Home » » နိုဝင်ဘာလ ၇ ရက် နေ့ တွင် ရွေးကောက်ပွဲ ကျင်းပမည်

နိုဝင်ဘာလ ၇ ရက် နေ့ တွင် ရွေးကောက်ပွဲ ကျင်းပမည်

၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေ ) နေ့ တွင် နှစ်နှစ်ဆယ် အတွင်း ပထမ ဦးဆုံး အကြိမ် အဖြစ် ရွေးကောက် ပွဲ ကို ကျင်းပမည်မည် ဖြစ်ကြောင်း  ယနေ့ မနက် အစော ပိုင်း တွင် ရွေးကောက် ပွဲ ကော်မ ရှင် က သတင်းထုတ် ပြန်သည်။
မြန်မာစစ် အစိုးရသည် ရွေးကောက် ပွဲ ကျင်းပ ရန် ရက် ပေါင်း ၉၀ ပ အလို လောက်မှ  ရွေးကောက်ပွဲ ရက်ကို ကြေညာသဖြင့် စစ်အစိုးရ လို လားသည့် ပါတီ များ အား ယှဉ်ပြိုင် ၍ စည်းရုံးရန် အတွက် မည်သည့် ပါတီမှ  အခွင့် အလမ်း မရှိ တော့ ဟု ရွေးကောက်ပွဲ ၀င် မည့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မှ အဖွဲ့ ဝင် တစ်ဦးက Freedom News Group သို့ ပြောသည်။
မြန်မာ စစ်အစိုးရသည် ယမန်နေ့ က မဲဆန္ဒနယ်မြေ စာရင်း များ ထုတ်ပြန်ပြီး နောက် ၂၄ နာရီ အတွင်းမှာပင် ရွေးကောက် ပွဲ ကျင်းပမည့် ရက် ကို ကြေညာခြင်းသည်။ရွေးကောက်ပွဲ ကျင်းပမည့် နေ့ အား တရားဝင် သတင်းထုတ်ပြန် ရန် နှောင့် နှေး နေသည့် စစ်အစိုးရ သည် ယခု ကဲ့ သို့ ကောက်ကာ ငင်ကာ သတင်း ထုတ်ပြန် ရခြင်းမှာတပ် တွင်း ပေါ်ပေါက် နေ သော ပဋိပက္ခ များ ကို အာရုံလွှဲ လို ခြင်းကြောင့် ဖြစ် နိုငသည် ဟု ဒီမိုကရေစီ အင်အားစုများ က သုံးသပ် သည် ။
နိုဝင်ဘာ လ ၇  ရက် နေ့ တွင်း ကျင်းပမည့် ရွေးကောက် ပွဲ တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် ဦးဆောင် သည့် ကြံဖွတ်ပါတီ မှ စစ်အစိုးရ က ကျောထောက်နောက် ခံပေးထား သော ကြောင့်  ထင်တိုင်းကျဲ စည်းရုံး နိုင်ခွင့် ရသည်။
စစ်အစိုးရ က ကျင်းပမည် ဟု ယနေ့ ကြေညာ ရွေးကောက် ပွဲ ရက် သည် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ် အကျယ်ချုပ် မမှ လွတ်မြောက်ရန် ၆ ရက် အလို တွင် ဖြစ်သည်။ရန်ကုန် အခြေစိုက် နိုင်ငံရေး သမား တစ်ဦးက “အခု ၇ ရက် လို့ ကြေညာ လိုက် တော့ ရွေးကောက်ပွဲ မှာဒေါ်စု ကိုပါစေ လိုတဲ့  စိတ် မရှိ ဘူးဆိုတာ ထင်ရှား တာပေါ့ ဟု သုံးသပ် ပြောကြားသည်။ဒေါ်အောင် ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှာ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု ဆုံးဖြတ် ခဲ့ပြီး ဖြစ်သည်။
ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ် လောင်းများ သည် သြဂုတ် လ ၁၆ ရက်နေ့ မှ သြဂုတ် လ ၃၀ ရက်နေ့ထိတင်သွင်း ရမည် ဟု ပါရှိသည်။စစ်အစိုးရသည် ၁၉၈၈ ခုနှစ် အာဏာ သိမ်းပြီး နောက် ပိုင်းတွင် ၁၉၉၀ ပြည့် နှစ် မေလ ဉ် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယ ထို ရွေးကောက် ပွဲ ဉ် မြန်မာ  ပြည်သူ တစ်ရပ် လုံးက အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံမဲပေးခဲ့သဖြင့် အနိုင်ရရှိသော် လည်း အာဏာလွှဲ ပြောင်းခြင်း မရှိသည့် ပြင် ပါတီဝင်များ အားဖမ်းဆီး ထောင်ချခြင်းနိုင်ငံရေး လှုပ်ရှားမှု များ အားပိတ် ပင်ခြင်း များ ပြုလုပ်ခဲ့သည်။စစ်အစိုးရက ရွေးကောက်ပွဲရက် မကြောညာခင် အတွင်း ရွေးကောက်ပွဲ ၀င်ရန် စီစဉ် ထားသူများ စစ်အစိုးရ၏တရားမမျှ တသော လုပ်ရပ် များ ကြောင့် ရွေးကောက် ပွဲ ကို ကျောခိုင်း ခဲ့သည် များ ရှိသည်။စစ်အစိုးရ က ရွေးကောက် ပွဲ ရက်အား ယနေ့ မနက် အစောပိုင်း တွင် ရုပ်သံမှ ကြေညာ ခဲ့ခြင်း ဖြစ်သည်။

Freedom News Group

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !