ပညာ


ဆရာဆစ်ဒနီဟုခ် (Sidney Hook) က နယူးယောက် တက္ကသိုလ်မှ ဒဿနိကဗေဒ ပါမောက္ခတစ်ဦးဖြစ်သည်။ အဲ သည်တက္ကသိုလ်တွင် ၄၅ နှစ်တာမျှ ပညာသင်ကြားပို့ချခဲ့ပြီး၊ အသက် ၇၀ တွင် အနားယူသည် တပည့်များနှင့် ခွဲ ခွာမည့်နေ့ နောက်ဆုံး စာသင်တန်းတွင်မူ တစ်သက်လုံး သူတစ်ပါးအယူအဆများကိုချည်း ရှင်းလင်းသင်ပြလာ ခဲ့သော ဆရာကြီးက အမှတ်တရ နှုတ်ဆက် သြ၀ါဒအဖြစ် ပညာသင်ကြားရေးဆိုင်ရာ သူ၏ ကိုယ်ပိုင်အယူအဆ တစ်ရပ်ကို ပြောပြသွားခဲ့သည်။
သူ့အယူအဆ အနှစ်ချုပ်က --
အသိဥာဏ် (Intelligence) ဆိုတာ အလွန်အဖိုးတန်သည်။ သူ့ကို အစားထိုးနိုင်သောအရာ မရှိ။
သို့သော် သူ့ချည်းသက်သက်ဖြင့်တော့ မလုံလောက်။ သတ္တိရှိဖို့လည်း လိုသေးသည်။ သတ္တိဆိုတာက စိတ်ဓာတ် ရေးရာ သတ္တိ( moral courage) ကိုဆိုလိုခြင်း ဖြစ်သည်။
လူသည် အသိဥာဏ်ရှိမှသာ အကောင်း- အဆိုး၊ အမှား - အမှန်၊ တရား- မတရား ဟူသည်ကို ပိုင်းခြားသိမြင် နိုင်မည်။ သို့သော် စိတ်ဓာတ် သတ္တိလည်း ရှိမှသာ အသိဥာဏ်က ခွဲခြားပြညွန်သည့် အတိုင်း လိုက်ပါ ဆောင် ရွက်နိုင်မည်။
ကောင်းတာကိုလုပ်နိုင်မည် ။
အမှန်ဘက်က ရပ်တည်နိုင်မည်။
တရားသဖြင့် ဖြစ်အောင်စွမ်းဆောင်နိုင်မည်။
တစ်ဖက်တွင်လည်း စိတ်ဓာတ်သတ္တိချည်း ရှိပြီး ဥာဏ်အမြှော်အမြင်မရှိက မပြည့်စုံ ။ မပြည့်စုံရုံတင်မက အန္တ ရာယ်ပင် ရှိသေးသည်။
အဲသည် လူမျိုးသည် တစ်ယူသန် သမား၊ အယူသည်း အစွန်းရောက် သမား ဖြစ်သွားနိုင်သည်။
ထို့ကြောင့် နှစ်ခုလုံး ပြည့်စုံဖို့ လိုသည်။

ပညာသင်ကြားခြင်း ဟူသည် အသိဥာဏ်ရော စိတ်ဓာတ် သတ္တိပါ ဖွံ့ဖြိုးပြည့်ဝအောင် ဖြည့်ဆည်း ပေးခြင်းမျိုး ဖြစ်သင့်သည်ူ၏ ဟူ၍ ဖြစ်ပါသည်။

ဖေမြင့် ( စာအုပ်သမား၏ မှတ်စုများ)

မပြောမိသော အမှားများ ပြောမိသော မေးမိသော အမှားများနှင့်
တလွဲထင် အမှားများအတွက် တောင်းပန်ပါ၏။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !