Home » » မင်းအတွက် . . . တစ်နေရာ

မင်းအတွက် . . . တစ်နေရာ



ဘ၀ရပ်တည်ရှင်သန့်မှုမှာ သာတောင့်သာယာဖြစ်ဖို့အတွက် ကောင်းမွန်တဲ့ တစ်နေရာကိုရဖို့ ကြိုးစား နေကြ တယ်။ အခုလက်ရှိလည်း နေရာတစ်ခုကို တော့ ရောက်နေပါတယ်။ ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတစ်ခုမှာ ရှိနေတာပါ။ လက်ရှိအနေအထားကနေ ပိုမိုကောင်းမွန်တဲ့နေရာ တစ်ခုကို ရောက်ဖို့ ကြိုးစားရတယ်။ ဒါမှ လည်း လူပီသတယ်။ ရောက်နေတဲ့ နေရာမှာတင်အရိုး ထုတ်ကြဖို့မဖြစ်နိုင်ဘူး။ နေဖို့နဲ့ စားဖို့လောက်သာ တွေးနေကြတယ်ဆိုရင်တော့ ရတောင့်ရခဲ ဘ၀ကြီးက နှမြောစရာကောင်းပါတယ်။
လူဆိုတာကိုယ့်အဆင့် နဲ့ကိုယ်လို့ပြောရင်နာတတ်ကြတယ်။ နာစရာမလိုပါဘူး။ စကားလုံးနဲနဲ ရိုင်းသွားတာပါ။ ကိုယ်နေရာနှင့်ကိုယ်လို့ပဲ ရိုးရိုးရှင်းရှင်းတွေးကြည့်ကြတာပေါ့။ နေရာတစ်ခုရဖို့ ဆိုရင် လိုချင်တဲ့နေရာနဲ့ ထိုက် တန်တဲ့ အရည်အချင်းတွေရှိဖို့လိုလာပြီ။ နိုင်ငံခေါင်းဆောင် နေရာမှာ ပညာတတ်တွေပဲရှိတယ်။ ပညာတတ် တိုင်းလဲ နိုင်ငံကိုခေါင်းဆောင်လို့ ရတာမဟုတ် သေးဘူး။ခေါင်းဆောင်နိုတဲ့ အရည်အချင်းရှိမှသာ ဒီနေရာ ကိုရမှာပါ။ နေရာတစ်ခုကိုရောက် ချင်ရင် သွားနေရမယ်။ ဒီနေရာမှာ မတ်တပ်ရပ်နေပြီး ဟိုနေရာကို ရောက် ချင်လို့ မဖြစ်နိုင်ဘူး။ အရူးလို့ ၀ိုင်းပြောကြလိမ့်မယ်။
ကိုယ်နေရာနဲ့ ကိုယ်မနေတတ်တော့ အပြောခံထိတတ်တယ်။ ပညာတတ်တွေလုပ်နေတဲ့ အ လုပ်ကို ပညာမဲ့ တွေ ၀င်လုပ်လို့မရဘူး။ ဥပမာဆိုပါစို့ . . . နိုင်ငံရေး လောကထဲမှာ ပညာတတ် တွေဦးဆောင်နေကြတယ်။ ပြည်သူ့ကောင်းကျိုးကို ဆောင်ရွက်လိုကြတယ်။ ဆောင်ရွက်ခွင်ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်။ ပညာတတ် တွေက အမြှော်မြင်ရှိရှိနဲ့ “ ငါသာဒီနေရာ ရခဲ့ရင် ပြည်သူတွေအတွက် ဘယ်လို ကြီးပွားတိုးတက် အောင်ဆောင်ရွက်မယ် ” ဆိုတဲ့ ဆန္ဒ ရှိပြီး သားပါ။ ဒီအသိတွေကလည်း ပညာတတ်လို့သာသိတာပါ။ ဒါကြောင့် သူ့ထက်ငါဆောင် ရွက်ပြလိုတဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲဝင်လာကြတာပါ။ အဲဒီမှာ အောက်ခြေ လူတန်းစားက အကောင်းဆုံးဖြစ်မယ့်သူ တစ်ဦးကို ရွေးချယ်ကြတယ်။ အရွေးမှန်ခဲ့ရင်တော့ နေရာပေးရတာ ထိုက်တန်ပါတယ်။ နေရာရသွားမှ ကပြောင်းကပြန်လုပ်တတ်တဲ့ သူနဲ့ တွေ့ရင်လည်း ပြည်သူတွေ ခံစားကြ ရဦးမယ်။ အဲဒီတော့ နေရာတစ်ခုအတွက် သေချာမယ့်သူဖြစ်ဖို့လိုတယ်။
နိုင်ငံရေး လောကမှာ ဘယ်လိုအရှုပ်အထွေးတွေရှိတယ်ဆိုတာကို သာမာန်အရပ်သားတစ် ယောက်အနေနဲ့ မသိနိုင်ပါဘူး။ အရပ်ထဲမှာပြောနေကြသလို “နားလည့်ပြီး ပါးရိုက်သွားတယ် ” ဆို တာမျိုး မဖြစ်ခဲ့ရင်ပဲ ကျေ နပ်စရာပါ။ ကြားဖူးနားဝါရှိခဲ့ဖူးတဲ့ နိုင်ငံရေး လောကအကြောင်း တစ်ခု ခေါင်းထဲက ထွက်လာတယ်။ ဟိုး အ တိတ်ကာလရွေးကောက်ပွဲများဆီက အဖြစ်အပျက် တစ်ခုပါ။ စည်းရုံးရေးမှူးတစ်ယောက် ပြောပြခဲ့ တာဖြစ်ပါ တယ်။ နိုင်ငံရေးစာပေတွေလေ့လာပြီး နိုင်ငံ ရေးစိတ်ဓာတ်ကိန်းအောင်းခဲ့ သူတစ်ယောက်ပါ။ ပါတီ တစ်ခုမှာ ပါတီဝင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့တယ်။ အဲဒီကနေမှ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ရေးဆင်းရ မယ်ဆိုတော့ သူ့မြို့နယ်လေးကို သူပြန်လာခဲ့တယ်။ စည်းရုံးရေးမှူးတစ်ယောက်အနေနဲ့ ပြန်ရောက် လာ တာပါ။
သူဟာအတန်းပညာအားဖြင့်တော့ ရှစ်တန်းအောင်အဆင့်ပဲ ရှိပါတယ်။ စာပေလေ့လာလိုက် စားမှုအရ ဟော ပြောတတ်တယ်။ စည်းရုံးသိမ်းသွင်းနိုင်တယ်။သူ့ရဲ့ ဆောင်ရွက်ချက်တွေ အသင့်အတင့် အောင်မြင်ခဲ့ ပါတယ်။ ဒါပေမယ့် ပါတီရဲ့ မြို့နယ်ရုံးထဲမှာ သူ့ကိုအတိုက်အခိုက် လုပ်ကြတယ်။ ဘယ်သူတွေက တိုက်ခိုက် ကြတာလဲဆိုတော့ မြို့ပေါ်က ပညာတတ် အသိုင်းအ၀ိုင်းက လူတွေပါ။ ပညာတတ်တွေရဲ့ အမြင်မှာ “ ဒီတော သားက ဘာနားလည်လို့လဲ ”ဆိုတာမျိုး ပြောချင်ကြတယ်။ မြို့နယ်ရုံးမှာ နေရာမပေးချင်တဲ့ သဘောပဲ ဖြစ်ပါ တယ်။ တောသား စည်းရုံးရေးမှူးကတော့ သူ့စိတ်ဓာတ်နဲ့ သူလုပ်ခဲ့တဲ့ အလုပ်အပေါ်မှာ ယုံကြည်ချက်အပြည့် ထားပြီးလုပ်ခဲ့ပါတယ်။ ပါတီတွင်းမှာတောင် နေရာလုတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံရတော့ အရမ်း စိတ်ပျက်ခဲ့ရ ပါတယ်တဲ့။ ပညာတတ်တိုင်းလဲ လုပ်ချင်ရာ လုပ်လို့တော့ မရသေးဘူး။ နောက် ဆုံးတော့လဲ သူ့နေရာနဲ့ သူပါ ပဲတဲ့လေ။
နေရာတစ်နေရာကို အသည်းအသန်ရှာနေကြတဲ့ နိစ္စဓူဝအဖြစ်ကလည်း အတော်စိတ်ပျက်ဖို့ ကောင်းပါ တယ်။ ဘတ်စ်ကားပေါ်ကို ရောက်တာနဲ့ ဖင်တစ်နေရာစာအတွက် အလုအယက် ဖြစ်နေကြတယ်။ တခါတ ရံမှာ အတော့်ကို အမြင်မတော်ပါဘူး။ အရွယ်ကောင်း သန်သန်မာမာ ပုဂ္ဂိုလ်တွေက ဟန်ကျပန်ကျ ထိုင်နေ ကြတယ်။ အဖိုးအို အဖွားအိုတွေက မတ်တပ်ရပ်နေရတယ်။ လူငယ်လေးတွေက အသိစိတ်ဓာတ်နဲ့ သက်ကြီး ရွယ်အိုတွေကို နေရာပေးကြပါတယ်။ တစ်ချို့ကြတော့လည်း သိသိနဲ့ကို ဖင်မြဲအောင်ထိုင်နေတတ်ကြတယ်။ ဖင်တစ်နေရာစာ တောင် အဲဒီလောက်ဖြစ်နေမှတော့ စဉ်းစားကြည့်ကြပါတော့။
ကိုယ့်နေရာနှင့် ကိုယ် ဆိုတာကို သဘောပေါက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိပါသေး။ စာ ရေးချင်တဲ့ ဆန္ဒ ရှိ တဲ့ အတွက် ဆောင်းပါးတွေ ရေးဖြစ်တယ်။ နည်းနည်းပါးပါးလောက်သာ ရေး ဖြစ်တာပါ။ ဂျာနယ်ထဲမှာ တခါ တရံ ဖော်ပြခံရတယ်။ ၀မ်းသာပီတိတွေလည်း ဖြစ်ကြရပါတယ်။ ဂျာနယ်တိုက်ကိုတော့ တစ်ခါမှ မရောက်ဖြစ် ပါဘူး။ လိပ်စာမှတ်ထားပြီး ရောက်အောင်သွား ခဲ့တယ်။ ဧည့်ခန်းထဲမှာ လေးယောက်လောက် ထိုင်နေကြပါ တယ်။ ၀င်ခွင့်တောင်းပြီး ၀င်ခဲ့ပါ တယ်။ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေက ဧည့်ကြိုတာဝန်ရှိဟန်မတူပါဘူး။ ဖာသိဖာ သာ ပါပဲ။ ဘာကိစ္စ များရှိပါသလဲ ဆိုပြီး အမျိုးသမီး တစ်ယောက်စကားလာပြောပါတယ်။
မိတ်ဆက်စကားလေး ဘာလေးပြောပြီး ကိုယ်ပြောချင်တာလေး ပြောပြမိတယ်။ သူကလည်း ကိုယ်ပြောတာ ကို သေသေချာချာ နားထောင်မပေးနိုင်ဘူးထင်တယ်။ မေးခွန်းတွေဖြတ်ဖြတ် မေးတယ်။ စကားကလိုရင်းကို မရောက်တော့ဘဲ လေကျောရှည်တာပေါ့။ အမျိုးသမီးကလည်း မေ့သွားတော့ ထိုင်ဖို့နေရာတောင်မပေးမိတဲ့ သဘောလို့ ထင်ခဲ့ပါတယ်။ မတ်တပ်ရပ်ပြီး စကား ပြောနေကြတာပါ။ ဒီအချိန်မှာ အနောက်က ပါလာတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်က ထိုင်ဖို့ နေရာဆိုတဲ့ စကားသံထွက်လာတယ်။ စိတ်ကိုထိန်းပြီး ပြောစ ရာ ရှိတာပြောပြီး ပြန်ခဲ့ ပါတယ်။
အပြန်လမ်းရောက်မှ ဒေါသက တဖြည်းဖြည်းထွက်လာတယ်။ ဧည့်သည်ကို ထိုင်ပါလို့မပြောပဲ ဘာကြောင့် များထိုင်ချင်နေရတာလဲ။ သူငယ်ချင်းကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောမိတယ်။ သူငယ် ချင်းကလည်း ပြန်ပြောပါ တယ်. “ ငါတို့က ဧည့်သည်ပဲကွာ ၊ ထိုင်ဖို့နေရာတော့ ပေးသင့်တာ ပေါ့ ” တဲ့။ သူငယ်ချင်းရေ မင်းစကားတော မှာ သွားပြောချည်လို့ ပြောရမလိုဖြစ်နေပြီ။ သူက လာပါလို့ ဖိတ်ထားတဲ့ ဧည့်သည်မဟုတ်ဘူး။ အလိုက်ကန်း ဆိုးမသိဘဲ သွားမိတဲ့ ဧည့်သည် တစ်ယောက်အတွက် ဒီလောက် တာဝန်ကျေတာပဲ တော်လှပါပြီ။ ဧည့်သည် ဆို ဧည့်သည်လို နေမှပေါ့ကွ။
လူဆိုတာ အနေအထားကို ကြည့်ပြီး ဆက်ဆံတာပါ။ နေရာထိုင်ခင်း ပေးသင့်တယ်ထင်ရင်ပေး မှာပါပဲ။ ပေးစ ရာ မလိုတဲ့ သူမို့လို့မပေးတာပါ။ နေရာပေးသင့်တဲ့သူဆိုရင် “ကော်ခုံတောင်မ ဟုတ်ဘူး၊ ကျွန်းခုံကိုမှ ပန်းက နုတ်တွေ အလှဆင်ပြီးအောက်က ဆိုဖာအိအိလေးတောင် ခံပေးထားလိမ့်မယ်”။ နေရာမရှာကြပါနဲ့ သူငယ်ချင်းတို့ရာ။ နေရာလိုချင်တယ်ဆိုရင် ကိုယ်လို ချင်တဲ့ နေရာအတွက် ရှိသင့်ရှိအပ်တဲ့ အရည်အချင်း ရှိအောင် လုပ်ကြပါ။ နေရာဖယ်ပေးချင် တဲ့သူကတော့ ခတ်ရှားရှားပါပဲ။ ဒါပေမယ့် ကိုယ်မျှော်လင့်တဲ့ နေရာအ တွက် ကိုယ့်မှာ အရည် အချင်းရှိပြီဆိုရင် နှစ်ခုံ အပြိုင်ဝင်ထိုင်လို့လည်း ရကောင်းပါတယ်။ ဒါပေမယ့် လူ့လော ကကြီး ကလည်း ခက်သားလား။ အလှူအိမ်တောင်မှ စုတ်စုတ်ချာချာနဲ့ သွားရင် ခုံအနိမ့်ဝိုင်းမှာ ချကျွေး တာ။ ၀တ်ကောင်းစားလှလေး ၀တ်သွားမှ လူကြီးလူကောင်းလို့ ထင်ပြီး ဆက်ဆံရေး က တစ် မျိုးပြောင်းသွား တတ်ကြ တယ်။
နေရာ တစ်ခုရဖို့ လိုတယ်။ အလု့အယက် လုပ်ယူရမယ်နေရာတွေ ရှိသလို ဖယ်ပေးသင့်တဲ့ နေရာတွေလည်း ရှိပါတယ်။ လု့ယူရမယ့် နေရာအတွက် အရည်အချင်း ရှိနေရမယ်။ အရည် အချင်းရှိသူတွေ ပြိုင်ဆိုင်ကြတဲ့ နေရာမှာ ကိုယ့်ထက်တော်တဲ့သူ နေရာရသွားခဲ့ရင်လည်း သဘောထား ကြီးနိုင်ကြရမယ်။ ဖယ်ပေးသင့် တဲ့နေရာတွေအတွက် စိတ်ကောင်းစေတနာ ရှိ နေကြရမယ်။ သန်သန်မာမာ ရှိနေသေးတဲ့ ခန္ဓာကိုယ်ကြီးကို ညှာတာလွန်းအားကြီးတော့ လူ တွေအမြင်မှာ လူစိတ်မရှိတဲ့ သူလို့ အထင်ခံရတတ်တယ်။ ဖယ်ပေးသင့်မှန်း စိတ်ကသိနေရင် ဖယ်ပေးလိုက်ပါ။ ကိုယ့်စိတ်မလုံမလဲ ဖြစ်ရတယ်။ ကိုယ့်နေရာနှင့် ကိုယ်ရှိနေတဲ့ လောကမှာ ကိုယ်လိုချင်တဲ့ နေရာတစ်နေရာ ရဖို့ ကြိုးစားကြသေးတာပါ့ ။



နောင်တော်လေး

1 comments:

  1. တကယ်ကိုမှတ်သားထိုက်ပြီး လက်တွေ့ဆန်တဲ့ အတွေ့အကြုံနဲ့အတွေးအရေး
    တွေမို့..ဖတ်ရတာတန်ဖိုးရှိလှပါတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးအထူးတင်
    ပါတယ်။နောက်နောင်လည်း ဒီလို..ဒိလိုတွေဆက်လက်ေ၇းသားနိုင်ပါစေလို့
    ဆုတောင်ရင်း အားပေးနေလျှက်ပါဗျာ..ခင်မင်လေးစားစွာဖြင့်..

    ReplyDelete

never ... never ... never ...never ... never Give Up !