Home » » သုံးချက်သိရင် ဟန်ချက်ညီပြီ

သုံးချက်သိရင် ဟန်ချက်ညီပြီ



စကားပြောတိုင်းလောက ဆိုတဲ့စကားကိုထည့်ထည့်ပြောရတာ နည်းနည်းတော့ ကြီးကျယ် တယ်လို့ထင် ကောင်း ထင်ကြမယ်။ ဒါကတော့ အမှန်တရားပါ။ ကျွန်တော်တို့ရှင်သန်နေထိုင်ရာ လူ့လောကကြီးကို ဘယ်လို မျိုးအ လှဆင်ပေးနိုင်ကြမလဲ။ လူ့ဘ၀ရတုံးလေးမှာ ဘာတွေစွမ်း ဆောင်ပြခဲ့နိုင်မလဲဆိုတဲ့အသိ လူတိုင်း ကိုယ်စီ ရှိကြတယ်။ လူ့အသိုင်းအ၀ိုင်းထဲမှာ လူတွေချ မှတ်ထားတဲ့ စည်းကမ်း၊ နည်းလမ်း၊ သဘောတရားဆိုတာကို နား လည်ရင်ဖြင့် ဟန်ချက်ညီညီ လှုပ်ရှားနိုင်လိမ့်မယ်ဆိုတဲ့ အသိဝင်လာတယ်။
အရှင်ဥိးဥာဏိဿရ ရဲ့ တရားတော်ကိုနာကြားရတဲ့ ခဏအတွင်းမှာ ဆရာတော်ဘုရားရဲ့ ဆုံးမ စကားလေးနား ထဲစွဲ ကျန်နေခဲ့တယ်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ၀ိနည်း၊ သုတ်တန်၊ အဘိ ဓမ္မာဆိုတာပိတကဋ် ကိုရှင်း ပြတယ်။ ၀ိနည်းဆိုတာကတော့ စည်းကမ်း၊ သုတ်တန် ဆိုတာက နည်းလမ်း၊ အဘိဓမ္မာဆိုတာက သဘောတ ရားပါ။ဒီလောက်ကျယ်ပြန့်တဲ့ တရားသဘောကို တော့ ကိုယ်တိုင် မရှင်းလင်းနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်လှုပ်ရှား သွားလာလုပ် ဆောင် နေတာတွေ မှာလည်း စည်းကမ်း၊ နည်းလမ်း၊ သဘောတရား ဆိုတာ တွေက ရှိနေပြီးသား ဖြစ် ပါတယ်။
လူ့အသိုင်းအ၀ိုင်းမှာ လူ့စည်းလူ့ကမ်းနဲ့ မနေတတ်ရင် လူ့အသိုင်းအ၀ိုင်းရဲ့ ပစ်ပယ်ခြင်းကို ခံရမှာပါ။ ဒါလေးကို အိမ်တစ်လုံးဆောက်တဲ့ ဥပမာနဲ့ သာဓကပြချင်တာပါ။ အိမ်တစ်လုံး ဆောက်ဖို့ ပထမဆုံး ပနက်ရိုက်ရပါတယ်။ တိုင်နေရာချဖို့ အတွက် ကျင်တွယ်ကျ တိုင်ငုတ်က လေးတွေမှတ်သားရပါတယ်။ ကျင်တွယ်ကျတိုင်းတဲ့ နေရာမှာ ကျင်တွယ်ကျတဲ့ နည်းလမ်းက ရှိနေပြီးသားပါ။ တြိဂံတစ်ခုကို ကျင်တွယ် ကျသတ်မှတ်ထားတဲ့ formula က a2 = b2 + c2 ဆို တာပါပဲ။ လက်သမားလောကမှာတော့ ဒီလိုမျိုးစာထဲက အတိုင်းမမှတ်တော့ပါဘူး။ 3-4-5 ဆို တဲ့ အတိုကောက်အမှတ်အသားနဲ့ မှတ်သားပြီး အိမ်ပနက်ရိုက်ပါတယ်။ 3*3လီ 9၊ 4*4လီ 16 ညီမျှခြင်း 25 ဆိုတော့ 5 နှစ်ထပ်တင်လိုက်တာနဲ့ အတူတူဖြစ်သွားတာပါ။
မျက်နှာစာကို အရယူပြီး ဒီကျင်တွယ်ကျနည်းလမ်းနဲ့ အမှန်ဖြစ်အောင် လုပ်ယူရပါတယ်။ ဒီနည်း လမ်းကို မလိုက် နာပဲနဲ့ 3-4-6 ဆိုပြီးလုပ်မယ်ဆိုရင် အိမ်က ဘယ်လိုပုံစံဖြစ်သွားမလဲ စဉ်းစားကြည့်လိုက်ပါ။ ခန်းဖွင့် တွေကို ဘယ်လိုမှ အမှန်လိုက်ယူလို့မရတော့ပဲ အိမ်က ရူးကား ကြီး ဖြစ်သွားမယ်။ ဒီနည်းလမ်းကို မသိဘဲနဲ့ တောအ ရပ်မှာ ဆောက်တဲ့ အိမ်တွေတောင် ဒီ နည်းကို အနည်းစပ်ဆုံးရအောင် ဆွဲရိုက်ကြရပါတယ်။ အိမ်အ၀ိုင်းဆောက်တဲ့ သူတွေလည်း အ၀ိုင်းဖြစ်ဖို့ ကို ပထမဆုံး ကျင်တွယ်ကျတော့ သတ်မှတ် ရပါသေး တယ်။ ဒါကတော့နည်းလမ်း အပိုင်းကို ပြောတာပါ။
အိမ်ကို တိုင်ထောင်ပြီး ထုတ်၊ ယောက်၊ ဒိုင်း၊ မြား ဆိုတာကို တပ်ဆင်တဲ့ အခါမှာ ထုတ်အပေါ် ကယောက်၊ ယောက်အပေါ်ကမှဒိုင်း၊ ဒိုင်းအပေါ်ကမြှားတန်း တင်တယ်ဆိုပြီး သူ့အဆင့်နဲ့သူ ရှိပါတယ်။ နောက်ပြီး ထုတ်ကိုရိုက်တဲ့ အခါမှာ ခြေကန်သံကျွတ် ဆိုတဲ့ လင်္ကာအတိုင်း ခေါင်း ရင်းက ထုတ်ကို အပြင်ကရိုက်တယ်။ ကျန်တဲ့ တိုင်တွေမှာ ခြေကံသံကျွပ်ဆိုတဲ့ တိုင်း စီိ ပြီး ရိုက်သွားကြတယ်။ ဒါကတော့ စည်းကမ်းပါ။ ခြေကန်သံ ကျွပ်ဖြစ်အောင် မရိုက်ရင်ဘာဖြစ်လဲ ဆိုတာတော့ မသိပါဘူး။ လက်သမားတစ်ယောက် လုပ်နေပြီး ဒါလေး တောင်မသိဘူးဆိုတဲ့ အပြစ်ပြောသံကိုတော့ ခံရမှာ အမှန်ပါပဲ။
နောက်ဆုံးတစ်ခုကတော့ သဘောတရားဆိုတာပဲ ဖြစ်ပါတယ်။ အိမ်တိုင်ထောင်တဲ့ အခါမှာ တိုင် အားလုံးက အဖြောင့်အစင်းတွေကြီးပဲ ဖြစ်မနေပါဘူး။ ကောက်ကွေ့နေတဲ့ တိုင်တွေလည်း ပါပါတယ်။ ဒီတိုင်အ ကောက် တွေကို ဘယ်လိုနေရာချမယ်ဆိုတာကတော့ သဘောတရားပါ။ တိုင်အကောက်ကို ဓရံသော်လည်းကောင်း ၊ ပျဉ်ကပ်မှာသော်လည်းကောင်း၊ အုတ်စီမှာသော် လည်းကောင်း ဘယ်လိုမျိုးထားရင် အဆင်ပြေမလဲဆိုတဲ့ သဘော တရားကိုစဉ်းစားရပါတယ်။
တိုင်အကောက်ကို အပြင်လှည့်ထားမယ်ဆိုရင်တော့ သေချာပါတယ် နံရံကြီးက ဗိုက်ပူဖြစ်နေ မှာပါ။ အဲဒီလို ဖြစ်အောင်လုပ်တဲ့ လက်သမားမျိုးကို ဘယ်သူကမှ လက်သမားကောင်းလို့ ပြော ကြမှာ မဟုတ်ပါဘူး။ အိမ် တစ်လုံး အတွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကြည့်တာမ ဟုတ်ပါဘူး။ အိမ်အပြင်ကနေလှမ်းကြည့် ပြီး ဒီအိမ်ရဲ့ အနေအထားကိုခန့်မှန်းကြတာပါ။ ဖြောင့်စင်းပြီး ကျင်တွယ်ကျ ဖြစ်နေတဲ့ အိမ်တစ်လုံးနဲ့ ဗိုက်ပူနံ ကားဖြစ်နေတဲ့ အိမ်တစ်လုံးကို ယှဉ်ကြည့်လိုက်တာနဲ့ ဆောက်လုပ်ထားတဲ့ လက်သမားတွေရဲ့ အရည်အချင်းကို ခန့်မှန်းလို့ ရ ကြပါတယ်။
အိမ်ဆောက်တဲ့ လက်သမားအတွက် သူနဲ့ ပတ်သတ်တဲ့ စည်းကမ်း၊ နည်းလမ်း၊ သဘောတ ရား ဆိုတာတွေ ရှိသလို နယ်ပယ်အနသီးသီးမှာလည်း ရှိပါတယ်။ ကိုယ်လုပ်ရှားနေတဲ့ နယ် ပယ်က သတ်မှတ်ပြဌားန်းထားတဲ့ စည်းကမ်းတွေကိုလိုက်နာမယ်။ နည်းလမ်းတွေအတိုင်း လိုက်နာမယ်။ လိုအပ်ရင် သဘောတရားဆိုတာကို ဖြည့်စည်းစားတတ်ရမယ်။ ဒီသဘောတ ရားသာ အမှန်ပါလို့တော့ ကျိန်းသေကမ္မပြောလို့ မရဘူး။ ပြောင်း လဲဖြစ်ပေါ်လာတာလေးနဲ့ နှိုင်း ယှဉ်ပြီး လုပ်ဆောင်တတ်မယ်ဆိုရင်ဖြင့် အဆင်ပြေချောမွတ်ပါလိမ့်မယ်။
သူများအလုပ်ကို လုပ်ရင် သူချမှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာရမယ်။ မလိုက်နာနိုင်ဘူးဆို ရင်တော့ ဒီအ လုပ်နဲ့ အဆင်ပြေမှာမဟုတ်ဘူး။ သူချမှတ်ထားတဲ့ စည်းကမ်းတွေက အများ လိုက်နာနိုင်တဲ့ စည်းကမ်း တွေလား။ ကိုယ်တစ်ယောက်တည်း သူ့စည်းကမ်းတွေကို မလိုက် နာနိုင်တာလား။ ကိုယ်တစ်ယောက် တည်းက စည်းကမ်း ဖောက်ဖျက်နေတာဆိုရင်တော့ ကိုယ့် အမှားဖြစ်ပါတယ်။ တကယ်မှန်ကန်တဲ့ စည်းကမ်း မျိုးဆိုရင်တော့ လိုက်နာနိုင်အောင်ကြိုးစား ကြရပါမယ်။ ဒီအလုပ်မှာ စည်းကမ်း တင်းကျပ်လွန်းလို့ နောက် အလုပ်ပြောင်းလဲ နောက်အ လုပ်က ချမှတ်ထားတဲ့ စည်းကမ်းနဲ့တိုးမှာပါပဲ။ ဒီလိုမှ မဟုတ်ပဲ လွန်းကဲတဲ့ စည်းကမ်းမျိုးနဲ့ တင်းကျပ်ထားတာဆိုရင်တော့ မလုပ်မိပါစေနဲ့။ ကိုယ်တိုင်လည်း စိတ်ဒုက္ခေ၇ာက်တယ်။ ကိုယ့် အလုပ် ရှင်အ တွက်လဲ ထိခိုက်တယ်လို့ ဆိုရပါမယ်။
ကျောက်ပွဲစားမှာ ကျောက်ပွဲစားစည်းကမ်းရှိတယ်။ ရွှေတူးတဲ့ လူတွေမှာ ရွှေတွင်းစည်းကမ်း ဆိုတာရှိတယ်။ လှေနဲ့ ငါးဖမ်းစားနေတဲ့ တံငါသည်တွေမှာလည်း တံငါသည် စည်းကမ်းရှိသလို အလုပ်ကြီး အကိုင်ကြီး သမားတွေမှာလည်း သူ့စည်းကမ်းနဲ့ သူရှိကြတယ်။ ကိုယ်ကဘယ်ပတ် ၀န်းကျင်မှာ ကျင်လည်ချင်တာလဲ။ ဒါကိုသိအောင်လုပ်ရမယ်။ ကိုယ်ကျင်လည်ချင်တဲ့ ပတ်ဝန်း ကျင်က စည်းကမ်း၊ နည်းလမ်း၊ သဘောတရား တွေကို သိအောင်လေ့လာရမယ်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာတွေကို ကြိုတင်သိထားရင် ဆောင်ရန်နဲ့ ရှောင်ရန်ကို စဉ်းစားဆုံးဖြတ်လို့ ရ နိုင်ပါတယ်။ ဒီလိုသိထားမှလည်း တကယ်ကျင်လည်တဲ့ အခါမှာ ချောမွေ့ ပြေပြစ်မှု ရရှိနိုင်မှာ ပါ။
ဟိုနေ့ကပဲ အလုပ်ဝင်လာတဲ့ တစ်ယောက် တစ်ပတ်တောင် မပြည့်လိုက်ဘူး အလုပ်ထွက်သွား တယ်။ အလုပ်စ၀င်တုန်းကတော့ ဒီက သတ်မှတ်ထားတဲ့ စည်းကမ်းတွေထက်ပဲ သူကပိုပြီး ထိန်းနိုင်သလိုလို၊ အင် တာဗျူးမှာတော့ အားလုံး ဟုတ်ကဲ့ လိုက်နာနိုင်ပါ၏ ဆိုတာမျိုးလုပ်သွား တယ်။ တကယ်လုပ်ကြည့်တဲ့ အခါကြ တော့ သူနဲ့ အဆင်မပြေဘူး ဆိုတာကိုသူသိပြီး အလုပ် ထွက်သွားတယ်။ မှားတယ်လို့တော့ မဆိုလို ပါဘူး။ ကိုယ်နဲ့ ကိုက်ညီမှုမရှိတော့ဘူးဆိုရင် လုပ် သင့်တာကိုတော့ လုပ်ရမှာပါပဲ။ ဒါပေမယ့် သူအဲဒီလို လုပ်တဲ့ အတွက် အလုပ်ထဲမှာ ကသိကအောက် ဖြစ်သွားတယ်။ အလုပ်ပိုရှုပ်သွားတယ်။ အစက တည်းက သာ ကျိုတင်လေ့ လာထား မယ်ဆိုရင် လုပ်ဖြစ်ချင်မှလည်း လုပ်ဖြစ်မယ်။
ဒီလိုမျိုး အတိုင်းအတာတွေကို လုပ်ငန်းရှင်တွေက ပိုသိတဲ့ အတွက် အလုပ်သမားတွေကို ထိန်း ချုပ်တဲ့ နေရာမှာ ပိုပြီးတင်းကြပ်တယ်။ လစာကို လကုန်မှာ ထုတ်မပေးဘဲ လကုန်ပြီး နောက်တစ်ပတ်မှ ထုတ်ပေး တယ်ဆိုတာဟာ လစာထုတ်ပြီးတာနဲ့ အလုပ်ထွက်သွားမှာဆိုးတဲ့ သဘောတရားပါပဲ။ အလုပ်သမား တွေက လည်း လွတ်ပြီကျွတ်ပြီဆိုပြီး ဘယ်သူ့မျက်နှာမှ မကြည့် ပဲလုပ်သွားကြတဲ့ သူတွေက ရှိနေတော့ လုပ်ငန်းရှင် တွေအ တွက် သတိထားစရာတွေ ဖြစ်နေတာပါ။
ဖော်ပြပါ သုံးချက်ဆိုတာက မှန်လွန်းလို့ တစ်ဖက်ကမ်းရောက်နေတယ်။ မြတ်စွာဘုရား လူတွေ ကို ဘာမှ ဖန်ဆင်းပေးခဲ့တာမဟုတ်ဘူး။ မြတ်စွာဘုရားကိုတိုင် ကျိုးစားအားထုတ်ပြီး သိသမျှ နည်းလမ်းတွေ၊ စည်းကမ်း တွေ၊ သဘောတရားတွေဆိုတာကိုပဲ ထားပေးခဲ့တာပါ။ ငရဲမသွား ချင်ရင် ဒီလိုလုပ်လို့ရတယ် ဆိုတာကိုပဲ ပြော တယ်။ ငါကယ်တင်မယ်လို့ မပြောဘူး။ သိအောင် အသိပေးခဲ့တယ်။ သိတော့ လိုက်နာရင်ဖြစ်တယ်။ မလိုက်နာ နိုင်ဘူးဆိုရင်တော့ ငရဲပေါ့။ ဒါမျိုး အသိလေး ၀င်လာတာ အကျိုးများပါတယ်။
ပတ်ဝန်းကျင်တစ်ခုစီမှာ မတူညီတဲ့ စည်းကမ်း၊ နည်းလမ်း၊ သဘောတရားလေးတွေရှိတယ်။ ကိုယ်ကျင်လည် မယ့် ပတ်ဝန်းကျင်နဲ့ ဟန်ချက်ညီညီ ဖြစ်ချင်တယ်ဆိုရင်ဖြင့် ဒီသုံးချက်ကို သေ သေချာချာ လေ့လာပါ။ ဖြစ်နိုင်မှ လုပ်ပါ။ မဟုတ်ရင်ကိုယ်လည်း ရှုံးတယ်။ ကိုယ့်အတွက်ကြောင့် သူတစ်ပါးလည်း စိတ်အနှောက် အယှက်ဖြစ်ပါ တယ်။
လူ့လောကကြီးကို တတ်နိုင်သလောက် အလှဆင်ကြမယ်ဆိုတဲ့ စိတ်ကူးလေးများရှိထားကြ ရင် လူ့စည်း ကမ်း လေးတွေဆိုတာကိုတော့ သိရှိထားကြဖို့ လိုပါတယ်။ အိမ်ဖော်လုပ်သည် ဖြစ်စေ စာရင်း ငှားလုပ် သည်ဖြစ်စေ ကိုယ်လုပ်မယ့် ပတ်ဝန်းကျင် ကိုယ်နေထိုင်ရမယ့် ပတ်ဝန်းကျင်ရဲ့ ဖော်ပြပါ သုံးချက်ကို လိုက်နာနိုင် မယ်ဆိုရင်ဖြင့် တာဝန်ကျေအောင်လည်း ဆောင်ရွက် နိုင်လိမ့်မယ်။ သူ့အကျိုးကိုလည်း စွမ်း စွမ်းတမံဆောင် ရွက်နိုင်လိမ့်မယ်။ သူ့အကျိုးကို ဆောင်ရွက်နိုင်သူအတွက် ကိုယ့်အကျိုးဆိုတာ မျှော်တွေး စဉ်းစားစရာမ လိုပါ။တူညီတဲ့ တုန့်ပြန်မှုရရှိ လာပါလိမ့်မယ် ဆိုတဲ့အကြောင်း အသိလေးတစ်ချက်ကို အမိအရဖမ်းဆုပ်ပြီး လော ကကို စည်းကမ်း၊ နည်းလမ်း၊ သဘောတရားတွေနဲ့ ဟန်ချက်ညီညီ အလှဆင်ကြပါစို့ ။ ။

နောင်တော်လေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !