မေး ။ ။ ဘ၀ရည်မှန်းချက်တစ်ခုအတွက် အလွန်သံယောဇဉ်ကြီးသော အိမ်ထောင်ဖက်မိသားစု လိုအပ်ပါသ လား။
ဖြေ ။ ။ အဲဒီဘ၀ရည်မှန်းချက်ထဲမှာ အပျော်ရွှင်သောမိသားစုဆိုတာ မပါဘူးလား။ အဲဒါလေး ထည့်ပြောပေးဦး နော်။ အောင်မြင်တယ်၊ အပြင်မှာမှာ အုတ်အော်သောင်းနင်း အောင်မြင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး . . .။ ဒါပေမယ့် အိမ်ပြန်ရောက်တယ်ဆို မိန်းမနဲ့ရန်ဖြစ်ဟ၊ ကလေးတွေက ဆူဟ သတ်ဟ ပုတ်ဟနဲ့ “မပျော်ရွှင်သော မိသားစု” unhappy home ဖြစ်နေတတ်တယ်။ ဒါကြောင့်ပျော်ရွှင်သော မိသားစုဆိုတာလည်း ဘ၀ရည်မှန်းချက်ထဲမှာ ထည့် ထားဖို့လိုပါတယ်။ ဘ၀ဆိုတာ အဲလိုမှကောင်းတာ။ ခုနကပြောသလို အောင်မြင်တာတော့အောင်မြင်တာပေါ့....။ အပြင်မှာတော့ ထိပ်သီး၊ အိမ်ပြန်ရောက်တော့ ဆိတ်ချီး(ချေး) ဘာလုပ်တော့မလဲ ဟုတ်လား ၊ အဲလိုဖြစ်နေတယ် ။
ဆရာဦးအောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿအထွေထွေ ဟောပြောချက်များမှ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !