နံနက်ခင်းတိုင်းမှာ ၂၀၀တန် (အထူး) ယဉ်နှင့် အတူ မဟာတက္ကသိုလ် ကျောင်းတော်ကြီးကို ဘတ်(စ်)ကား တိုးဝှေ့စီးရင်း နေ့စဉ် မြင်တွေ့နေရတဲ့ ခေတ်ပေါ် မြန်မာမလေးတွေ အကြောင်းကို ဖောက်သည် ချချင်ပါတယ်။ ယဉ်ပေါ်မှာတော့ သူလို ကိုယ်လို ကျောင်းသားတွေနဲ့ ကျောင်းသူတွေလည်း ပါတယ်။ သူတို့ကို ကြည့်ရတာ တယ်အရသာရှိ သလားတော့ မမေးနဲ့။ “ရှယ်” လေးတွေ။ အလုပ် သွားမည့် “ မမ” တွေ ကလည်း မိုက်တယ်။ “လန် ထွက် ပြီးတော့ လျှံ တက်နေတာ၊ သံ Brush” နဲ့ တောင် တိုက်ချင်စိတ် ပေါ်လောက်အောင်ကိုပေါ့။
စကတ်တိုနဲ့ မပျို မပျက်ချင်ပါဘူး။ ကားပေါ်အထိကို စကတ်တိုတွေနဲ့ အပြတ်ကို ဂိုက်ပေးနေကြတယ်လေ။ စကိုတတ် (စကတ်တို) နဲ့ ကားပေါ် တတ်အလာ ခြေက အကြွ ဟာ. . . ဟာ. . . ဟာ နဲ့ ကို နေသွားတာ ။ ပါးစပ်က အံ့သြ လို့ ဟာ. . တာလည်း ပါတယ်။ သူတို့ စကတ်တွေ အောက် က “ဟာ” သွားတာလည်း ပါတယ်။ ဒါ အတက် ကလေးပဲ ရှိသေးတယ်နော်။ ထိုင်ခုံ အမြင့်ပေါ် ထိုင်လိုက်ရင် ပိုဆိုးသေးတယ်။။ အောက်ခံ ဘာ အရောင်ဝတ်လည်းတောင် တွေ့ရတယ်။ ကိုရီးယားကားက အရှက်မရှိ သရုပ်ဆောင်တွေကို အားကျ နေကြတယ်လေ။
ခုနက ပြောတာ အထူး ယဉ်တွေ ၊ ကားကြီးတွေမှာဖြစ်တဲ့ အသေးအမွှားလေးတွေပါ။ ဒိုင်နာ ပေါ်မှာ ဆိုရင် ပိုတောင်ဆိုးသေးတယ်။ ဒိုင်နာ ခြေနင်းခုံတွေက မြင့်တယ်လေ။ အမြင့်ကို စကတ်တိုနဲ့ တက်တော့ ကားဂိတ်မှာ၊ အများစိတ်ကို တအားထိတ်အောင် လုပ်နေသလိုပဲ။ နှမချင်းကိုယ်ချင်းစာတဲ့လူက နည်းတဲ့ ခေတ်ကြီးမှာ ကားပေါ်မှာလည်း အများအပေါ် တအား လျှော် ပေးနေ သလိုပါပဲ။ ဟိုင်းလတ်ပေါ်မှာကတော့ အဆိုး ဆုံးပေါ့ဗျာ.. . ခုံလေးတွေက သေးသေးလေးတွေ။ ဒူးထောင်ပြီး ထိုင်ရတာ။ အနေအထိုင် မတတ်သူတွေနဲ့ ခေတ် ရှေ့ပြေးသူတွေ အတွက်တော့ ဒူးထောင်ပြီး ပြနေသလိုပါဘဲ။
တချို့ကျတော့ စကတ်တို မ၀တ်လာဘူး ၊ မြန်မာ ဆန်ဆန် မြန်မာဝတ်စုံ လေးနဲ့ပါ။ ဒါပေမဲ့ အသားက ပါးပါးလွှာလွှာဆိုတော့ လျှိုဝှက်ထားသင့်တဲ့ ကိုယ်အဂါင်္ အစိတ်အပိုင်း အားလုံးဟာ “နေ” ရောင်အောက်မှာ ထင်းခနဲ ၊ လင်းခနဲ ပါဘဲ။ ပြီးတော့ ကားပေါ်မှာ မတွေ့ချင်မှ အဆုံး အမြဲတမ်း မြင်တွေ့နေကြရတာက ရင်ဘတ် ဟိုက်ဟိုက်တွေနဲ့လေ၊ ဘာတွေလည်း ဆိုတာတော့ သိမှာပါ။ စတော်ကီနဲ့လည်း ဆိုးသေးတာပဲ၊ စတော်ကီ ၀တ်ပြီး အကျီင်္ အရှည်ဝတ်ရင် ပြဿနာ မရှိဘူး ။စတော်ကီနဲ့ အကျီင်္တို ၀တ်လိုက်တော့ ကွက်တိပဲ။ အောက်ပိုင်း တင်သားအလှ ထင်းနေတော့တာ။ သြော်…. ခေတ်ရဲ့ သမီးပျိုတွေများ ဂျောက်ဂျက် သီချင်းလို ဖြစ်နေပြီ “ ဒီ အမျိုးသမီးရဲ့ အိုးကြီးကြီးကို အကျိုးရှိရှိနဲ့ အပီ ခိုးပြီးကြည့်တယ်” (တယ်လားမယ် လားပဲ)
တချို့ကတော့ လမ်းလျှောက်ရင် မလုံ့တလုံလေးတွေဝတ်တော့ ပုရိသတွေ ခမျာ သွားရည်တမျှားမျှားနဲ့ပေါ့။ မိန်းကလေးတွေ ၀တ်တာစားတာ ခေတ်မှီတာ ကောင်းပါတယ်။ ခေတ်လွန်ရင်တော့ မကောင်းဘူးပေါ့။ ခုဟာက ကိုယ့်ကိုကိုယ် ဘာဖြစ်လို့ ဖြစ်မှန်း မသိကြဘူး။ ကိုယ့်ရဲ့ခန္တာကိုယ်ကို “ကြေငြာနေတာလားလို့” ပြောရင် ရိုင်းတယ် ပြောဦးမယ်။
မိန်းကလေးတွေ ၀တ်စားထားတာ မလုံတော့ ပုရိသယောကျာ်းတွေက ကြည့်၊ ပိုင်ရှင် မရှိရင် ချက်ခြင်းတော့ ရန်မဖြစ်သေးဘူး ။ ပိုင်ရှင်ရှိရင် ချက်ခြင်းဖြစ်တော့တာပဲ။ မဖြစ်ရင်လည်း စိတ်ထဲက တမျိုးတော့ ဖြစ်ကြလိမ့်မယ်။ မဖြစ်တဲ့ အတွဲတွေကတော့ မနာတတ်လို့ မရှက်တတ်လို့ပေါ့။ အကို မောင်ဘွားတွေ ရှိရင် ဘယ်လောက် ဒေါသထွက်ကြမလဲ။ ကိုယ့်နှမ ကိုယ့်အစ်မ ဖြစ်ပျက်နေတာတွေကို သိရင်ပေါ့လေ။ ယဉ်ကျေးတဲ့ အသိုင်းအ၀န်းက ဆိုတဲ့ ခင်ဗျားတို့ တွေပဲ ယဉ်ကျေးတာလား ကျုပ်ကပဲ မိုက်ရိုင်းတာလား ဆိုတာကိုတော့ ကြိုက်သလို ဆုံးဖြတ်လို့ ရတယ်။
မိဘတွေရော် အခုလို ဖြစ်ပျက်နေတာကို မသိကြတော့ဘူးလား။ ကိုယ့်သားသမီး နောက်ကွယ်မှာ ဘာတွေ ဖြစ်နေလည်း၊ သင်တန်းပြောပြီး ကန်ဘောင်များ ရောက်နေသလား၊ ရုပ်ရှင်ရုံများ ရောက်နေမလား။ တည်းခိုခန်းများ ရောက်နေမလား ဆိုတာကို မတွေးမိကြတော့ဘူးလား။ (သားသမီးပေါ် ရင်အုပ်မကွာ စောင့်ရှောက်နေတဲ့ မိဘတွေ ကိုတော့ မဆိုလိုပါ) မြန်မာ မိန်းကလေးတွေ အနေနဲ့ ကိုရီးယားကား အတုခိုး။ အနောက်တိုင်း ယဉ်ကျေးမှုတွေ နည်းနာယူပြီး လိုက်နာဆောင်ရွက်နေကြတာတွေကို ပြင်သင့်ပါတယ်။ ဗမာမတွေ ထဘီ ကောင်းကောင်း ၀တ်တတ်ကြရဲ့လား၊ ဗမာဆိုတာ ဘာလည်း သိသေးရဲ့လား။ ဘာနဲ့လူလုပ်နေတာလည်း၊ ရှေးက လူကြီးတွေ ပြောခဲ့ကြတဲ့၊ လိုက်နာကျင့်သုံးခဲ့ကြတဲ့ စကားလေး တစ်ခွန်းဖြစ်တဲ့ ဗမာလူမျိုးတွေ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး၊ အရှက်နဲ့ လူ လုပ်တာ ဆိုတာကိုရော် သတိရမှ ရကြပါသေးရဲ့လားလို့ မေးချင်ပါတယ်။
ဗမာဆန်ဆန် ထဘီကြီးဝတ်ပြီး ရင်ဖုံးနဲ့ ဆံထုံးနဲ့ နေခိုင်းတာ မဟုတ်ပါဘူး။ ခေတ်နှင့်လည်းညီ အမြင်လည်း မရိုင်းတဲ့ အ၀တ်တွေ၊ လုံခြုံတဲ့ အ၀တ်မျိုးတွေကို ၀တ်စေချင်ပါတယ်။ မုဒိန်းကျင့် ခံရတော့မှ အရပ်ကယ်ပါ ၊ ရဲကူပါလို့တော့ မရဘူး။ အပျိုရည်က ပျက်သွားပြီ။ အမျိုးကောင်းသမီးလေးတွေ အိပ်ချင်တဲ့ ရည်းစားနဲ့ အိပ်ပြီးမှ ယူချင်တဲ့ သူကို ယူကြမယ်လို့တော့ မထင်ပါ။ ပြန်လည်ပြင်ဆင် အပျိုအသွင်လို့တော့ မပြောပါနဲ့။ ကိုယ့်ကိုကိုယ် မလိမ်ကြပါနဲ့။ အရှက်နှင့် လူလုပ်နေတဲ့ ဗမာလူမျိုးတွေ ခုချိန်မှာတော့ ကမ္ဘာ့အလယ်မှာ ဗမာလူမျိုး အရှက်မရှိတော့ဘူး လို့ ပြောရလောက်အောင်ကို ဖြစ်နေပါပြီ။ Internet ပေါ်က မြန်မာ လိင်ဇာတ်ကားတွေကို ဆက်လက် မပေါ်စေလိုပါဘူး။ ပန်းခြံ အတွင်း နှစ်ပါးသွား ခင်းခြင်း၊ တည်းခိုခန်းက အချစ်စစ်ပွဲတွေလို မဖြစ်စေလိုပါဘူး။ “မိမိ ပစ္စည်း မိမိတာဝန်” ဆိုတဲ့ စကားလေးဟာ မြန်မာလူငယ်တွေ အတွက် မဖြစ်စေချင်ဘူး။
တချို့ သရုပ်ဆောင်မမတွေလို ဗမာ အားမရ အင်္ဂလိပ်မှ ဆိုပြီး ထောက်ပံ့သူရှာတဲ့ အလုပ်မျိုးကိုလည်း ပြည်တွင်း ပြည်ပမှာ ရောက်နေတဲ့ လူငယ်တွေကို မဖြစ်စေချင်ပါဘူး။ သရုပ်ဆောင်လုပ်မဲ့ အမျိုးကောင်းသမီးတွေ ပါသလို၊ အခြားအမျိုးကောင်း သမီးတွေကိုလည်း ပြောချင်တာကတော့ ပျော်တတ်သော ကာလသားကြီးများကို ရှောင်ပါ။ Internet ပေါ်မှ ပုရိသချောချော လေးတွေကိုလည်း ရှောင်ကြပါ။ “ လှတာနဲ့ ပိုက်ဆံ ရှိတာမက်ရင် ညစာ ငတ် ကာ၊ A ကိုက်တတ်ကြောင်း” သတိပေး တင်ပြလိုက်ရပါတယ်..…
ဆောင်းပါးရှင် - လင်းသက်ငြိမ်
ပြည်သူ့စေတနာ ၀န်ထမ်းအသင်း မှပြန်လည်ကူးယူဖော်ပြပါသည်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !