လူမှု့နယ်ပယ်စုံမှာ တော်တော်လေး အသုံးများလာတဲ့စကားလုံးပါ။ လုပ်ငန်းနယ်ပယ်မတူ တဲ့လူတွေကြားမှာ ပြောဆိုသုံးနှုန်းတတ်ကြပါတယ်။ လူငယ်တွေပါးစပ်ဖျားမှာလည်း ဒီစကားလေးသုံးလာတာကို မကြာခဏ ကြား နေရပါတယ်။ သူငယ်ချင်းနှစ်ယောက် မတူညီတဲ့ ပတ်ဝန်းကျင်အကြောင်း ပြောကြတဲ့ အခါမှာ “ကိုယ့်သမိုင်းကိုယ် ရေးပါကွာ”ဆိုတာမျိုး ပြောဆိုကြတာရှိသလို တစ်ယောက်ရဲ့ လုပ်ရပ်ကို တစ်ယောက်က အပြစ်သဘောမျိုး ထောက်ပြ ပြောဆိုတဲ့ အခါမှာ စိတ်ဆိုးမာန်ဆိုးနဲ့ “မင်းဝေဖန်စရာမလိုပါဘူး ကိုယ့်သမိုင်းကိုယ်ရေး ပါကွာ” ဆိုတာ မျိုး ပြောဆိုသုံးနှုန်းနေကြပါတယ် ။
ဒါပေမယ့် ဒီစကားရဲ့ အဓိပ္ပာယ်ကို လိုက်စဉ်းစားကြည့်မိတော့ ဒီစကားဟာ တော်တော်လေးနက်တဲ့ အဓိပ္ပာယ် ရှိပါတယ်။ ဆရာဖေမြင့် ဘာသာ ပြန် ထားတဲ့ အထဲက ပြောသွားတာလေးနဲ့ နှိုင်းချိန်ကြည့် မယ်ဆိုရင်တော့ `စကား တစ်ခုကို ကိုးကားဖန်များသည့်အခါ ရိုးသွားသည်။ အာနိသင်ပြယ်သွားသည်။ ထိခိုက်ရှတမှု မရှိတော့´ ဆိုတဲ့ သဘောမျိုးသက်ရောက်သွားတယ်။ ပြောတော့ ပြောနေကြတာပါပဲ။ ပါးစပ် ဖျားမှာ ထွက်ရတာလွယ်လို့ သာထွက်လိုက်ကြတာ ဘယ်လောက်ထိ အဓိပ္ပာယ်သက်ရောက်တယ် ဘယ် လောက် လေးနက်တယ်ဆိုတာ ကိုတော့ စဉ်းစားကြဟန်မတူပါဘူး။ လူတိုင်းက သုံးနှုံးနေကြတော့ စကားလုံး ရဲ့ တန်ဖိုးကျသွားတဲ့ သဘောပါ။
တစ်ခါတစ်လေတော့ လူကြီးသူမတွေက ဒီစကားအကြောင်းရှင်းပြတတ်ပါတယ်။ `မင်းဝင်မရှုတ်ပါနဲ့ ကိုယ်သ မိုင်းကိုယ်ရေစမ်းပါကွာ´ ဆိုတော့ တော် တော်လေး စဉ်းစားရမယ့်အခန်းရောက်လာတယ်။ ကိုယ့်သမိုင်းကိုယ် ရေးစမ်းပါကွာလို့ ပြောလိုက်တဲ့သူက အမှားတွေကိုလုပ်နေတယ် ။ ထောက်ပြ ဝေ ဖန်တော့ လက်မခံနိုင်ဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတာတော့ ဟုတ်ပါပြီ ။ မှားနေတဲ့ လုပ်ရပ်တွေနဲ့ သမိုင်းဆိုးကြီး ရေးမှာကိုလည်း ထိုင်ပဲ ကြည့်နေရတော့မှာလား။ ဒီအချက်ကိုတော့ အသေအချာဂရုစိုက်စေချင်တယ်။
ကိုယ့်သမိုင်းကိုယ်ရေး ရမှာတော့ အမှန်ပဲလေ။ သမိုင်းဆိုကတည်းက အခုအတွက် မဟုတ်ဘူး။ နောင်လာ နောင်သား တွေအတွက်။ နောင်လာ နောင်သားတွေအတွက် ထားခဲ့မယ့် သမိုင်းကို အဆိုးအယုတ်တွေ လုပ်ပြီး ပေးထားခဲ့မှာလား။ ကိုးကပ်ပြီး ပြောကြမယ်ဆိုရင်တော့ အဲ့ဒီအဆိုးအရုပ်တွေထားခဲ့မယ်ဆို ရင်လည်း ရပါတယ်။ နောင်လာနောင်သားတွေ လက်ထက်ရောက်မှ `အဲ့ဒီလူမိုက်ကြီးလိုတော့ မဖြစ်ကြစေနဲ့´ လို့ ထောက်ပြရမှာပေါ့။ အဇာတသတ်ကြီးလိုပေါ့ဗျာ။ ကိုယ့်ဖခင်ကိုယ်သတ်တယ်။နောင်လာေ နာင်သား တွေအ တွက် အဲ့ဒါကတော့ အဖ ကိုပြန်သတ်တဲ့ လူမိုက်လို့ ထောက်ပြလို့ ရတာပေါ့။ ဒါလည်းသူ့သမိုင်းပဲ။ အဲဒီလို သမိုင်းမျိုးရေးကြမှာလား။ အဲ့ ဒါဆိုရင်တော့ အထက်က ပြောခဲ့သလို `မင်းဝင်မရှုပ်ပါနဲ့ ကိုယ်သမိုင်း ကိုယ်ရေးစမ်းပါကွာ ´ ဆိုတာမျိုးပြောပြီး တော့ ကိုယ့်လုပ်သမျှ အမှန် ဘယ်သူမှ မဝေဖန်နဲ့ ဆိုပြီး လုပ်ချင်ရာ သာ လုပ်သွားပါ။ သမိုင်းတော့ ကျန်နေခဲ့ ပါလိမ့်မယ်။
သမိုင်းဆိုတာကို ထောက်ပြပြီး လူငယ်တွေကို အသိတရားတွေပေးချင်တာ။ ဘယ်ခေတ်ဘယ်အချိန်တုန်းက တော့ ဖြင့် ဘယ်ပုဂ္ဂိုလ်ကြီးဟာ ဘယ်လိုလုပ်သွားခဲ့တာ ဆိုတာမျိုး ကလေးတွေ လူငယ်တွေကို ရှင်းပြတာ မှတ်လား။ နောက်တက်လာမယ့် လူငယ်လေးတွေကလည်း သမိုင်းကိုလေ့လာပြီဆိုကတည်း လူဆိုးလူမိုက် သမိုင်းတော့ အချိန်ကုန်ခံပြီး ဘယ်လေ့လာနေချင်ကြမလဲ ။ ကိုယ့်အတွက် အကျိုးရှိမယ့် ကိုယ့်ကို ရှေ့ဆောင် လမ်းပြပေးမယ့် ပုဂ္ဂိုလ်ကြီးတွေရဲ့ သမိုင်းကိုပဲ လေ့လာချင်ကြမပေါ့။
အဲ့လောက်ဆိုရင်တော့ သမိုင်းတွင်မယ့် ပုဂ္ဂိုလ်တွေ အတွက်ရော သမိုင်းတွင်ချင်တဲ့ လူငယ်တွေအတွက်ပါ အနည်းငယ်တော့ ဆင်ခြင်လို့ ရမယ်ထင်မိပါတယ်။ သမိုင်းမှာ အထင်ကရတွင်မယ့်လူတွေကတော့ နိုင်ငံ ခေါင်း ဆောင်တွေပါ။ နိုင်ငံခေါင်းဆောင်လုပ်မယ့် နောက်တက် လူငယ်တွေအတွက် ပြောချင်တာက သမိုင်း ကို ဘယ်လို မျိုး ရေးချင်တာလဲ ။ ဗိုလ်ချုပ်အောင်ဆန်းလို သမိုင်းမျိုး၊ ဦးသန့်လို သမိုင်းမျိုးရေး ချင်တာလား။ သူတို့လို ရေးချင်ရင် သူတို့လိုကျိုးစားကြ။ သမိုင်းမှာကတော့ အဆိုးနဲ့ အကောင်းတွေ အများကြီး ရှိတာပဲ။
ကိုယ့်သမိုင်းကို ကိုယ်ရေးတာလို့ တောင်ပြောလို့မရဘူး ။ ကိုယ်လုပ်ခဲ့တဲ့ သမိုင်းကို သူတို့ကရေးမှာ။ ဘာတွေ မှားခဲ့လဲ ဘာတွေမှန်ခဲ့လဲ။ သမိုင်းဆ ရာတွေကရေးမှာ။ကိုယ်မရှိတော့တဲ့ အချိန်မှထွက်လာမယ့် သမိုင်းစာ အုပ်မှာတော့ ကိုယ့်ကိုကြောက်ပြီးတော့ မဟုတ်တာတွေထည့်ရေးပြီး မြောက် ပင့်နေမှာ မဟုတ်တော့ဘူး။ နည်းနည်းလုပ်ရင်များများ ပိုပြောပြီး လူငယ်တွေကို ရှင်းပြကြလိမ့်မယ်။ ဒါတွေအားလုံးကို တစ်ဆင့်စကား တစ်ဆင့်နဲ့ လက် ဆင့် ကမ်းသွားမှာ။ ခြောက်ပစ်ကင်း သဲလဲစင်တဲ့ မြတ်စွာဘုရားကိုတောင် အပစ်မြင်ချင်တဲ့ သူတွေရှိနေသေးရင် ကိုယ်တွေကိုတော့ ဘာပြောစရာရှိမှာလဲ။ အဲ့ဒီမှာမှ ကိုယ်က အကောင်းတွေ များများ လုပ်ခဲ့ရင်ေ တာ့ သမိုင်းစာအုပ်မှာကောင်းတာ လေးတွေ များများတွေ့ရမှာပေါ့။ အမှားနဲ့ အမှန် အချိုးညီ နေရင်တောင် အမှားဘက်ကို အားသာသွားလိမ့်မယ်။
အဲဒီတော့ ကိုယ်တွေပြောနေကြတဲ့ `ကိုယ့်သမိုင်းကိုယ်ရေး´ ဆိုတဲ့ အလွယ်ပြောနေတဲ့ စကားလေးကို အလေး အနက် စဉ်းစားပြီး ငါ့သမိုင်းကို ဘယ်လို မျိုးဖြစ် စေချင်တာလဲ ဆိုတာတော့ ဆုံးဖြတ်ကြပေါ့။ မှားပြီးမှားရင်း လုပ် ရပ်တွေနဲ့ အမှန်မဖြစ်နိုင်တော့ပါဘူးလို့ စဉ်းစားမိရင်တော့လည်း ဘယ်လိုမှ ပြင်ချင်စိတ်ရှိမှာ မဟုတ် တော့ ဘူး။ အဲ့ဒီ အတွက်ပါ စကားလေးပြောချင်တယ် ။ သိတဲ့ အချိန်မှာ ပြင်လိုက်တာဟာ နောက်မကျ သေးပါဘူး ဆိုတာ ကို လူငယ်တွေ ဖတ်ဖူးကြားဖူးနေမှာပါ။ ကိုယ့်လုပ်ရပ်တွေ မှားနေပြီ။ အမှန်ပြင်။ အမှား တွေ များနေပြီဆိုရင် လည်း နောက်မကျသေးပါဘူး ဆိုပြီး တကယ်ပြင်ဖြစ်အောင်ကျိုးစားပါ။
ကိုယ်ကတော့ သေလို့ ငရဲလား နတ်ပြည်လား မသေချာဘူး။ ကိုယ်မရှိတော့တဲ့ လူ့လောကကြီးက ကိုယ့်နာမည် ရွတ်ပြီး အော်တုတ်နေမယ့် အဖြစ်မျိုးမရောက်ချင်ကြနဲ့ ။ `ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကွ´ လို့ လူငယ်လေး တွေ ပြောနေကြတာ ရှိတယ်မှတ်လား။ အဲ့ဒီလို အော်စေချင်ရင်တော့ အဲ့ဒီလို သမိုင်း မျိုးဖြစ်အောင်ကျိုးစား ရုံမှ တပါး အခြားမရှိပါဘူး။ အနာဂတ်အတွက် သမိုင်းကောင်း အစဉ်အလာတွေ ထားခဲ့စေချင်တဲ့ ဆန္ဒနဲ့ ရေးတာပါ။
နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !