Home » » လေးစားရသော Blogger အကိုအမများ သို့

လေးစားရသော Blogger အကိုအမများ သို့


ဒီမိုကရေစီ အရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေး အတွက် ရေးသားနေကြသော အကို/အမ blogger များအားလုံးကို လေးလေးစားစားရေးသားအပ်ပါ။ အကိုအမတို့ရေးသားနေသော ဘလော့ များကို မြန်မာပြည် အနယ်နယ် အရပ်မှ အင်တာနက်အသုံးပြုသူများ အလွယ်အတူဖတ်ရှုနိုင်ရန် အကောင်းဆုံး လုပ်ဆောင် ပေးစေ ချင်ပါတယ်။ (blogspot) extension နှင့် ရေးသားထားသော ဘလော့များကို အင်တာနက်ဆိုင်းတိုင်းမှ အလွယ်တ ကူဖတ် ရှုမရနိုင်သည်ကို သတိပြုစေချင်သည်။ 
Blogger ကို ပိတ်ထားသော မြန်မာအိုင်ပီ ကြောင့် ပြည်ပသို့ရောက်ရှိနေသော အကိုအမများ ပြောချင် နေသော ပြည်သူအတွက် စကားများသည် ပြည်သူတို့ မသိရှိနိုင်ပါ။ IT လောကမှ တကယ့်နား လည်ပြီး တတ်ကျွမ်းသူများ လောက်သာ ကျော်ခြင်း ခွခြင်း နည်းလမ်းများကို သိရှိကြ၍ ကြည့်ရှုလိုသူများ ကျော်ခွပြီး ဖတ်ကြပါသည်။ နိုင်ငံ ရေးကို စိတ်ဝင်စားကြသောလူငယ်များအနေနှင့် အကိုတို့အမတို့ ပေးသော နိုင်ငံရေး အသိကိုရရှိစေလိုလျှင် Domain ချိန်းပေးကြပါ။ ဖော်ပြထားသော စာသားများကို အလွယ်တကူဖတ်ရှု့နိုင်စေ ခြင်းအားဖြင့် နိုင်ငံရေး အသိပြည်သူများထံသို့ ပျံ့ပျံ့နှံ့နှံ့ ရောက်စေခြင်းသော ဆန္ဒဖြင့် အသိပေးရေးသား ပါသည်။ အရာရာလွတ်လပ်မှု မရှိသည့် မြန်မာနိုင်ငံအတွက် အတတ်နိုင်ဆုံး ကျိုးစားပေးစေချင်ပါတယ်။ 
နိုင်ငံရေး ပစ်မှုများနှင့် ပတ်သတ်၍ ဥပဒေမရှိ လုပ်ချင်ရာလုပ်လို့ ရသော တရားဥပဒေအရ လက်လေးလုံး လောက် သာရှိသည့် နိုင်ငံဆန့်ကျင်ရေး ပစ်မှုအတွက် အနည်းဆုံးထောင်ငါး နှစ်ချလို့ ရသည်ဟု လုပ်ချင်ရာ လုပ်ဥပဒေအကြောင်း နားလည်သော ဦးလေးတစ်ယောက်က သတိပေးစကားပြောကြားသွားပါသည်။ 

မြလေးနိုင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !