Home » » NLD ရွေးကောက်ပွဲ သပိတ်မှောက်

NLD ရွေးကောက်ပွဲ သပိတ်မှောက်

NLD ခေါင်းဆောင်များ

လာမဲ့ နိုဝင်ဘာလ ၇ ရက်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို NLD ပါတီအနေနဲ့ သပိတ်မှောက် ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ် ။

NLD အနေနဲ့ ပါတီမှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲလည်း မ၀င်ဘူးလို့ မူလကတည်းက ပြောထားပြီးဖြစ်ပါ တယ်။

အခုတစ်ခါ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတော့ ဘာထူးလည်းလို့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို မေး ကြည့်ရာမှာ အစစအရာရာ တောင်းဆိုတာ မရလို့ ရွေးကောက်ပွဲမ၀င်တာ ဖြစ်ကြောင်း၊ အခုတစ်ခါ အောက် ခြေ မှာနားလည်အောင် ပါတီရဲ့မူဝါဒကို ရှင်းရှင်းချပြရတာဖြစ်ကြောင်း ဘီဘီစီ ကိုပြောပါတယ်။

ဒါဟာအစိုးရကို ထိပ်တိုက်ရင်ဆိုင်တာမဟုတ်သလို လူထုအနေနဲ့လည်း ဥပဒေအရ မဲမပေးရင်လည်း နေခွင့် ရှိကြောင်းပြောပါတယ် ။ ဒီလိုကြေညာလို့ အခြေအနေ မရှုပ်ထွေးနိုင်ဘူးလို့လည်း ဦးတင်ဦးက ဘီဘီစီကို ပြောသွားပါတယ်။

ဘီဘီစီ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !