နိုင်ငံရေးဆိုတာက ရှုပ်ထွေးတယ်တဲ့။ နိုင်ငံရေးလောကကြီးရဲ့ ရှုပ်ထွေးမှု့အကြောင်းကို သိချင် လွန်းလို့ လိုက်ဖတ်ကြည့်လိုက်တဲ့ အခါကြတော့ ဟုတ်တာပဲ ရှုပ်ရှပ်ကို ခတ်နေတာပဲ။ ဘာ တွေကြောင့် ရှုပ်တာလဲ ဆိုတာကိုတော့ သိသင့်ကြသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ တဲ့ နိုင်ငံရေး ကတော့ “ကျွန်ုပ်တို့ စားမှု၊ သောက် မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင် ဖြစ်၏။” ဟုဆိုထားတာပါ။ ဒါပေမယ့် ရှုပ် ထွေးတယ်ဆိုတဲ့ နိုင်ငံရေးမှာတော့ အဲဒါ တွေ မဟုတ်တော့ဘူးဗျ။ နိုင်ငံရေး ထဲမှာဝင်ပြီး စီးပွား ရေးလုပ်နေကြတော့ နိုင်ငံရေးမှာ အရှုပ် အထွေးတွေ ဖြစ်လာကြတာပါ။ အဲဒီရှုပ်ထွေးတဲ့ အထဲမှာ ပြည်သူအ ကျိုးအတွက်ဆိုတာတွေ မပါပါဘူး ။ အာဏာဆက်လက်တည်မြဲရေး ဆိုတာပဲပါတယ်။ သိမ်းကျုံးပြီး ပြော ရရင်တော့ လက်နက်ကိုင်ပြီး စီးပွားရှာကြတာပါ။ လက်နက်ကိုင်ထားတော့ ဘယ်သူကပြောရဲမတုံး။ တစ် ချက်ထဲနဲ့ ကိစ္စလျှောသွားမယ်ဆိုတော့ ကိုယ့်အသက်ကလေး နှမြှောတဲ့ စိတ်နဲ့ ဘာမှမပြော ရဲ ကြ တော့ဘူး။
စည်းလုံးညီညွတ်ဖို့ ပြောနေလုပ်နေလိုက်ကြတာလဲ ရာစုနှစ် တစ်ခုကုန်တော့မယ်။ လက်နက် တွေကိုယ်စီ ရှိကြတဲ့သူတွေက လက်နက်မဲ့တဲ့ သူကို အရေးမစိုက်ကြဘူးဆိုတဲ့ သဘော ရောက်နေတယ်။ မှန်တယ်ထင်လို့ လုပ်လာလိုက်ကြတာလဲ ဘယ်လုပ်ရပ်တွေများ အမှန်ရှိလဲ။ ကိုယ့်စိတ်ကိုယ်မလုံတဲ့ သူတွေ ကိုယ့်ကိုယ်ကို မှန်နဲ့တောင်ကြည့် ရဲပါ့မလား။ စည်းလုံးညီ ညွတ်ခြင်း နဲ့ ပတ်သတ်ပြီး အနိမ့်ဆုံး ဥပမာလေးကိုပဲ ဆင်ခြင်ကြည့် ကြပါအုံး။ ကျွန်တော်တို့ တစ်တွေ မူလတန်းလောက်တုန်းက သင်ခဲ့ရတဲ့ “ အဘိုးအိုနှင့် သားသုံးယောက်” ဆိုတာလေး မှတ်မိကောင်းကြပါရဲ့ ။ ကလေးတွေကိုတော့ ပြဌာန်း စာအုပ် ထဲမှာ ထည့်ပြီး စည်းလုံးညွတ် ညီခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောနေကြပါတယ်။ လူကြီးတွေဖြစ်တဲ့ နိုင်ငံ ခေါင်းဆောင် ကြီးတွေက သိသိကြီးနဲ့ ကိုယ့်အမျိုးသား ချင်းဘာကြောင့် ချိုးနှိမ်တိုက်ခိုက်နေကြတာလည်း ဆိုတာမေးစရာ ဖြစ်လာတယ်။
ထင်းချောင်းတွေကို တစ်ချောင်းချင်း ချိုးသော် ကျိုးသလိုပဲပေါ့ဗျာ။ အခုဟာက တစ်ဖွဲ့ချင်း တစ် စုချင်းကို ဖြိုခွဲခံနေကြရတာ ။ ကျောင်းသားတွေထဲကလည်း သစ္စာဖောက်ပြီး ပါတီထောင် တယ်။ တစ်တိုင်းပြည်လုံးက လေးစားရပါတဲ့ NLD ကို ကျောခိုင်းပြီးတော့ တစ်ပါတီဖွဲ့တယ်။ ဒီ လုပ်ရပ်တွေက ဘာကိုညွှန်ပြနေလဲ ဆိုတော့ စည်းလုံးညီညွတ်မှုမရှိနိုင်ဘူး ဆိုတာကို ပြနေသ လို ကိုယ်ကျိုးဆိုတာလဲ ပါတယ်။ စိတ်ဓာတ်ဆိုတာ လွယ်လွယ်နဲတော့ ပျက်ရိုးထုံးစံမရှိဘူးဗျ။ အကျိုးစီးပွား နဲ့ ဖက်လာရင်တော့ မက်လောက်အောင် မက်လုံးပေးဆွဲဆောင်ခြင်းခံ ရတာ မျိုး ဖြစ်နိုင်တယ်။ စစ်အာဏာရှင်က ဒီမိုကရေစီလုပ်မယ်ဆိုတော့ လက်မခံနိုင်စရာ လှည့်ကွက်ကြီး ပါ။
စစ်အာဏာရှင်လုပ်မယ့် ရွေးကောက်ပွဲအတွက် ကြံ့ဖွတ် တစ်ပါတီတည်းဖြစ်နေတော့ ဘယ်လို လုပ်ပြီး အဓိပ္ပာယ်ရှိနိုင်တော့မလဲ။ ဒီလိုမျိုးအစောကြီးကတည်းက အကွက်ချပြီးဖြစ်တဲ့ အာဏာ ရှင်က အတိုက် အခံတွေကို စိတ်ပါလာအောင် အမျိုးမျိုးစည်းရုံးပြီ ပြိုင်ဘက်ပါတီ အဖြစ်ရပ် တည်ခိုင်းလို့ ပါတီထောင်ရတဲ့ အကောင်တွေလည်း ရှိမှာပါ။ ပါတီတိုင်းကိုတော့ မဆိုလိုပါဘူး ဗျာ။ ထင်းစီးကြီးလိုစည်းစည်းလုံးလုံးဖြစ်လာပြီး ခိုင်ခိုင်မာမာနဲ့ ကြံ့ကြံ့ခံပြီး ရပ်တည်ဖို့က ဖြစ် မလာနိုင်တော့ဘူး။
ဝန်ကြီးချုပ်ဦးသိန်းစိန်က ကချင်ကိုတိုက်မယ်ဆိုတဲ့ သတင်း ၊ နမူနာလုပ်ပြရမယ်ဆိုတဲ့ စကား သံထွက် လာတယ်။ ဒီအခြေအနေကဘာကြောင့်ဖြစ်လာလဲဆိုတာကို လက်လမ်းမှီလောက်စဉ်း စားကြည့် တော့ တရုတ်ကို အတင်းအကျပ်သွားပူစာလာတဲ့ သဘောရှိတယ်။ ကချင်လက်နက် ကိုင်ရဲ့ စည်းပွားရေး ရပ်တည် မှုက တရုတ် နဲ့ အဓိကဆက်နွယ်နေတာပါ။ တရုတ်ကသာ ကချင် ဘက်မှာ မရှိတော့ဘူး ဆိုရင် ကချင်ဘယ် ကိုပြေးလို့ရမှာလဲ။ လုပ်မယ်ဆိုလည်း လုပ်ကြအုံးပေါ့ ဗျာ။ ဘာမှမဟုတ်တဲ့ ပြည်သူတွေကိုတော့ သနား ညှာတာစိတ်လေးမွေးကြပါ။ စစ်ဆင်ရေးတစ် ခါသွားလုပ်တယ်ဆိုတာနဲ့ အရပ်သူလေးတွေ မုဆိုးမဖြစ်ရ ၊ လင်ကောင်မပေါ်ပဲကလေးတွေရ ဆိုတဲ့ အဖြစ်တွေက ရှိခဲ့တယ်။ တိုက်ကြခိုက်ကြမယ့် စစ်သူရဲ ကောင်းကြီးတွေက လူကြမ်းစိတ် ကြမ်း နဲ့ သနားညှာတာစိတ် နှမချင်းကိုယ်ချင်းစာစိတ်လေးတော့ မွေးကြပါ။
လုပ်ရပ်တွေနော် လုပ်ရပ်တွေ ပြည်သူတွေကြောင့် အလုပ်ရှုပ်နေကြတာမဟုတ်ဘူး။ အဖွဲ့အ စည်းအသီး သီးက ကိုယ်လုပ်ချင်ရာလုပ်ပြီး ပြည်သူကတော့ မျက်နှာလေး ဇီးရွက်လောက်နဲ့ ဘယ်သူ့ကိုအဖေခေါ်ရမလဲ ပဲလိုက်ကြည့်နေရတာပါ။ သေနတ်ကြီးတွေ ကိုင်ပြီး ကားပေါ်မှာ လုံထိန်းတွေ အများကြီးနဲ့ နေ့စဉ်နေ့တိုင်း အလုပ်တွေရှုပ်နေကြတယ်။ ပြည်သူတွေထဲမှာ အဲ လောက်ထိ နှိမ်နှင်းရေး ဆင်ရမယ့် လူတော့ မရှိဘူးထင်ပါတယ်။ အချင်းချင်းကလည်း လှည့်ပတ်ပြီး ကိုက်နေကြတယ်။ သူများကိုလည်း ဖိနှိပ်ချင်တယ်။ အဖြစ်က ကိုယ့်နောက် ကျောကိုယ်မလုံ ဖြစ်နေတဲ့ ပုံစံတွေပါဗျာ။
ရှစ်ခိုးပြီးတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်ဗျာ။ ပြည်သူတွေရဲ့ သွားမှုလာမှုမှာ ဘေးအန္တ ရာယ် ကင်းကင်းလေး ၊ စားမှုသောက်မှုမှာ ချောင်ချောင်ချိချိလေးနဲ့၊ နေမှုထိုင်မှုမှာ အဆင့်အ တန်း သင့်ရုံလောက် ၊ ပညာရေးလေးကို ဦးစားပေးပြီး လုပ်ပေးကြည့်ကြပါ။ အဲဒီလောက်ဆို ရင်တောင် ခင်ဗျားတို့ ကျေးဇူး ကိုမမေ့ပါဘူး။ အခုရှုပ်နေတဲ့ ဟာတွေက တိုင်းသူပြည်သားတွေ အတွက် ရှုပ်တဲ့ နိုင်ငံရေးမဟုတ်ဘဲ ကိုယ့်အကျိုးအတွက် ရှုပ်နေကြလို့ ပြောရတာပါ။ မှန်ချင် လည်းမှန်မယ် မှားချင်လည်းမှားမယ် ပြည်သူကြားက ပြည်သူ့အမြင်ကို တင်ပြတာပါ။
ရေးသားသူ = လင်းသက်ငြိမ် + နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !