“လူတစ်ဦး တစ်ဖွဲ့တည်းအတွက်
သည်းခံမှုများနှင့်
ကာလဒေသအလျောက်
လိုက်လျောဆက်ဆံပေါင်းသင်းနေထိုင်ခြင်း
ဘ၀များစွာတို့ထက်
လူများစွားတို့နေ့စဉ်သွားလာလှုပ်ရှား
နေကြရသောနေရာများ၌လည်း
ထိုသို့နှယ် သည်းခံခြင်းအ၀၀ကို
လက်ကိုင်ထားနေရသည့်
ဖြစ်ရပ်များကို သတိပြုမိလာရာ ”
“သခင်မျိုးဟေ့ဒို့ဗမာ” ဆိုတာရှိခဲ့ပါသည်။ ယခုတော့ ခေတ်ပြောင်းခဲ့ပြီမို့ “ သည်းခံမျိုးဟေ့ဒို့ဗမာ” ဖြစ်နေပြီ ထင်ပါသည်။ အင်္ဂလိပ်အုပ်စိုးခဲ့တဲ့ အချိန်တွေ ဖက်ဆစ်ဂျပန်တို့ ဆိုးသွမ်းမင်းမူတဲ့ နှစ်တွေမှာ ကျွန်စိတ်ပျောက် ခဲ့ပြီး သခင်စိတ်ကို မွေးမြူနိုင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကြောင့် လွပ်လပ်တဲ့ မြန်မာပြည်၊ ၂၁ ရာ စုရဲ့ မြန်မာပြည်မှာ ဗမာလူမျိုးအဖြစ် မွေးဖွားခွင့် ရခဲ့သည်။ ရောင့်ရဲ တင်းတိမ်တတ်သော၊ သနားကြင်နာ၍ ရိုင်းပင်းကူညီတတ်သော၊ ရန်လိုမှုနည်းပါ၍ သည်းခံတတ်သော စိတ်ဓာတ် အခြေခံဖြင့် မြန်မာနိုင်ငံအတွင်း သမိုင်းရေစီးကြောင်းတစ်ခု မှာ မျောမှန်းမသိ မျောပါနေကြသူတို့မှာ တချို့ဝန်ထမ်းများဘ၀မှာ၊ တချို့ကစီး ပွား ရှာတဲ့ ဘ၀မှာ၊ တချို့က တီထွင်ကြံဆနေတဲ့ ဘ၀မှာ၊ တချို့က ပြောင်းလဲမှုဖြစ်စဉ်တိုင်းကို လေ့လာသု သေသန ပြုတဲ့ ဘ၀မှာ၊ တချို့က ရသမြောက်ရေးသားကြတဲ့ ဘ၀မှာ၊ တချို့က ဆေးသမားတော် ဘ၀မှာ၊ တ ချို့က အနုပညာရှင် ဘ၀မှာ၊ တချို့က နိုင်ငံရေးသမား ဘ၀မှာ၊ တချို့က လယ်သမား - အလုပ်သမားတွေ ဘ ၀မှာ ၊ တချို့က သာသနာဝန်ထမ်းသာသနာပြုဘ၀မှာ အသီးသီး ဖြစ်နေကြသည်။
ကျွန်တော်က ငယ်စဉ်မှာ ဘုန်းကြီးကျောင်းသားဖြစ်ခဲ့ တော့ ဆရာတော်ကြီးတွေရဲ့ အထာကို အတန်အသင့် သိခဲ့ရသည်။ ကုသိုလ်ကံဖေးမလို့ အကျော်ဇေယျဆရာတော်တွေနဲ့ ဆုံခွင့်ရခဲ့သည်။ ဒီနေရာမှာ သည်းခံ ခြင်း ကို ယခုအရွယ်ရောက်တော့ ပြန်ပြီးခံစားနားလည်ရပြီ။ ပရိယတ် ပဋိပါတ် မြောက်အောင် အားထုတ်ကျင့်ကြံ နိုင်ခဲ့ကြတဲ့ ဆရာတော်ကြီးတွေမှာ ၀ိနည်းတော် မပျက်အောင် ဒကာ၊ ဒကာမတွေနဲ့ ပြောဆိုဆက်ဆံကြပါ တယ်။ ရင်းနှီးလာတော့ ဒကာ၊ ဒကာမတွေက ဆရာတော်တွေပြောတာတွေကို လွယ်လွယ်နားထောင် လွယ် လွယ်မေ့ ဆရာတော်ကြီး စိတ်ထဲမှာ ရှိသည်ကို ကိုယ်တွေက မမြင်မသိနိုင်ကြတော့ မိမိဖြစ်ချင်တာ မိမိဖြစ် လိုတာကို ဦးစားပေးရှေ့တန်းတင် လျှောက်ထားတတ်ကြရာမှာ မိမိဖြစ်ချင်တဲ့ လိုချင်ဆန္ဒဇောတွေ ကယ်နေခဲ့ တာဖြစ်ပါတယ်။
ကျွန်တော်တို့တွေ စာရေးဆရာဘ၀မရောက်ခင် အဖွဲ့အစည်း အသင်းအပင်းတွေနဲ့ လူငယ်ပီပီ တက်တက် ကြွကြွ ရှိခဲ့ပါသည် ။ တက္ကသိုလ်ကျောင်းတက်တော့ ဒဂုံတက္ကသိုလ်ဖွင့်စ အရိပ်အာဝသ မရှိတဲ့ နေပူပြင်းထဲ လျှောက်နေခဲ့ပြီး ကျောင်းထဲအထိ ၀င်တဲ့ လိုင်းကားများ ရှားပါးတဲ့ ကာလ ကျောင်းချိန်တွေကို ကျော်ဖြတ်ကာ တက္ကသိုလ် ပညာကို ဆုံးခန်းတိုင်အောင် သင်ခဲ့ရသည် ။ သင်္ချာ အသင်း၊ အနုပညာအသင်းတွေမှာ ပါတယ်ဆို ပြီး၊ တက်ကြွနေခဲ့တာပေါ့။ အတန်းတက်ဖက် မေဂျာတူ သူငယ်ချင်းတွေကလည်း ဘာဝါသနာမှမရှိဘဲ အနုပ ညာအသင်း ၀င်ချင်လို့တဲ့၊ အနုပညာ ၀ါသနာ တစိုးတစိ မရှိပါဘဲ ဘာလုပ်မလဲ ပြန်မေး၊ ပြန်ရှင်းရတာ တမှောက်။ သူတို့ဝါသနာက အနုပညာအသင်းဝင် ကျောင်းသူတွေက ချောလို့တဲ့ ။ ဤသို့နှယ် တက္ကသိုလ် ကျောင်းသားအပေါင်း ...............
The Hot News Journal Vol-1 No-5 20.5.2010 ပါ ဆောင်းပါးရှင် ဓမ္မပါလမြို့သား ရေးသားချက်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည် ။
ဆက်လက်တွေးစရာတွေကျန်နေပါသေးသည်။
သည်းခံလွန်းတဲ့ ဒို့လူမျိုး သည်းခံလွန်းလို့ မြေကြီးထဲဝင်တော့မယ်။
သည်းမခံနိုင်တဲ့ ဒို့တစ်တွေဘာတွေဆက်လုပ်ကြမည် >>>>>>>>
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !