Home » » အများသိရှိဝေဖန်နိုင်စေ --

အများသိရှိဝေဖန်နိုင်စေ --

ညီညွတ်သော ဒီမိုကရက်ပါတီ(မြန်မာပြည်) 
ဥက္ကဋ္ဌ ဦးဘိုမောင် နှင့်တွေ့ဆုံခြင်း



မေး - ဦးတို့ပါတီမှတ်ပုံတင်အမှတ်လေးပြောပြပေးပါဦး ။

ဖြေ - ဦးတို့ပါတီမှတ်ပုံတင်အမှတ်က (၁၆) ပါ ။ ၂၆ ရက်နေ့မှာ အတည်ပြုချက်ရပါတယ်။

မေး - ဦးတို့ပါတီအဖွဲ့က အရင်ကတည်းက တည်ထောင်ထားတာလား၊ ရွေးကောက်ပွဲလုပ်မယ်လို့ သိမှ တည် ထောင်တာလား။

ဖြေ - ဦးတို့က အခုမှ ပါတီတည်ထောင်တာပါ။ အရင်တုန်းက ဦး NLD စစ်ကိုင်းတိုင်း စည်းရုံးရေးမှူးပါ။ ဦးက ၂၀၀၇ ခုနှစ်မှာ NLD က ထွက်လိုက်ပါတယ်။ ထွက်လိုက်တဲ့ အချိန်မှာ အမျိုးသား နိုင်ငံရေးအတွက်မြန်မာပြည် မှာလိုအပ်တယ်။ ငါတို့လှုပ်ရှားမယ်ဆိုပြီးတော့ အမျိုးသားနိုင်ငံရေး အင်အားစု ထဲကို ဦးက စစ်ကိုင်းတိုင်းကိုယ်စားပြု အဖွဲ့ကလေးတစ်ခု တည်ထောင်လိုက်ပါတယ်။ တည်ထောင်ပြီးတော့ အားလုံး တိုင်းနဲ့ပြည်နယ် အင်အားစု ၉ ဖွဲ့ တည်ထောင်မယ်ဆိုပြီး အမျိုးသားကိစ္စတွေကို ဆောင်ရွက်ခဲ့ပါ တယ်။ ဆောင်ရွက်တဲ့ အခါမှာ အဓိကအချက် (၂) ချက်ထားပါတယ်။ ပထမအချက်က မြန်မာပြည်မှာ အခြေခံ ဥပဒေမပေါ်ပေါက်တဲ့အတွက် အခြေခံဥပဒေ ပေါ်သင့်တယ် ။ အခြေခံဥပဒေပေါ်ရေးအတွက် ဦးတို့ တရား တွေဟောခဲ့တယ် ။  ဒုတိယ အချက်က စီးပွားရေးပိတ်ဆို့တာကို ဆန့်ကျင်တဲ့ အဖွဲ့ဆိုပြီးလုပ်ခဲ့ပါတယ်။

မေး - ဦးတို့ကစီးပွားရေး ပိတ်ဆို့တာကို ဘာဖြစ်လို့ဆန့်ကျင်တာပါ သလဲ။

ဖြေ - ဦးတို့က စီးပွားရေးပိတ်ဆို့တာ ဘာဖြစ်လို့ဆန့်ကျင်သလဲဆိုတော့ ဦးတို့က အဓိက ကျေးလက်မှာနေတဲ့ အတွက် ကျေးလက်နေ အများစု လယ်သမားတွေရဲ့ ဘ၀ဟာ စီးပွားရေးပိတ်ဆို့လိုက်တဲ့ အတွက် ကုန်ကျစ ရိတ်နဲ့ စပါးပေါ်တဲ့ အချိန်မှာ အရင်းအနှီးနဲ့ အရမ်းရှုံးတယ်။ အဲဒီအရှုံးပေါ်မှာ ဘာကြောင့်ရှုံးတာလဲလို့ စုံစမ်း ကြည့်လိုက်တော့ စီးပွားရေး ပိတ်ဆို့တဲ့ ဒဏ်ကို ခံရတယ် ။အဲဒီလိုဖြစ်တော့ လယ်သမားအများစုဟာ ဒုက္ခ ရောက်နေပြီ။ အဲဒါကိုသိပြီး ဦးတို့ အမျိုးသားနိုင်ငံရေးအင်အားစုထဲကို ၀င်ပြီးလုပ်တာ။ ဥပမာမြို့ကြီးတွေ မှာ ဆိုရင် ကိုရီးယားက စက်ရုံတွေ ပိတ်တယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တယ်။ စီးပွားရေး ပိတ်ဆို့မှု ဟာမြန်မာပြည်နဲ့ မကိုက်တော့ဘူး။ ဒါကြောင့် ဦးတို့က တိုင်းနဲ့ ပြည်နယ် မြို့နယ်ပေါင်း ၄၀ မှာတရားတွေ ဟောတယ်။ ဦးတို့ ပါတီ ရဲ့ အဓိက ရည်ရွယ်ချက်က ကျေးလက်နေပြည်သူတွေရဲ့ စီးပွားရေး မြှင့်တင်ဖို့အ တွက်ကြိုးစားမှာ၊ ပြည်သူတွေရဲ့ စီးပွားရေးလောကကို မြှင်တင်မှာ ဦးတို့ရဲ့ အဓိက အချက်ပဲ။

မေး - ဦးတို့ပါတီအဖွဲ့ဝင်တွေက ဘယ်ဒေသက ပါသလဲ။ ဦးတို့ပါတီအဖွဲ့ဝင် နိုင်ငံရေး လုပ်ဖူးတဲ့လူ တော်တော်ပါလား ။

ဖြေ - ဦးတို့ပါတီဝင်တွေက ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းက လူတွေနဲ့ ပါတီဖွဲ့ဖို့ ကြိုညှိပြီး အဖွဲ့ ဖွဲ့ လိုက်တာပါ။ ဦးက NLD အဖွဲ့ဝင်ပါ။ နိုင်ငံရေးက အများကြီး အတွေ့အကြုံရှိပါတယ်။ ဒုတိယ ဥက္ကဋ္ဌ ဦးလှမြင့် က အခုမှ နိုင်ငံရေးထဲ ၀င်ပါတယ်။

မေး - ဦးတို့ပါတီ အင်အားက ဘယ်လောက်ရှိသွားပြီလဲ

ဖြေ - ပါတီအင်အားက စာရင်းအရတော့ ၁၀၅၆ ယောက်ပါတယ်။ ဖြန့်ထားပြီးသားတွေနဲ့ တွက်ရင် အခုချင်း ပြည်နယ်က ဆိုရင် ၂၀၀၀ လောက်ရပြီ။ ပို့ပေးလိုက်ရမလားလို့ မေးပါတယ်။ စုစုပေါင်းတွက်ရင် အင်အား ၅၀၀၀ ရှိပါပြီ။ ကော်မရှင်မတင်ရသေးပါဘူး။ တင်ဖို့လုပ်နေတုန်းပါ။ အဓိက ကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲရင်းပဲ စည်းရုံးပါတယ်။ အခုတင်တာကတော့ ဒီပဲရင်းမြို့နယ်တစ်ခုတည်းပါ။

မေး - တချို့ပါတီတွေက သဘောထားချင်းတိုက်ဆိုင်ရင် ပါတီချင်းပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်။ ဦးတို့ပါတီ အနေနဲ့ ရော။

ဖြေ - ဦးတို့က အရင် အမျိုးသားနိုင်ငံရေး အင်အားစုလုပ်ခဲ့တုန်းက တူရာတွဲလုပ် မတူတာ ခွဲလုပ်ဆိုပြီး မူချခဲ့ ပါတယ် ။ဦးတို့နဲ့ အရင်တွဲလုပ်ထားတဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ရှိပါတယ်။ အခုဒေါက်တာ သန်းငြိမ်းတို့နဲ့ NLD မှာတွဲလုပ်ခဲ့တယ်ဆိုတော့ သူတို့နဲ့တော့ ဆက်စပ်ရှိပါတယ်။ ကျန်တဲ့ပါတီတွေကတော့ မလေ့လာမိပါဘူး။

မေး - ဒီမိုကရေစိစနစ်ကို ရောက်ရှိသွားတာနဲ့ စီးပွားရေးပိတ်ဆို့မှုကရော ပြောင်းလဲသွားမယ်လို့ ထင်ပါသ လား ။
ဖြေ - အဲဒါကိုတော့ ပြောလိုမရဘူး။ ဒါပေမယ့် စီးပွားရေ ပိတ်ဆို့မှု ပပျောက်အောင်လို့တော့ ဦးတို့ကလည်း လုပ်သွားမှာပါ။ ရွေးကောက်ပွဲပြီးသွားရင် ဦးတို့က ပူးပေါင်းပြီး စီးပွားရေးလုပ်မယ်။ ကျေးလက်နေပြည်သူတွေ ရဲ့ ဘ၀ကို မြှင့်တင်ပေးမှာပါ ။ 

မေး - ဦးအနေနဲ့ ပါဝင်ယှဉ်ပြိုင်ရင် ဘယ်နေရာကနေပြိးပါဝင်ယှဉ်ပြိုင်မှာပါလဲ ။

ဖြေ - ဦးအနေနဲ့ ကတော့ ဒီပဲယင်းကနေထွက်မယ်။ စစ်ကိုင်းတိုင်းထဲမှာ ဦးတို့က ၁၀ မြို့နယ် ရထားပါတယ်။ အခုမကွေးတိုင်းက သရက် ၊ တောင်တွင်းကြီး ရှိတယ်။ ချင်းပြည်နယ်က ၅ မြို့နယ် ၊ မန္တလေးတိုင်းက ၃ မြို့ နယ်လုပ်ထားပါတယ်။ အားလုံးပေါင်း ၂၂ မြို့နယ် စာရင်းလုပ်ပြီးပါပြီ။ ဆိုင်းဘုတ်တင်ပြီးတာက ၄၊ ၅ မြို့နယ် ပဲရှိပါသေးတယ်။ အဖွဲ့အစည်းတွေက ဖွဲ့ပြီးပါပြီ ။

မေး - တချို့ပါတီက နိုင်ငံရေးကိုပဲ ဦးစားပေးလုပ်တယ် ။ ဦးတို့ပါတီက စီးပွားရေးပိတ်ဆို့မှုကို လုပ်တယ်။ အဲ့ဒါ တစ်ပိုင်တနိုင် လုပ်တယ်လို့ ပြောလို့ ရမလား။
ဖြေ - အဲဒါဟုတ်ပါတယ်။ ဦးကိုယ်တိုင်က လယ်သမားတစ်ဦးပါ။ အဲဒီတော့ လယ်သမားတစ်ဦးရဲ့ခံစားချက်ကို သိတယ်။ ရွေးကောက်ပွဲ နိုင်လို့ ပါလာရင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကို ဆွဲထားပါတယ်။

မေး - ဦးတို့ စည်းရုံးရေးဆင်းရင် ဘာအခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ - အခက်အခဲကတော့ သိပ်မတွေ့ရပါဘူး။ ဦးတို့ စည်းရုံးမှ ပါတီထဲဝင်လာတဲ့ အဖွဲ့အစည်းရှိသလို ဦးအပေါ် ယုံကြည်ချက်နဲ့ ၀င်လာတာရှိပါတယ် ။ များသောအားဖြင့် ဦးတို့လုပ်မယ့် လုပ်ငန်းစဉ်တွေကို ချပြရင် အလိုလို ၀င်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးလက်နေ လယ်သမားတွေဖြစ်တဲ့အတွက် ကြောင့်ပါ။

မေး - ၁၉၉၀ တုန်းက လည်း ဦးပါဝင်ယှဉ်ပြိုင်ဖူးပါသလား။ အဲဒီတုန်းက ပါဝင်ယှဉ်ပြိုင်တုန်းက အခုလိုပဲ ကျေး လတ်ပြည်သူအတွက် စဉ်းစားပြီး ယှဉ်ပြိုင်ခဲ့တာလား ။

ဖြေ - ၁၉၉၀ တုန်းကတော့ ဒီပဲယင်းက NLD အမတ်အဖြစ်နဲ့ အရွေးခံခဲ့ပါတယ်။ အဲဒီတုန်းကတော့ အခုလိုမ ဟုတ်ဘူး။ ဒီမိုကရေစီ ရရေးပဲအော်ခဲ့တာပါ။ အခုတော့ဒီမိုကရေစီကို အဓိကမထားဘဲနဲ့ ဒီမိုကရေစီကလည်း ဖွဲစည်းပုံ အခြေခံဥပဒေအရ အထိုက်အလျောက်ရှိနေတာ ဖြစ်တဲ့အတွက် ဦးတို့ဘာလုပ်သင့်ရင် ကောင်းမလဲ လို့ စဉ်းစားတဲ့အခါမှာ အဓိက ဆင်းရဲဒုက္ခရောက်နေတာ ကျေးလတ်ဒေသဖြစ်နေတယ်။  ကျေးလတ်ဒေသကို မြင့်တင်တဲ့ ရည်ရွယ်ချက်နဲ့ ၀င်ယှဉ်ပြိုင်တာပါ။ ဖွဲ့စည်းပုံအခြေခံအရ ပါတီရပ်တည်ခွင့်ရအောင် သုံးမြို့နယ် နိုင်ရမယ်ဆိုရင် နိုင်အောင်လုပ်မှာပါ။ ရွေးကောက်ပွဲကို အာရုံမထားဘူး။ မလွဲမသွေ ပါတီထောင်ဝင်ရမယ် ဆိုတဲ့ မူရေးတစ်ချက်အရနဲ့  ပါတီရပ်တည်ခွင့် ရအောင် ၀င်ပြိုင်မှာပါ။

မေး - ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ဘာတွေကွာခြားပါသလဲ ။

ဖြေ - ၁၉၉၀ နဲ့မတူတဲ့ တစ်ချက်က ၈လေးလုံးက ဒီမိုကရေစီရရှိရေးပဲ အော်ခဲပတာ။ အခုက အခြေခံဥပဒေ လည်းပေါ်ပြီး အဲဒီအထဲမှာ ဒီမိုကရေစီမေးမယ်ဆိုတဲ့ စကားတွေလည်းပါတယ်။ ဆိုလိုတာက တစ်ချို့က ပြောတယ် ။ ရွေးကောက်ပွဲမှာ တပ်မတော်ပါတဲ့အတွက် ဒီမိုကရေစီ အစစ်မဟုတ်ဘူးလို့ပြောတယ်။ မြန်မာ ပြည်အနေအထား အရပေါ့။ လွတ်လပ်ရေးကြိုးပမ်းတုန်းကလည်း တပ်မတော်ပါခဲ့တာပါပဲ။ ဦးဆိုလိုတာက တပ်မတော် မပါလို့မဖြစ်တဲ့ အနေအထားတွေ ရှိတယ်။ အခုအခြေခံဥပဒေမှာလည်း တပ်မတော်က ၂၅ % ပဲ ယူထားတာ။ ကျန်တဲ့ ၇၅ %က ပြည်သူတွေကိုပေးထားတယ်။ ပမာဏအဆင့်အရ တပ်မတော်နဲ့ တွဲအုပ်ချုပ်မှ ရမယ် ။ အာရှမှာလည်း အင်ဒိုနီးရှားက အခုလိုပဲလုပ်သွားတာ ။ ။ ။ 


Envoy Journal 19-8-2010 ပါ interview အား အများသိရှိဝေဖန်နိုင်စေရန် ပြန်လည်ဖော်ပြပါသည်။
အာဏာရှင်ရဲ့ ရွေးကောက်ပွဲကြီး အထမြောက်ဖို့အတွက် တက်အားသ၍ ၀င်ရောက်အားဖြည့်ပေးနေကြသူ တွေပါ ။ 
တပ်မတော်က လွပ်လပ်ရေးအတွက်တိုက်တဲ့တပ်မတော်မဟုတ်တော့ဘူး ။ ပြည်သူကို တိုက်တဲ့ တပ်မတော် ဆိုတာတော့ သိပြီးသားဖြစ်မှာပါ ။ 

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !