မူးရူးပြီး သတ်တာ ... လူငယ်တွေ အသတ်ခံရတာ..
စစ်ဗိုလ်တွေ သတ်တာ ... တရားခံထုတ်ပေးပါလို့
ဘယ်သူ့ကို သွားပြောမလဲဗျ .....
စစ်ဗိုလ်တွေ သတ်တာ ... တရားခံထုတ်ပေးပါလို့
ဘယ်သူ့ကို သွားပြောမလဲဗျ .....
ခွေးထက်မိုက်တယ်
သတင်းတွေဖတ်လိုက်တော့ မြန်မာပြည်အကြောင်း တစ်စေ့တစ်စောင်း အကုန်သိရတယ်။ ပြည်တွင်းကနေပြီး ဘာတစ်ခု မှ အမှန်မသိရဘူး။ ဒါကတော့ ဒီအာဏာရှင်သက်တမ်းတစ်လျှေက်ထည့် ပြောစရာကိုမလိုတာပါ။ လုပ်ချင်တာလုပ် ကြတယ်။ ပြည်ပမီဒီယာတွေအားလုံးကို ပိတ်ထားတယ်။ တိုင်းပြည်တစ်ခုလုံး မျက်စိပိတ်နား ပိတ်လုပ်ထား တယ်။ သိထားဖို့က အဲဒီလိုလုပ်လေ မသိသိအောင်လုပ်လေပဲ။ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေ ကို ကာကွယ်ပြီးတော့ ဟိုနေရာမှာ တံတားတွေဆောက် ၊ ဒီနေရာမှာလမ်းတွေဖောက်၊ လုပ်သမျှအကောင်း ကြီးပဲ ။ သေပါလားကွာ ။ အသေဆိုးနဲ့ သေကြပါလား ။ ကိုယ့်လုပ်ရပ်တွေကို ကိုယ်ပြန်ကြည့်ကြစမ်းပါအုံး။ ငါတို့ တိုင်းသူ ပြည်သားတွေရဲ့ အလွန်မဟုတ်တော့ဘူး ။
အခုဖြစ်နေတဲ့ သတင်း။ ဘာအပြစ်မှ မရှိတဲ့ လူငယ်နှစ်ယောက်ကို မူးရူးပြီး သေနတ်နဲ့ ပစ်သတ်တယ်။ အဲ့ဒီသတင်းကို ဘယ်နေရာက ဘယ်စာဆောင်မှာမှ မတွေ့ ရဘူး။ မြ၀တီ၊ မြန်မာ့အသံ စတဲ့ ပြည်တွင်း မီဒီယာ တွေအားလုံးမှာ ဘာတစ်ခုမှ မပါဘူး။ ဘယ်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မတုံး ။ လုပ်ရပ်တွေက တဖြည်း ဖြည်းနဲ့ ခွေးလောက်တောင် အဆင့် မရှိတော့ဘူး။ ကြည့် ကြအုံး ပစ်သွားတာက ကျည်တစ်ကပ်ထည့် ပြီး အကုန် စွဲပစ်သွားတာ။ မက်ရိုင်းလွန်းတယ် ။ ယုတ်မာလွန်းတယ်။ ဒီစာကို ဖတ်မိမှာ ဒင်းတို့ တစ်တွေမဟုတ် လို့ ။ စာဖတ်သူတွေကို အားနာလို့ပါ ။ အော်အော်ပြီတော့ ဆဲလိုက်ချင်တာ ။ ခွေးလောက်မှ အဆင့်မရှိတော့ တဲ့ ခေါင်းဆောင်တွေ ။ ငါတို့ တစ်တွေကလည်း ခွေးအုပ်တဲ့ အောက်မှာ ပြားပြားကို ၀ပ်နေတာပဲ။ ခွေးတောင် မှ ရိုးရိုးခွေးမဟုတ်တော့ဘူး ။ တောခွေး။ မြေခွေး ။ ကိုယ့်အကျိုးအတွက် ခွေးထက်တောင် မိုက်ရိုင်းသေး တယ်။
ပြောကြဟ ငါတို့ လူထုတွေ ဖင်ကောင်းကျယ်တွေလို့ ပြောကြ ။ ငါတို့ ဘာမှ မလုပ်သ၍ သူတို့လုပ်ချင်ရာ လုပ်မှာ ။ ငါတို့ လုပ်လို့ချင် ငါတို့ သတ်ဖို့ အဆင်သင့်။
သတ်ချင်လဲ သတ်ကြ ။ ခွေးအာဏာရှင်နဲ့ အဲ့ဒီကောင်တွေနောက်က လိုက်ပြီးအာဏာရူး ရာထူးရူး တို့ မင်းတို့ ထင်တိုင်းကြဲလို့ ၀တဲ့ တစ်နေ့တော့ တိုင်းပြည်လေး ကို ငဲ့ကြပါ ။ တိုင်းပြည်ကို ချစ်တဲ့ စစ်သားကြီး တွေလား။ လုပ်ချင်ရာ လုပ်ဖို့ ရာထူးတွေ ရအောင် ယူထားကြတာလား ။ လုပ်ရပ်တွေကတော့ တွေ့နေမြင် နေရတာပဲ ။ ပြောစရာလဲ မလိုပါဘူး။ တစ်ခုမှအကောင်းမရှိတဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ကို မှ ကြီးဆိုးချင်သ ပဆိုလဲ လုပ်ကြအုံးပေါ့ ။ မခံနိုင်တဲ့ တစ်နေ့တော့ ဖြစ်လာမှာပါ ။ သေခဲ့ကြပြီးပြီ။ သေပေးကြအုံးမယ်။
သေရမှာလည်း မကြောက်ကြပါနဲ့ ။ အခုဖြစ်သွားတဲ့ လူသတ်မှုက အစိုးရက သတ်တာပဲ။ အစိုးရသတ်လာတဲ့ လူသတ်မှုပေါင်းလဲ မနည်းတော့ပါဘူး ။ တရားခံ ထုတ်ပေးပါလို့လဲ တောင်းဆိုလို့ မရဘူး။ လုပ်ရပ်ကတော့ ဗျာ အော်အော်ပြီး ဆဲဖို့ပဲ ရှိတော့တယ် ။ မိုက်ရိုင်းမှုတွေ ကမ်းကုန်လာပြီ ။ ငါတို့ တွေ ဘာလုပ်ကြမှာလဲ ပဲ စဉ်းစားကြ ။ငါတို့လူငယ်တွေ ဘာဆက်လုပ်ကြမလဲဒီလိုဘဲ ခေါင်းငုံ့ခံနေကြရတော့မှာလား။ ခံလာတာတွေ မနည်းတော့ဘူး ။ ခံပြီးရင်းခံရင်း ဖြစ်နေပြီ ။ လုပ်ကြဖို့ အသင့် ပြင်ကြတော့ ...... ။
အဲ့ဒါလူငယ်တွေ အသတ်ခံရတာ ...... စစ်ဗိုလ်တွေ
သတ်တာ ..... မူးရူးပြီး သတ်တာ .......
သတ်တာ ..... မူးရူးပြီး သတ်တာ .......
ခွေးအာဏာရှင်နှင့်
အပေါင်း အပါများ
ထင်တိုင်းကြဲလို့
ဝစေသောဝ် ...
ဝစေသောဝ်....
ဝစေသောဝ်.. ပါဗျာ
နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !