လူငယ်တွေ အတွက်ဆိုပြီးတော့ပဲ ရည်ရွယ်ရွယ်ချက်ကရှိတယ်။ လူငယ်တွေ အရာရာကို လေးနက်စေချင်တဲ့ စိတ်ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်ကမှ တစ်ခါတစ်လေ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ပဲ သတိလက် လွတ် ဆို တာ မျိုးတွေ ခဏခဏကြုံနေရတယ်။ လူငယ်တွေစကားပြောတဲ့ နေရာမှာ ပေါ့ပေါ့တန်တန် တွေပြော တတ်ကြ တယ်။ အရေမရအဖတ်မရ ဆိုတဲ့စကားလုံးတွေပါပဲ။
ရွာမှာ နေတုန်းက ညဘက်ဆိုရင် ပျော်စရာရွှင်စရာဆိုတာ မရှိပါဘူး။ တစ်ခါတစ်လေ တစ်ခြားရွာကနေပြီး ဗွီဒီယိုလာပြတာရှိတယ်။ မရှိတဲ့ ညတွေဆိုရင် ရွာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းခေါက်တုန့်ခေါက်ပြန်လျှေက် ဟိုနားသီ ချင်းထိုင်ဆို ဒီနားဆေးလိပ်ထိုင်သောက် ဒါရွာမှာနေတုန်းက လူငယ်တွေ လုပ်နေတဲ့အလုပ်တွေပါ။ စကားတွေ တောင်စဉ်ရေမရပြောကြတယ်။ ပေါက်ကရ ပေါက်ပန်းစေးတွေကို စီကာပတ်ကုန်းပြောကြတယ်။ တစ်ချို့သူ ငယ်ချင်းတွေဆိုရင် ဟာသဥာဏ်ပဲရွှင်တာလားတော့မပြောတတ်ဘူး။ တကယ်မရှိတာကိုလည်း သူငယ်ချင်းတွေ အာရုံကျလာအောင်ပြောတတ်တယ် ။ တစ်ခါတစ်လေကြရင် ကိုယ်တွေကိုယ်တိုင်ကကို တောင်းတောင်းဆိုဆို မဟုတ်သုတ်ခတွေ ပြောခိုင်းမိတယ်။ ဟိုတစ်ယောက်ကလည်း ပြောသွားလိုက်တာမှ ရွှန်းရွှန်းကိုဝေဆိုတာမျိုးပဲ။ ဒီလိုနဲ့ပဲ လူငယ်လေးတွေ အချိန်ကုန်ကြတယ်။
မြို့ပေါ်ကိုရောက်လာတယ်။နီးစပ်ရာသူငယ်ချင်းတွေနဲ့ ခင်ကြမင်ကြတယ်။ ကျောင်းတတ်တော့ကျောင်းမှာ အလုပ်လုပ်တော့လည်း အလုပ်နားကပေါ့။ အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေနဲ့လည်း ခင်မင်ခွင့်ရပါ တယ်။ ကိုယ်စီကိုယ်ငှကျိုးစားနေကြတဲ့သူငယ်ချင်းတွေ သူ့နေရာလေးတွေနဲ့သူ ရှိကြပါတယ်။
ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ စကားပြောရင် ဖြစ်တတ်တာလေးကို သတိထားမိတယ်။ စကားဝိုင်းအစမှာ တော့ ကောင်းရာကောင်းကြောင်းတွေ ပြောနေတတ်ကြပေမယ့် နည်းနည်းလေးကြာလာပြီဆိုတာနဲ့ ဟာသ တွေ အရွှန်းဖောက်ပြီး အပြောင်အပျက်တွေဖြစ်ဖြစ်သွားတတ်ကြတယ်။ တစ်ခါတစ်လေမှာ ကိုယ်ကသူ့အား နည်းချက်ကလေးကို ပြောမိရင် “ မင်းက ဆရာကြီးလား ” ဆိုတာမျိုးပြောတတ်တဲ့သူငယ်ချင်းတွေ။ စိတ်ဆိုး ကြတာတော့မဟုတ်ပါဘူး။ ဟာသလုပ်တဲ့ သဘောပါပဲ။ အဲ့လိုမျိုးပြောလိုက်တော့ ကိုယ်က ဘာဆက်ပြော ရမှန်းမသိတော့ဘူး။ ဖြစ်တတ်ပါသေးတယ် ။ နိုင်ငံရေးအကြောင်းလေးတွေ များဟမိရင်ဖြင့် ပိုတောင်ဆိုး သေး ပါတယ်။ “ဘာတွေလာပြောနေတာလည်း ခင်ဗျားတစ်ယောက်တည်း သွားပါ။ အဖော်လာမဆွယ် ပါ နဲ့ ”ဆို တဲ့ သူငယ်ချင်းတွေလဲ ရှိသေးတယ်ဗျ။
လူငယ်တွေ ပေါ့တယ်လို့ ပြောရင်လည်း ဆရာကြီလုပ်တယ်ဖြစ်မယ်။ လူငယ်တိုင်းတော့ အဲလိုမဟုတ်ပါဘူး။ လူတော်လူငယ်တွေလည်း အများကြီးပါ။ မတော်သေးတဲ့ လူငယ်တွေကတော့ အဲ့ဒီလူတော်တွေ ဆိုတာထက် အဆများတယ်ဆိုတော့ ပြောသင့်တာလေး ပြောချင်တာပါ။ လူငယ်တော်တော်များများဟာ နိုင်ငံရေးဆိုတဲ့ ဘက်ကို အာရုံမရောက်ကြပါဘူး။ ဘယ်လိုခံယူထားသလဲ ဆိုတာကို မေးမကြည့်မိပေမယ့် ဒါတွေကကိုယ်နဲ့ မဆိုင်ပါဘူး ကိုယ်လုပ်လို့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ဆိုတာမျိုးတွေ ထွက်လာကြတယ်။
ဒီလိုဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးသန့်တို့ ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေ ဘယ်လိုဘယ်ပုံ ကျိုးစားခဲ့ ကြလို့ မြန်မာကသာမက ကမ္ဘာကပါ တလေးတစား ဂုဏ်ပြုကြရတာလဲ။ ဦးသန့်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်း ငယ်ငယ်ကတည်းက လူကြီးသူမတွေ ပြောလို့ ကြားဖူးနေပေမယ့် ကိုယ်တိုင် မလေ့လာခဲဖူးပါဘူး။ အခုတစ် လောလေးကမှ ထွက်လာတဲ့ “ ဗမာ့ဦးသန့် ” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ၀ယ်ဖတ်ဖြစ်တော့မှ ဦးသန့်ဟာ ဘယ်လို ပုဂ္ဂိုလ်ဆိုတာကို လေးလေးနက်နက် သိလာရတယ်။ ဦးသန့်တို့ ကတော့ အင်္ဂလိပ်ဆန့်ကျင်ရေး ကျောင်းသား လှုပ်ရှားမှုတွေမှာ အသက် ဆယ့်တစ်နှစ်သားလောက်ကတည်းက ပါဝင်လှုပ်ရှားခဲပတာပဲ။ ဘယ်လောက် အားကျဖို့ကောင်းလဲ။ ဦးသန့်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူး ဖြစ်ခဲ့တာဆိုတော ဦးသန့်နဲ့ ပတ် သတ်ပြီး ကမ္ဘာအရပ်ရပ်က ပုဂ္ဂိုလ်ကြီးတွေ က မှတ်ချက်ပေးထားတာတွေလည်း ရှိပါတယ်။
ဗဟုသုတ အနေနဲ့ နည်းနည်းလောက်တော့ ထည့်ပြောချင်တယ်။ ဦးသန့်ကို “ ကမ္ဘာပေါ်မှာ အကောင်းဆုံးနား ထောင်တတ်သူပါပဲ ” လို့ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူး စီဗွီ-နာရာဆင်ဟန်က ပြောဖူးပါတယ်။ နောက်တစ်ချက်က ဦးသန့်ရဲ့ တုန်လှုပ်မှုကင်းပြီး တည်ငြိမ်သော၊ စိတ်လှုပ်ရှားမှုကို ထိန်းသိန်းနိုင်သော၊ မျို သိပ်နိုင်သောသူ ဖြစ်ကြောင်းနဲ့ ပတ်သတ်ပြီး “ ဒီကြေးရုပ်တုအပေါ်အသားကို ခြစ်ယူရင် မာကျောတဲ့ သတ္တု ကို အောက်မှာ တွေ့ရလိမ့်မယ် ” လို့ ကုလ သမဂ္ဂမှ ပုဂ္ဂိုလ်တစ်ဦးက ပြောဖူးပါတယ် ။ ကမ္ဘာမှာ မြန်မာရဲ့အရှိန် အ၀ါလေးတွေ ကြီးမားခဲ့တာကိုလည်း ဂုဏ်ယူမိတယ်။
