Home » » ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ (၆)

ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ (၆)

မေး ။   ။ မြင့်မားသော ဘ၀ရည်မှန်းချက်အတွက် မျိုးရိုးဗီဇသည် ရာခိုင်နှုန်းမည်မျှအထိ အရေးကြီးပါသလဲ။ဆေး ပညာရှုထောင့်အရသိလိုပါသည်။ တခြားရှုထောင့်မှလည်းသိလိုပါသည်။ မျိုးရိုးဗီဖဇ မြင့်တက်အောင်လုပ်လို့ ရပါ သလား ။

ဖြေ ။   ။ တစ်ခုကျွန်တော်ပြောမယ် ၊ဗီဇနဲ့ပတ်ဝန်းကျင်ဆိုတာ တော်တော့်ကို သုသေတန ပြုလုပ်ထားတဲ့ ဦးအေး မောင် ဆိုတာ(ဦးအေးမောင်-စာပေဗိမာန်)ပေါ့၊ ခုတော့ စာပေဗိမာန်လို့ နောက်က မတပ် တော့ဘူး ....။”ဗီဇနဲ့ ပတ်ဝန်းကျင်” ရယ်။ “လူ့စိတ်သဘာဝ”ရယ်၊ အဲဒီ ၂ အုပ်ရှိပါတယ် ။ ဗီဇနဲ့ပတ် သတ်ပြီး တော့ ... အ သေး စိတ် ဆေး ပညာရှုထောင့်ကနေ တွေ့ရှိချက်တွေကို ပြောထားတာရှိပါတယ်။ အဲဒါလေးကို ဖတ်ကြည့်စေ ချင်တယ်။ “ဗီဇနဲ့ ပတ်ဝန်းကျင်ကို မှတ်ထားနော်၊ တစ်ခုကျွန်တော်ပြောပြမယ်။ ခရိုမိုဇုန်းဆိုတာ ... အဲဒီ ခရိုမို ဇုမ်းသည် အဖေဘက်က ၂၄ ခု၊ အမိဘက ၂၄ ခု ပေါင်းပြီးတော့ ဗီဇကဖြစ်တာ၊ အဲဒီတော့ ခရိုမိုဇုမ်း ၂ ခု ပေါင်းပြီး တာနဲ့ တစ်ပြိုင်နက်ထဲ ဘာမှလုပ်လို့ မရတော့ ဘူး...။ ပြီးသွားပြီ။ ဗီဇက ဘာမှလုပ်လို့ ပြုပြင် လို့မ ရဘူး ၊ အဲဒါကပြင်လို့မရဘူး။ ဒီတိုင်း ဒီတိုင်းပဲသွားမှာပဲ...။ ဒါ ပေမယ့် အကုန်လုံးကိုကြည့်လိုက်တဲ့ အခါမှာ ဘာကပြဌာန်းသလဲဆိုရင် ပတ်ဝန်းကျင်က ပိုပြီး ပြဌာန်းပါ တယ်။ ဗီဇဟာ သြဇာကြီးသလား၊ ကြီးပါတယ်...။ ဒါပေမယ့် အားလုံးအောင်မြင်ခြင်း ၊ တိုးတက်ခြင်း၊ ဆုတ် ယုတ်ခြင်းမှာ ပတ်ဝန်းကျင်က ပိုအရေး ကြီးပါ တယ်....။ ဘာကိုထောက်ပြထားသလဲဆိုလို့ရှိရင် သိပ်ပြီးတော့ ရာဇ၀တ်မှုနဲ့ပတ်သတ်ပြီးတော့ သိပ်ဆိုး တဲ့လူ တွေ ခရိုက်မင်နယ်ဖေ့စ်(Criminal face)ပေါ့။ ရာဇ၀တ်ကောင်ရုပ် မျိုး။ အဲဒီရုပ်မျိုးကို ပတ်ဝန်းကျင်က သိပ် လက်မခံကြဘူး။ မြင်တာနဲ့ကြောက်တယ်...။ အဲဒီလူတွေကို ပလပ်စ တစ်ခွဲစိတ်ပြုပြင်မှုနဲ့ မျက်နှာကို သား သားနားနား လုပ်လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်က ပြန်ပြီးတော့ လက်ခံ လာတယ်။ အဲဒီကျတော့ သူတို့ဟာ ရာဇ၀တ်မှုတွေ စွန့်သွားတာတွေ့ရဖူးတယ်...။ ဒါတွေ့ရှိချက်တွေပေါ့၊ အဲတော့..... ဆိုလိုတာက ပတ်ဝန်း ကျင် က ပိုပြီးနည်းနည်း အရေးပါတယ်၊ ကောင်းပြီ၊ မောင်ရင့်ကို ပြောချင်တာ က ဗီဇနဲ့ ပတ်ဝန်းကျင်မှာ ဘယ်ဟာ က ပိုအရေးကြီးသလဲ....။ ဗီဇက ဘယ်လောက်အရေးကြီးတယ်ပြောပြော အသေထားလိုက်။ မကြည့်နဲ့တော့ ။ ကိုယ့်ပတ်ဝန်းကျင်ကိုပဲကြည့် ၊ အဲဒါ တစ်ခုတော့ အားကိုးစရာ ရှိတယ် ဆိုတဲ့အကြောင်း ဖြေလိုက်ရပါတယ် ။

ဆရာဦးအောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ဟောပြောချက်များမှ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !