Home » » ပျက်အောင် ဖျက်ရမည်ဟု သာ သန္ဓိဋ္ဌာန်ချပါ

ပျက်အောင် ဖျက်ရမည်ဟု သာ သန္ဓိဋ္ဌာန်ချပါ

၂၀၁၀ တစ်ဖက်သတ်ရွေးကောက်ပွဲ

ပျက်အောင်ဖျက်ရမည်
လွတ်မြောက်ဖို့ တော်လှန်
သုံးခါပြန် သေပွဲဆင်
ပန်းတော့မ၀င်
အခါခါရှုံးသော်ငြား
အသွေးထဲအသားထဲက
သေဖို့မကြောက်ရ
အချိန်တွေဖြုန်းခဲ့သမျှ
အရှုံးထွက်တာသာ
အဖက်တင်နေမှာပေါ့
နေသည်ထက်
သေလည်းမြတ်သည်
ထောင်နံရံဝန်းရံထားတဲ့
မြန်မာပြည်ကြီး
ထောင်တံခါးတို့
ရိုက်ချိုးလို့
ပြုလိုသမျှ လုပ်လို့သမျှ
လွတ်လပ်ရဖို့
နောက်တစ်ကြိမ် တိုက်ပွဲဝင်ကြစို့ ။ ။
NLD ပါတီသည် တရားဝင်အစိုးရဖြစ်သည်

စစ်တပ်သည် အာဏာကို လုယူထားသည်
အဖြစ်အပျက်တွေကတော့ကျော်မကောင်းကြားမကောင်းပါပဲ။ ကျွန်တော်တို့ပြည်သူတွေကတော့ အစိုးရကို အ မြဲတမ်း ဆန့်ကျင်သူဖြစ်တဲ့ အတွက် သပိတ်မှောက် တယ်ပဲပြောပြော ဆန့်ကျင်တယ်ပဲပြောပြော လုပ်ကိုလုပ်ရ မှာက ဒီရွေးကောက်ပွဲ မပျက်ပျက်အောင်ဖျက်ဖို့ပါပဲ။ ပြည်သူတွေ သွေးအေးနေပါတယ်။ လူထုကြီးက သွေးအေး နေပေမယ့် အာဏာရှင် (သောက်ရူး)တို့ကတော့ သွေးမအေးနိုင်ကြဘူး။ (အာဏာ- အာဏာ)ဆိုတာကို နှုတ်က တဖွဖွမြည်တမ်းပြီး လုပ်ချင်ရာကိုလုပ်နေတာ ။ ပြည်သူတွေ တင်မြှောက်ထားသော အစိုးရသည် ရှိပြီး ဖြစ်သည် ကို တစ်ကမ္ဘာလုံက သိပါသည်။ ထို့အတွက်ကြောင့် အာဏာရှင်၏ ဖျက်သိမ်းပါတီများ စာရင်းသည် ရုပ်တိမတန် သောလုပ် ရပ်မျှသာဖြစ်သည်ဟုဆိုချင်ပါသည်။ ရုပ်တိမတန်ဟုဆိုသော်လည်း လက်နက်အားကိုးနှင့် ရှေ့ဆက် တိုး၍ လုပ်ဆောင်လာမည့် လုပ်ရပ်များသည် ဒီမိုကရေစီသို့ ဦးတည်ချီတက်နေသော လမ်းစဉ်မဟုတ်သော ကြံ့ ဖွတ်ပါတီ တစ်ပါတီတည်းသာ ဦးဆောင်သွားမည့် တစ်ပါတီ စနစ်ပုံစံဟု ပင်ဆိုရမည်ဖြစ်သည်။
ဘယ်နည်းဘယ်ပုံလုပ်ဆောင်နေသည် ဖြစ်စေ ကျွန်တော်တို့၏ ယုံကြည်မှုသည် အာဏာရှင် အသိုင်းအ၀ိုင်း အပေါ်တွင် ယုံကြည်မှု လုံးဝကင်းမဲ့နေသည့် အတွက် အကောင်းဖြစ်မလာနိုင်သော လုပ်ရပ်မှန်သမျှအတွက် ဆန့်ကျင်ရမည်သာဖြစ်သည်။ အတိုက်အခံခေါင်းဆောင်များ ဘက်မှ သွေးအေးနေရခြင်း သည်လည်း ပြည်သူ ပြည်သားတို့ ၏ အနေအထားပေါ်တွင် မူတည်နေပါမည်။ ပြည်သူတို့ တခဲနက် ယုံကြည်ခဲ့သော အစိုးရနှင့် ပြည်သူတို့အပေါ် အနိုင်ကျင့် စိုးမိုးနေသော အာဏာရှင်ကို အားလုံးခွဲခွဲခြား သိနှင့်ပြီးလည်း ဖြစ်ပေသည်။ အမှားအမှန် ခွဲခြားသိပြီ ဆိုက လုပ်သင့်တာကို လုပ်ကြရတော့မည်သာ ဖြစ်ပေသည်။
ခေါင်းဆောင် ပိုင်းတွင် စကားစစ်ထိုးနေခြင်းသည်လည်း အနည်းငယ်ရှုံချချင်စရာ များဖြစ်လာမည်။ ထိုသို့ အတိုက်အခံ များဘက်မှ ပြိုလဲနေမည်ဆိုက အာဏာရှင် အပေါင်းအပါတို့ စိတ်နှလုံး အလွန်ချမ်းသာလိမ့် မည်။ ဖျက်ကိုဖျက်ရမည့် ရွေးကောက်ပွဲဟု ယူဆပါက ဖျက်ဖို့သာ လုပ်သင့်၏။ မဖြစ်သင့်ဘူး ထင်သော လုပ် ရပ်တို့ ကို နားမလည်နိုင်စွာ ဝေဖန်နေရင်း အချိန်ကုန်နေရမည်ဆိုလျှင် တစ်တိုင်းပြည်လုံး ဒီအခြေအနေထက် ထူးလာစရာ အကြောင်း မရှိနိုင်ပေ။ ကောင်းလာနိုးနိုး မျှော်ကိုးနေလာခဲ့ကြတဲ့ နှစ်တွေလဲ မနည်းတော့ပါ။ ဒီတစ်ချီတွင်လည်း မျှော်ကိုးနေဦးမည်ဆိုလျှင် “ ငရဲ ရောက်မှ ဘုရားတ ” သလိုသာရှိတော့မည် ။ အချင်းချင်း တိုက်ခိုက်နေသည်ထက် အာဏာရှင်သောက်ရူးကို သာ တိုက်ခိုက်ကြခြင်းက တန်ဖိုးရှိပါသည်။
ပျက်အောင် ဖျက်ရမည်ဟု သာ သန္ဓိဋ္ဌာန်ချ၍ ပျက်အောင်ဖျက်မည်။ အားလုံးပါဝင်ဆင်နွဲဖို့ သာတိုက်တွန်းလို သည်။ စစ်အစိုးရ၏ ၂၀၁၀ သရုပ်ပြ ဒီမိုကရေစီ ရွေးကောက်ပွဲကို ပျက်အောင် ဖျက်ကြမည်။

နောင်တော်လေး

တစ်ခရီးတည်းသွား ညီနောင်များတို့
ကျွန်တော်လည်း ဘာကောင်ရယ်မဟုတ်
ညီနောင်တို့နှင့် ပေါင်းစပ်ဖို့ကြံ
တော်လှန်ရန် စီစဉ်မိသည် ။ ။
ကလေးလည်းသိ ခွေးတောင်သိမည်
ကျွန်တော်လဲ မဲမပေး
ဘယ်သူမှလည်း အမှားအမှန်မရွေးပါပဲနှင့်
မဲရုံမှုးက လူဦးရေရှိသမျှ
အကြံညစ်စွာ အမှန်ခြစ်လို့
တစ်ခါမှ ရာဇ၀င်မတွင်ဘူးသည့်
90 % နှုံးကျော်ထောက်ခံမဲ
ရသပဆို ၍
၂၀၀၈ ဖွဲစည်းပုံ အသက်သွင်းခဲ့ပြီ ။ ။
လုပ်ချင်ရာလုပ်
အာဏာရှင် ဒီအစုတ်ပလုတ်ကို
ကျူပင်ခုတ် ကျူငုတ်မကျန်
အမြစ်ပါလှန် ၍
တော်လှန်ဖို့ အချိန်တန်လေပြီ ။ ။
ဒို့ရှေ့ကသွား
အကိုအမ ၊ ဦးလေးသားချင်း
အဘိုးအဘွား ပါမကျန်
ရဟန်းသံဃာ အပေါင်း
ရာထောင်မက
အသက်ပေါင်းများစွာ
စတေးခဲ့ပေပြီ ။ ။
ဒီခေတ် ဒီအခြေမှာ
ဒီလိုနေသည်ထက်
သေသည်ကမြတ်ပါသည်
ဘယ်လောက်ထိသတ်မလဲ
သတ်ပလေစေစမ်း
ဒို့ ကျောင်းသားလည်း
၂၀၁၀ မှာ သမိုင်းတစ်ခု
ရေးကြမည် ။ ။ 

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !