“ဆိုခဲစေ မြဲစေ” သည် မြန်မာတို့၏ စကားပုံဖြစ်သည်။ ထို့အတူ “နှုတ်တစ်ရာ စာတစ်လုံး” သည်လည်း စာဖြင့် ရေးသားခြင်း၏ တန်ဖိုးကိုဖော်ကြူးသည် “စကားလုံးများသည် လူသားတို့သုံးစွဲနေသော သြဇာအ ထက်မြက် ဆုံး ဆေးဝါးဖြစ်သည်” ဟု ဗြိတိသျှစာရေးဆရာကြီး ရုဒ်ယတ်ကစ်ပလင်း(Rudyard Kipling)က ဆိုခဲ့ဖူးသည်ကို ကျွန် တော်မှတ်မိနေသည်။
နှုတ်တစ်ရာ စာတစ်လုံး၏ လေးနက်တန်ဖိုးရှိမှု့ကို ဂျိမ်းစ်အေမက်ခ်ျနာ(James A. Michener) ကအတွေးကွန် ယက်ဖြန့်ကျက်ပြီး ဤသို့ ဥပမာပေးရှင်းပြထားသည်က စိတ်ဝင်စားဖို့ကောင်းနေပြန်သည် ။ ထိပ်တန်း စည်း မျဉ်းကိုအမှတ်ရပါ။ပါးစပ်နှင့်မပြောပါနှင့်။ စာနှင့်ရေးပါ ။မိတ်ဆွေအပေါင်းအသင်းများကိုပြောပြခဲ့သော ဇာတ် လမ်း ကြီးပေါင်း(၁၀)သန်းမှ ရေးချသောစာပေ (၅၀၀၀) သာရှိသည်။ စာဖြင့်ရေးသားမှုမပြုခဲ့လျှင် သက် ရှိ ထင်ရှားရှိ မည် မဟုတ်ချေ။
Ref: R.D August 99, Points to ponder
ဆရာမောင်မောင်မြင့်သိန်း၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ
နှုတ်က စကားအခွန်းတစ်ရာ ပြောဆိုသော်လည်း အမှတ်မထင်မလေးမနက်၊ စာဖြင့်တစ်လုံးမျှ မှတ်မှတ်ရရ ရေးချခြင်းက အမှတ်ကျန်သည်ဟုဆိုလိုသည်။ နှုတ်ဖြင့် အလွယ်ကတိပေးခြင်းထက် စာဖြင့် အမှတ်ထင်ထင် ရေးမှတ်ခံဝန်ပြုလုပ်ခြင်းက ပို၍ အရာရောက်သည်ဟုဆိုလိုသည်။ နှုတ်ထက် စာအမှတ်အသားက ပိုမိုခိုင်မြဲလေးနက် ကြောင်းကို တင်စားဆိုသည်။
မြန်မာစကားပုံများ မှာ အထက်ပါ အတိုင်း ဖော်ပြထားပါတယ်။
အိုးဝေ ရဲ့ အမှတ်တရစုစည်းမှု့များ မှာလဲ စိတ်ဝင်စားရင် သွားဖတ်ကြည့်လို့ ရပါတယ်။
လူငယ်များ စာရေးသားချင်သော စိတ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍
နှုတ်တစ်ရာ စာတစ်လုံးကို ရေးသားတင်ပြပါသည် ။
ရည်ရွယ်ချက်ကလေးကောင်းတယ် ညီ
ReplyDeleteလေးစားပါတယ်