ဒီနေရာမှာ လူငယ်တွေအနေနဲ့ ဘာကို အတုယူသင့်ကြသလဲဆိုရင် တော်လှန်ရေးကာလတွေမှာ မြန်မာလူ ငယ်တွေရဲ့ ရဲရင့်တည်ကြည်စိတ် လေးနက်တဲ့စိတ်နဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ် ဆိုတာတွေကို နည်းနည်း လေး တော့ အသိအမှတ်ပြု ဂုဏ်ယူကြဖို့သင့်တယ်။ ဘာကြောင့်လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းလုပ် ခဲ့ကြ တယ်ဆိုတာကိုလည်း တွေးစေချင်တယ်။
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ----
“ အစိုးရဆိုတဲ့အာဏာဟာ အင်မတန်အသုံးဝင်တယ်။ ဒီအာဏာကို ပစ္စည်းအင်အားကောင်းတဲ့ လူတွေအချင်း ချင်းလုကြတယ်။ ရရင်လည်း လက်မလွှတ်ချင်ဘူး ” ဆိုတာလေး ဖတ်ဖူးကြားဖူးထားတာ ရှိပါတယ်။
ဒီနေ့ဒီအချိန်မှာ နိုင်ငံရေးသတင်းတွေ လှုပ်လှုပ်ရှားဖြစ်နေတယ် ။ လူငယ်တွေ ဘာတွေကိုလေ့လာနေကြလဲ။ ဘယ်လို ဆုံးဖြတ်ချက်တွေရှိထားလဲ။ ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်တွေရဲ့ သမိုင်းကိုထောက်ပြီးကြည့် ရင် အင်မတန်မှ လေးစားစရာကောင်းတဲ့ လူငယ်တွေကျောင်းသားတွေရဲ့ လုပ်ရပ်တွေကို မြန်မာနိုင်ငံသမိုင်း မှာမြင်တွေ့ရမှာပါ။ လေ့လာကြမယ်ဆိုရင်တော့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ယခုခေတ်လူငယ်တွေ အနေနဲ့လည်း လေ့လာစေချင်တယ် ။ ကိုယ်ယုံကြည်ချက်နဲ့ကို တက်တက်ကြွကြွပါဝင်ကြစေချင်ပါတယ်။
ပေါ့ပေါ့တန်တန် အချိန်တွေကုန်သွားမယ့်အစား တိုင်းပြည်ရဲ့ တစ်ထောင့်တစ်နေရာကနေ ဘယ်လိုဖြစ်သင့် တယ် ဘာလုပ်သင့်တယ်။ လုပ်ကြစေချင်တယ်။ ဒို့ခေတ်ဒို့သမိုင်းအတွက်ပါ ။ လူငယ်ဆိုတဲ့ ဂုဏ်ကိုချစ်လို့ လူ ငယ်အပေါင်းကို လေးစားလို့ လူငယ်တွေရဲ့ စွမ်းဆောင်ချက်တွေကို မြင်ချင်တွေ့ချင်လို့ဒီလိုမျိုးလေးတွေ ရှာ ကြံတွေးပြီးရေးသားပါတယ်။ လူငယ်တွေ တစ်ဦးအပေါ်တစ်ဦးအမြတ်မယူပဲ စည်းစည်းလုံးလုံးရှိနိုင်ကြပါ စေ။
ကိုယ်တိုင်ရေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !