Home » » စစ်အစိုးရ ကို စုံစမ်းမည့် ကော်မရှင် အား အမေရိကန် က ထောက်ခံ

စစ်အစိုးရ ကို စုံစမ်းမည့် ကော်မရှင် အား အမေရိကန် က ထောက်ခံ



မြန်မာ စစ်အစိုးရ ၏ လူ့  အခွင့် အရေး ချိုးဖောက်မှု များ နှင့် ရာ ဇ၀တ် မှု ကျူးလွန် ခဲ့ ခြင်းများ ကို ကော်မရှင် ဖွဲ့ ၍ စစ်ဆေးမည့် အစီအစဉ် ကို အမေရိကန် ပြည်ထောင်စု က ထောက် ခံအား ပေး မှု ပြုသည် ဟုအ စိုးရပြန်တမ်း များ ကို သတင်း ထုတ် ပြန်ထား သည့် အင်တာနက်စာ မျက် နှာ တွင် ဖော်ပြထားသည်။
မြန်မာ ပြည်သူများ နဲ့  တိုင်းရင်း သား မျိုး နွယ်စု များအပေါ် ကျူး လွန် ခဲ့ တဲ့ စစ်အစိုးရ ရဲ့  လုပ်ရပ်တွေ အတွက် ကုလ သမဂ္ဂ ကနေ ဦးဆောင် ဖွဲ့ စည်း မဲ့ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင် ဟာစစ်အစိုးရ ခေါင်းဆောင်းများ အပါအ၀င် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ရည်ရွယ် ထား ခြင်း ဖြစ်သည်။ ကုလသ မဂ္ဂ ၏ စုံစမ်း စစ်ဆေးရေး ကော်မရှင် အား ဗြိတိန် ၊သြစတေးလျှ ၊ချက် နှင့် စလိုဗက်ကီးယား နိုင်ငံ များ မှ လည်း အမေရိကန် ပြည်ထောင် စု ကဲ့ သို့ ပင် ထောက် ခံ ထား သည် ။
မြန်မာ နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးသံ မစ္စတာ သောမတ်(စ) အိုဂျေ ကွင်တားနား ၏ မတ်လ တွင်း က
ကုလ အထွေထွေ အတွင်း ရေးမှုး ချုပ် ထံ အစီရင် ခံစာ ဉ် မြန်မာ စစ်အစိုးရသည် လူ့ အခွင့် အရေး ချိုး ဖောက်မှုလုပ်ငန်း များ ကို စနစ် တကျ လုပ်ဆောင်နေသည် ပြီး ထို လုပ်ဆောင်မှု များ သည့် လျှော့ပါး သွား ခြင်းမရှိ ပဲ ပိုတိုး လာ သည် ဟု ဖော်ပြထား သည်။အမေရိကန် က ထောက်ခံမမှု အား သောမတ်(စ) အိုဂျေ ကွင်တားနား က ကြိုဆိုလိုက်သည်။ကွင်တားနားသည် ထို ကော်မရှင် ဖွဲ့ စည်းရန် အဆို ပြုသူများ ထဲမှ တစ်ဦး ဖြစ်သည်။

Freedom News Group

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !