Home » » အမြင်များပြောင်းလဲခြင်း

အမြင်များပြောင်းလဲခြင်း


ယနေ့ဖြစ်ပေါ်နေသော လူမှုပတ်ဝန်းကျင် နှင့် နိုင်ငံရေး အခြေအနေသည် ယခင်ကိုလို နီခေတ် ဟောင်း နှင့် မတူတော့ချေ။ ကိုလိုနီနယ်ချဲ့ အစိုးရ၏ လက်အောက်မှ လွတ်မြောက်လိုသော မြန်မာ အမျိုးသား လူငယ်တို့သည် နိုင်ငံရေး စိတ်ဓာတ် ထက်သန်နိုးကြားစွာဖြင့် တိုင်းပြည် လွတ်မြောက်ရေး အတွက် အားတက်သရော ဆောင်ရွက်ခဲ့ ကြသည်။ ယနေ့ အချိန်အခါသည် မြန်မာပြည်ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင်နေသည့် အချိန်ဖြစ်သည့် အားလျှော်စွာ နိုင်ငံ ရေး ဘက်တွင် ပြည်သူအပေါင်း တို့ အားတက် သရောရှိရမည် ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ် သတ်၍ ရှင်းလင်းသောအမြင်များရှိစေလိုသည်။ ခေတ်ကာလ အခြေအနေအရ “နိုင်ငံရေး” ဟူ သော ဝေါဟာရကို ကြားကာမျှဖြင့် သေမလောက် ကြောက်ကြ သည်ကို သတိပြုမိပါသည်။

“ နိုင်ငံရေး” ၏ သဘောတရား အမှန်ကိုပြည်သူအားလုံး သိရှိမှသာ နိုင်ငံရေးကို စိတ်ဝင်တစား ရှိလာကြမည်။ “ နိုင်ငံရေး” နှင့် ပတ်သတ်သော ရှင်းလင်းချက်ကို ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများစာအုပ် ၊ “ အလယ်ပစ္စယံညီလာခံမိန့်ခွန်း ” တွင် ဗိုလ်ချုပ်ကိုယ်တိုင် ရှင်းပြပြောဆို ထားသည်မှာ “ နိုင်ငံရေး၏ သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ် လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့်ဗေဒင်လည်း မဟုတ်၊ အဂ္ဂိရပ်လည်း မဟုတ်၊ ကြောက်မက်ဖွယ် ကောင်းသော ကန္တာရခရီးလည်း မဟုတ်၊ ဘယ်သူ သေသေ ငတေမာရင်ပြီးရော စိတ်ဇော နှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက် ဖြစ်ပွားလျှက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက် ရမည် ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့် အမျှ လူ့လောကတွင်တွေ့ကြုံနေရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်း အားဖြင့် ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုပင် ဆိုရပေမည်။။ ကျွန်ုပ်တို့ စားမှု၊ သောက် မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင် ဖြစ်၏။”ဟု ဗိုလ်ချုပ်မိန်းခွန်းများပါ စာ အုပ်တွင် ဖော်ပြပါရှိသည်။

ဤမျှလောက် အတိုင်းအတာကို သိရှိလျှင်ပင် လူတို့ အတိုင်းမရှိ ကြောက်ရွံ့နေသောနိုင်ငံရေး နှင့် ပတ်သတ်၍ အကြောက်တရား အနည်းငယ်မျှ လျှော့ပါးစေနိုင်သည်။ နိုင်ငံရေးကို စိတ်ဝင် စားလို့ ဘာအကျိုးမှ မရှိဟုပင် ဆိုကြသူများ ရှိသေး၏။ အချို့သော တစ်ကိုယ်ကောင်းဆန် စီးပွားရေးသမားများက နိုင်ငံရေး မငြိမ်မသက် သည့် အချိန်များတွင် မိမိတို့ ကိုယ်ကျိုးစီးပွား အတွက် အမြတ်ထုတ်ရန် ရည်ရွယ်ထားကြသူများလည်း ရှိသည်။ နိုင်ငံရေးဟုဆိုသည်နှင့် လူတို့ ၏ အရေး၊ ပြည်သူပြည်သား တို့၏ အရေးပင်ဖြစ်၏။ လူတိုင်းကိုယ်စီတွင် ရှိသင့် သော စိတ်ထား “ လူသားကောင်းကျိုးအတွက်လုပ်နိုင်မှသာ ကိုယ်လည်းကောင်းမည်” ဟု သဘော ပေါက်ထားသင့်၏ ။ ကမ္ဘာ့နိုင်ငံအသီးသီး ရှိ နိုင်ငံရေး ခေါင်းဆောင် များတွင် နာမည်ဆိုးနှင့် ကျော်ကြားသူများ ရှိသလို အတိုင်းတိုင်းအပြည်က လေးစားရသော ခေါင်းဆောင် များလည်း ရှိသည်။

တိုင်းသူပြည်သားတို့ ၏ အရေးအတွက် ဆောင်ရွက်သော တိုင်းပြည်ခေါင်းဆောင်အချင်းချင်း တွင် ကွဲပြားစွာထွက်ပေါ်လာသော လုပ်ရပ်များ ရှိလာသည်။ ပြည်သူတို့ ၏ ကောင်းကျိုးစီးပွား အတွက် စွမ်း ဆောင်သော ခေါင်းဆောင်များအား မိမိ၏တိုင်းပြည်ကသာမက ကမ္ဘာအရပ်ရပ် ကပင် ဂုဏ်ပြုကြ ပေလိမ့်မည်။ ဤ အချက်ကို နိုင်ငံရေးတွင်ခေါင်းနေသောပုဂ္ဂိုလ်များသိရှိပြီး ဖြစ်၍ ထည့်သွင်းရေးသားခြင်းက ပင် ပြည်သူများသိစေလိုသော ဆန္ဒမျှသာဖြစ်သည်။ မိမိတို့၏ တိုင်း ပြည်ခေါင်းဆောင်များ ကောင်းမှသာ မိမိတို့၏ ဘ၀များ သာယာလှပမည်ကို တိုင်းသူ ပြည်သား တစ်ယောက်အနေနှင့် ယုံကြည်ပါသည်။ ယခုခေတ်အချိန်အခါသည် ကျူးကျော် ချင်တိုင်း ကျူ ကျော် တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်လို့ မရတော့သည် အခြေအနေသို့ ရောက် ရှိနေပြီ ဖြစ် သော်လည်း နေ့စဉ်နှင့် အမျှ ကမ္ဘာအရပ်ရပ်တွင် တိုက်ပွဲများဖြစ်ပွားလျှက် ရှိနေ သေးသည်ကို သတိပြုမိသည်။

လူတို့၏ အရေးဟု ဆိုသောအခါ လူတို့၏ လောဘ၊ ဒေါသ၊ မာန်မာန များကြောင့် လူအချင်း ချင်း ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများ ယနေ့တိုင်ဖြစ်နေရသည်ဟုသာ ဆိုရမည်ဖြစ်သည်။ လူတိုင်း ကိုယ်စီတွင် မာန်မာနတရား ရှိသည်ကိုလက်ခံပါသည်။ မာန်မာနတို့ဖြင့် လျှောက်လှမ်း မည့် လမ်းကြောင်း သည် ဖြောင့်ဖြူးနိုင်မည် မဟုတ်ကြောင်း လည်း သိစေအပ်သည်။ အဓိက အားဖြင့် တိုင်းပြည်တစ်ခုအတွက် အနာဂတ်ကို ရှေ့ရှု၍ ကောင်းရာကောင်းကြောင်း ဆောင် ရွက်ကြမည်ဆိုက ပြည်သူတို့၏ မျက်နှာ ကိုသာကြည့်ပါ။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘ၀ အ ခက်အခဲတွေကို ဘယ်လိုဘယ်ပုံ ဖြေရှင်း ပေးနိုင်မည် ဆိုသည်ကိုသာ စဉ်းစားတွေးတောကြပါ။

ကလေးငယ်တို့သည် ပညာသင်ရမည့် အရွယ်တွင် ပညာသင်ကျောင်းသို့ မရောက်လာနိုင်ဘဲ အမှိုက် ကောက်နေရသော ဘ၀၊ လော်ကယ် ရထားပေါ်တွင် “ စာလေးခွေ၊ ရေခဲချောင်း” ရောင်း နေရသည့် ဘ၀တို့ကို မြင်ယောင်ကြည့် ပါ။ အနာဂတ်၏ ကြယ်ပွင့်ဟုတင်စားခေါ်ဝေါ် လျှက် ရှိသော လူငယ်တို့၏ ဘ၀ကို မြင့်တင်ပေးနိုင်မည့် အစိုးရမျိုးကို သာတိုင်းသူပြည်သား တို့က အလိုရှိကြသည်။ မလျှော့နိုင်သော မာန်မာန၊ ဒေါသများဖြင့် ငါသာလျှင် အရှင်သခင် ဟူ သော အတွေးဆိုးများ ဖျောက်ဖျက်မှသာ တိုင်းပြည်ပြုပြင် ပြောင်းလဲမှုအမှန်ဖြစ်ပေါ်လာမည် ဟုလည်း ယူဆပါသည်။

တိုင်းသူပြည်သားတို့သည် မိမိတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများအတွက် မည်သို့ ရင်ဆိုင်ဖြေရှင်း ရမည်ကို သဲသဲကွဲကွဲ နားမလည်နိုင်ကြသည့် အခြေအနေတွင်ရှိသည်။ နိုင်ငံ ရေး အသိုင်းအ၀န်းသည် ပြည်ထောင်စု တစ်ခုလုံးတွင် ရှိသည့် ပြည်သူပြည်သားများ ဖြစ် သည်။ ပြည်သူပြည်သားတို့ အရေးကို ပြည်သူများထက် ပိုမိုနားလည်ပေးနိုင်သော အစိုးရ တစ် ရပ် ပေါ်ထွန်းရန်မှာ ပြည်သူတို့တာဝန်သာ ဖြစ် သည်။ ကိုယ်တိုင်တောင်းဆိုရမည့် အခွင့်အရေး ကို တစ်တိုင်းပြည်လုံးရှိပြည်သူပြည်သားများ ပါဝင်လာ နိုင်စေခြင်းငှာ နိုင်ငံရေး၏ သဘောတ ရား အနည်းငယ်မျှကို ဗိုလ်ချုပ်အောင်ဆန်းစာအုပ်မှ ထုတ်နှုတ် တင်ပြပြီး ဖြစ်သည်။

ဒီမိုကရေစီ လမ်းစဉ်၏ သဘောတရားအရ ပြည်သူတို့ အလိုကျ ရွေးချယ်တင်မြောက်ရမည့် နိုင်ငံတော် သမ္မတသည် မည်သူမည်ဝါဖြစ်သင့်သည်ကို ပြည်သူတို့မှ မလေ့လာလျှင် ဒီ လောက် မိုက်မဲသော ပြည်သူထက် ဘယ်တိုင်းပြည်ရှိအုံးမည်နည်းဟု ဆိုကြလိမ့်မည်။ ကမ္ဘာ အရပ်ရပ် ကသမ္မတရွေးကောက်ပွဲများ အကြောင်းကို ပြည်သူတို့ သိရှိပြီး ဖြစ်သည်။ တိုင်းပြည်ကို ခေါင်း ဆောင်မည့် သမ္မတလောင်းများသည် တိုင်းပြည်နှင့် လူထုအတွက် ဘယ်လိုပြုပြင်ပြောင်းလဲ မှုတွေလုပ်ပေးပါမည်ဟု ကတိက၀တ်ပြုကြရသည်။ အရင်က ကောင်းခဲ့သည်ထက် ပိုကောင်း အောင် ဆောင်ရွက်နိုင်မည့် ခေါင်းဆောင်ကို ပြည်သူအများ၏ ဆန္ဒနှင့် ရွေးချယ်ကြသည်။ အရွေးမှားလျှင်လည်း သမ္မတသက်တမ်း တစ်ခုတော့ ခံစားကြ ရမည်သာ ဖြစ်သည်။ မည်သို့ဆို စေ ဒီမိုကရေစီ စနစ်အမှန်ပေါ်ထွန်းမည်ဆိုက ဂုဏ်ယူ စရာပင်ဖြစ်သည်။ တစ်ဦးတစ် ယောက် ချင်းစီက တာဝန်သိသိနဲ့ တာဝန်ယူကြမည်ဆိုလျှင်ဖြင့် သာယာလှပသော အနာဂတ်မြန်မာနိုင်ငံ တော်ကြီး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။

လူ့အခွင့်ရေးစာတမ်းအား ပြည်သူပြည်သားတိုင်း လေ့လာသင့်သည်။ ကမ္ဘာ့စံနှင့် သတ်မှတ် ထားသော လူတိုင်းကိုယ်စီ ရရှိသင့်သည့် အခွင့်အရေး အချက်(၃၀) လောက်ကိုမျှ မသိက မိမိ အတွက် အခွင့်အရေးက ဘာတွေနည်းဟု မေးမြန်းကြရအုံးမည်ဖြစ်သည်။ မှန်တာပြောလျှင် ကြောက်စရာမရှိသော ခေတ်ကာလသို့ ချဉ်းနှီးဝင်ရောက်လာနေပြီဖြစ်သည်။တစ်ဦးချင်း တစ် ယောက်ချင်း စီ၏ အခွင့်အရေးအတွက်ကိုပင် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ခွင့် ရှိသောဒီမိုကရေ စီစနစ် အတွက် ထုတ်ဖော်ဖွင့်ဟနိုင်ရန် ပြည်သူများသိသင့်သည့် နိုင်ငံရေး တစ်စိတ်တစ်ဒေသကို ဖော်ပြခြင်း သာဖြစ်ကြောင်း ပြည်သူအပေါင်းကို လေးစားစွာဖြင့် ရေးသားအပ်ပါသည်။

နောင်တော်လေး

1 comments:

  1. နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားရမယ်။ မကျေနပ်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောကြရမယ်လို့ တိုက်တွန်းချင်တာကြောင့် ဒီပိုစ်ကို ရေးထားတယ်. ဘယ်အကောင်ကိုမှ ဖားယား စရာမလိုသလို ဘယ်တော့ မှလည်း လက်လျှော့မပေးကြနဲ့ ........

    ReplyDelete

never ... never ... never ...never ... never Give Up !