၊ ပေးစမ်းပါငွေတစ်ရာဆိုတာက ပါလာတယ်။ အဲတော့ ..... ကျွန်တော်ပြောပြချင်တာ က မိသား စု ဆို တာ ခွာသင့်ရင်ခွာရမှာပေါ့ .... ဘာအရေးကြီးလဲ၊ ခုခေတ်မှာ ဘာမှအရေးမကြီးဘူး။
ဆရာအောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ဟောပြောချက်များမှ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !