အွန်လိုင်းက ပုဂ္ဂိုလ်များအတွက်မဟုတ်တဲ့ ဒီပိုစ်လေးကို သိခံပြီးဖတ်ပေးကြပါ
အခြေခံလူတန်းစားထဲက မျိုးဆက်သစ်ကလေးငယ်တွေအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များကို တာဝန် ကျေစေချင်တဲ့အတွက် ဖော်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဒီစိတ်ဆန္ဒ ဖြစ်လာရတာက တော့ ဇာတိချက် ကြွေမွေးရပ်မြေက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို ကြားရတဲ့ အတွက်ရေးဖြစ်တာပါ။ ဇာတိရွာ ကလေးမှာ ပညာရေးဘက်ကို အရမ်းအားနည်းနေတယ်။ ဒီရွာ ကလေးတစ်ရွာတည်းမှာ ဒီလိုဖြစ် နေတာမဟုတ်ပါဘူး။ နိုင်ငံအ၀ှမ်းက ဝေးလံခေါင်သီတဲ့ အရပ် ဒေသတွေမှာ ပညာရေး အားနည်း မှုတွေရှိနေပါတယ်။ မျိုးဆက်တွေမပျက်စေချင်တဲ့ဆန္ဒ မျိုးဆက်သစ်ကလေးတွေ အညွှန့်မတုံးစေချင် တဲ့ဆန္ဒနဲ့ဖော်ထုတ်ရခြင်းဖြစ်ပါတယ်။
ကိုယ်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ကိုအခြေခံပြီးပြောရရင် တစ်ရွာလုံးမှာ ဆယ်တန်းအောင်တဲ့ သူဆိုတာ မရှိသလောက်ရှားတယ်။ အခုလက်ရှိအနေအထားသွားကြည့်မယ်ဆိုရင် တစ် ယောက် တောင်မရှိ တဲ့အခြေအနေပါ။ ဒီလောက်ဆိုရင်ပဲ ပညာရေးအနေအထားကိုခန့်မှန်းလို့ ရကြမှာပါ။ ရွာမှာက မူလတန်း ကျောင်းပဲရှိတယ်။ ရွာကကျောင်းသားလေးတွေဟာ မူလတန်း ကျောင်းပြီးတာနဲ့ သူတို့တွေရဲ့ ပညာရေးလဲ အဆုံးသတ်သွားကြရတယ်။ ဒါကတော့ နှစ်စဉ်နှစ် တိုင်းလိုပါပဲ။ ငါးတန်း၊ခြောက်တန်း ဆိုတာကို လယ်သမားသားသမီးနဲ့ စီးပွားရေးချောင်ချောင် လည်လည် ရှိတဲ့သူလောက်သာ ထားကြတာပါ။အဲဒီအ ထဲကလည်း ကိုးတန်း၊ဆယ်တန်းရောက် တဲ့သူဆိုတာ မရှိပါဘူး။ ငါးတန်း ခြောက်တန်း နဲ့ပဲ အလျှိုလျှိုကျောင်း ထွက်ကုန်ကြရတယ်။ ရှစ် တန်းအောင်တဲ့သူ ဘယ်နှစ်ယောက်ရှိသလဲလို့ မေးရင်တောင်ဖြေရမှာ အတော်ရှက်စရာ ကောင်းပါတယ်။ ကျောင်းထွက်ပြီး လယ်သမားသားသမီးက လယ်သမားဖြစ်တယ်။ လယ်မရှိ ယာမရှိ သူတွေကတော့ စာရင်းငှား အလုပ်သမားလေးတွေဖြစ်ကုန်ကြရပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲရောက်ကုန်ကြတဲ့ လူငယ်လေးတွေ ဘာ တွေဖြစ်ကုန် ကြလဲ။ အလုပ်ကိုပင်ပင်ပန်းလုပ်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ အား နည်းလာတယ်။ ဟိုတစ်စ သည်တစ်စနဲ့ အရက်သမားလေးတွေဖြစ်ကုန်ကြတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်တွေပြုကြတယ်။ ကျေးလတ်ဒေသတွေမှာ ဒီလိုပုံစံမျိုးဖြစ်နေတာတော့ ဟိုးအရင် ကတည်းကပါ။ ဒီနေ့အချိန်ထိ ဒီလိုအခြေ အနေတွေရှိနေသေးတယ်ဆိုတော့ လူ ကြားလို့ မကောင်းတွေ ဖြစ်ကုန်ပြီ။
အထက်မှာတင်ပြခဲ့ သလိုအဖြစ်မျိုးက တိုင်းပြည်တစ်ဝှမ်းမှာ ဒုနဲ့ဒေးရှိနေပါတယ်။ ဒီကိစ္စမှာ ဘယ်သူတွေ အဓိကကျနေသလဲဆိုတော့ အုပ်ထိန်းသူမိဘတွေပါ။ သားသမီးတွေကို ထွန်း ပေါက်အောင် ထားနိုင်မှာမ ဟုတ်ပါဘူးဆိုတဲ့ စကားကိုလက်ကိုင်ထားပြီး အရွယ်မရောက်သေး တဲ့ ကလေးငယ်တွေကို ခိုင်းစားဖို့ လောက်ပဲ မြင်ကြပါတယ်။ အနောက်နိုင်ငံတွေမှာ အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးရင် ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ် လွပ်လွပ်လပ်လပ် နေနိုင်တယ်ဆိုတာ
တော့ ကြားဖူးပါတယ်။ ဒီမှာကတော့ ဆယ့်ရှစ်နှစ်တောင်မပြည့်သေးတဲ့ ကလေးတွေက မိသား စု တာဝန် ကိုယူနေရတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ သူတို့တွေဆီမှာက ဆယ့်ရှစ်နှစ် မပြည့်ခင်မိဘ တွေက ပညာကောင်း ကောင်းသင်ပေးလွှတ်လိုက်တာပါ။ ပညာအသိရှိတဲ့လူငယ်လေးတွေ ဆို တော့ အမှားအမှန်ဆိုတာကို ခွဲခွဲခြား ခြားသိနေပြီး မမှားသင့်တာမမှားအောင် သူတို့ကိုယ် တိုင် ထိန်းကျောင်းနိုင်တာပေါ့။ ဒီမှာက လေးတန်း အောင် လောက်အဆင့်နဲ့ လူကြားထဲမတိုးရဲ အောင်လုပ်လိုက်သလိုဖြစ်နေတယ်။
အတွေးအခေါ်အမြှော်အမြင်အားနည်းတဲ့ မိဘတွေဆီမှာ သားသမီးဖြစ်ရတဲ့ ၀တ်ကျွေးက လည်းတော် တော်မလွယ်ပါဘူး။ မြို့နေလူတန်းစားနဲ့ တောနေလူတန်းစားမှာ ဒီအသိက အရမ်း ကွာဟနေတယ်။ ပညာရေးအပေါ်ယုံကြည်ချက် မျှော်လင့်ချက် ရှိတဲ့နေရာမှာ ဒီလူတန်း စားနှစ် ရပ်ရဲ့ ခံယူချက်က သိသိသာသာကွာခြားသွားပါတယ်။ မြို့ပေါ်မှားလည်း ကြုံရာကြဘမ်း လုပ်ပြီး ရပ်တည်နေ ကြရသူတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေမှာ ငါ့သား၊ငါ့သမီးကို ဘယ်လိုအ နေအထားမျိုးထိရောက်အောင် ထားမယ် ဆိုတဲ့ ဆန္ဒရှိကြတယ်။ မြို့ပေါ်မှာဆိုတော့ အားကျစ ရာတွေ ဂုဏ်ယူစရာတွေကလည်း နေ့စဉ်မြင် တွေ့နေရတာဆိုတော့ မရှိတဲ့ကြားထဲက အားခဲပြီး ထားကြပါတယ်။ မြို့ပေါ်ကမှ ရေ၊ မီး၊ ထင်း၊ အစစအရာရာ ငွေနဲ့မှဆိုတော့ ရုန်းကန်လှုပ်ရှား ရတော့ လွယ်တာမဟုတ်ပါဘူး။ ဒီကြားထဲကပဲ သားတွေ၊ သမီးတွေ ဆယ်တန်းအောင် တက္က သိုလ်ရောက် တွေဖြစ်လာကြပြီးမိဘကို ပြန်ကြည့်နိုင်တဲ့ သားကောင်းသမီး ကောင်း လေးတွေ ဖြစ်လာကြတာပါ။
တောနယ်တွေမှာတော့ တစ်နေ့နဲ့တစ်နေ့ ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာရယ်လို့ မရှိ ဘူး။ အမြှော် အမြင် နည်းတဲ့ မိဘတွေက ကလေးတွေကို ကျောင်းထုတ် သူများဆီမှာ စာရင်း ငှားဝင်လုပ်ခိုင်းတယ်။ ဒီက လေးတွေ အလုပ်ထွက်လုပ်တဲ့ အတွက် မိသားစုစီးပွားရေး အခြေ အနေ သိသိသာသာတိုးတက်လာသလား? ဆိုတော့လဲ ဘာမှသိပ်ထူးခြားတာမတွေ့ရပါဘူး။ ကျောင်းထားဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးဆိုတဲ့ မိဘတွေရှိရင် လက်တွေ့သာဓက ပြပြီးပြောလို့ ရပါတယ်။ ကိုယ့်ဂုဏ်ကိုယ်တင်တာလည်း မဟုတ်ဘူး။ ဒီလိုပဲ မဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ အသိနဲ့ လုပ်ခဲ့တဲ့ ကျွန်တော်တို့ အမေအကြောင်းလေး နဲ့ သာဓကပြပါမယ်။
အမေဟာ အဖေအိမ်ကထွက်သွားတဲ့ အချိန်အတောအတွင်းမှာ သားသုံးယောက်ကို လူ့အောက်သူ့အောက် အကျခံပြီးတော့ ကျောင်းထားခဲ့တာပါ။ အဖေထွက်သွားတဲ့ တစ်ဆယ့် သုံးနှစ်အတွင်းမှာ အလုပ်ကို ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ အဖေတာဝန်ရော အမေတာဝန်ကိုပါ တစ်ယောက်တည်း စွမ်း ဆောင်ခဲ့တဲ့သူပါ။ ကိုယ်တိုင်ကတော့ ပင်ပင်ပန်း ပန်းတွေလုပ်ပြီး သားသုံးယောက်ကိုကျတော့ လူအောက် မကျအောင် ကျောင်းထားခဲ့တာပါ။ တစ်ရွာလုံးက ၀ိုင်းပြောကြတယ်။ “ နောက်အိမ်ထောင်ပြုဖို့၊ သားတွေကို ကျောင်းထုတ်ပြီး အလုပ်ခိုင်းဖို့” ဒါတွေပဲအမြဲပြောနေကြတာပါ။ အမေက အားလုံးကိုဆန့်ကျင်ခဲ့တယ်။ အမေနား ထဲကို အဲဒီစကားလုံးတွေ မ၀င်ဘူးလို့ထင်ရတယ်။ အဖေ၊အမေ အစုံရှိပါလျှက်နဲ့ ညီကိုဝမ်းကွဲ တွေ ကျောင်းမတက်ကြရဘူး။ လေးတန်းအောင်နဲ့ ထွက်ကြရတာပဲ။ မုဆိုးမလို တစ်ယောက် တည်းရုန်းကန်ပြီး သားတွေကို အမြှော်အမြင်ရှိရှိကျောင်းထားတဲ့ အမေစိတ်ဓာတ်မျိုးကတော့ ရွာမှာ ရှားပါတယ်။
အမေဘယ်လိုအလုပ်တွေလုပ်ခဲ့ ရသလဲဆိုရင် “အမေနဲ့ အတူလှေကလေးနဲ့ ချောင်းရိုးမှာ ပဲပြုတ် လျှောက် ရောင်းခဲ့ရဘူးတယ်။ ပဲပင်ပေါက်ရောင်းရတယ်။ ကုန်စိမ်းပေါ်ချိန်ကုန်စိမ်း ရောင်းတယ်။ ပင်လယ်ကနေ ငပိ၊ ငါးခြောက်ယူပြီး ရွာဘက်တွေမှာ ပြန်ရောင်းတယ်။ ဒါတွေ မလုပ်ခင်ကဆိုရင် သူများအိမ်မှာ အမေအ ၀တ်အငှားလျှော်ခဲ့ရတာတွေလည်း ရှိတယ်။ တစ်ခြား ရွာကို သွားချင်တဲ့ သူတွေက လှေလှော်ဖော်၊ လှေခတ် ဖော်ခေါ်ရင်လည်း အမေလုပ်ခဲ့ တာပါပဲ။ ” ဒီလိုမျိုးအောက်ကျနောက်ကတွေကို အမေကိုယ်တိုင်လုပ် နေပေမယ့် သားသုံး ယောက်ကိုတော့ ရွာက ဘယ်ကလေးနဲ့မှ မယှဉ်နိုင်အောင် သနပ်ခါးခြေစုံး ခေါင်းစုံးလိမ်းပြီး ၊ အ၀တ်အစား မီးပူတိုက်ကလေးတွေနဲ့ ကျော့နေအောင်ထားခဲ့တာပါ။ ဘယ်မိဘကမှာ ဒုက္ခခံ ပြီးမထားတဲ့ ကျောင်းကိုလည်း အမေက အစွမ်းကုန်ကျိုးစားပြီးထားခဲ့တာပါ။
သားတွေအပေါ်မှာ အစွမ်းကုန်ပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့အမေအတွက်တော့ ကျွန်တော်တို့ တာဝန်မ ကျေလိုက်နိုင်ပါဘူး။ အသက်တိုရှာတဲ့ အမေက ပေးဆပ်နိုင်သမျှအစွမ်းကုန် ပေးဆပ် ခဲ့ပြီး လူ့လောကထဲက စောစီးစွာထွက်ခွာသွားခဲ့ပါပြီ။
အမေ အကြောင်းလေးသိရပြီး အမေထက် ပိုတဲ့ဆန္ဒတွေသားသမီးတွေအပေါ်မှာ ထားရှိကြစေ ချင်တာပါ။ ရွယ်တူတန်းတူတွေ၊ ညီကိုဝမ်းကွဲတွေ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ကြတာ ဘယ်အတိုင်းအတာထိ ကြီးပွား တိုးတက်သွားကြပြီလဲ။ လုပ်ရင်းစားရင်း ချာချာလည်နေတဲ့ ၀ဲဂ ယက်ထဲမှာ တစ်ချို့က အိမ်ထောင်တွေကျလို့ ကလေးအဖေတွေတောင်ဖြစ်ကုန်ကြပြီတဲ့။ ဘယ်သူ့ကိုမှ အပြစ်သဘောမျိုးမပြောချင်ပါဘူး။ ကိုယ်တိုင်အမှန် တရားကို စဉ်းစားတွေတော ကြစေလိုပါတယ်။ သားသမီးတွေကိုကျတော့ မတတ်နိုင်လို့ပါဆိုပြီး ကျောင်းထွက်ခိုင်းတယ်။ ကိုယ်တိုင်ကြတော့ “အရက်လေးတမြမြ၊ ဖဲမီးလဲ လှုံလိုက်သေးတယ်” ဒီလိုမိဘ တွေလည်း ရှိ နေသေးတယ်။ “ အသက်ကရလာပြီ ဖင်နာတယ် ခေါင်းနာတယ်ဆိုပြီး အနားယူချင်ကြတယ် လေ။ ဒီတော့ ဒီိမိသားစုတွေရဲ့ အခြေအနေက ဘယ်လိုပုံစံတိုးတက်လာမှာလဲ။ ကိုယ်တိုင်မွေး ထုတ်ထားခဲ့တဲ့ သားသမီးတွေအတွက် တာဝန်ကျေသွားပြီလို့ ထင်နေကြတယ်။လေ့လာစန်းစစ်မှုလေးတွေတော့ မိဘတွေ ကိုယ်တိုင်လုပ်ကြဖို့ သင့်ပါတယ်။
ဟိုတစ်နေ့ကပဲ သူငယ်ချင်းတစ်ယောက်က နောက်ရင်းပြောင်ရင်း “မိန်းမယူတော့မယ်” လို့ ပြောတယ်။ အမြင်မတော်တာတွေ့ ရင် ပြောဖို့ အဆင်သင့်စောင့်နေတဲ့ မမလေးက “ဘာလဲ နင်က မျိုးဆက်သစ် (Generation)ကို မွေးထုတ်ပြီး နှိပ်စက်ဦးမလို့လား ” တဲ့ဗျာ။ ကိုယ်တိုင် ကမှ ဘယ်အရာမှ ပြည့်ပြည့်စုံစုံမရှိသေးဘဲနဲ့ မျိုးဆက်သစ်(Generation) ကိုမွေးထုတ်မယ် ဆိုရင်တော့ သူပြောတဲ့ စကားကတကယ်ကိုမှန်နေပါတယ်။ အခုကျေးလတ်ဒေသတွေမှာ ဖြစ် နေတဲ့ ပုံစံကလည်း ဒီလိုတွေပါပဲ။ စိတ်နောက်ကိုယ်ပါ အရွယ်မရောက်သေးဘဲနဲ့ အိမ်ထောင် တွေကျပြီး ကိုယ်မွေးလာတဲ့ သားသမီးကိုလည်း တာဝန်ကျေအောင်လုပ်မပေး နိုင်ကြတဲ့ ပုံစံ မျိုးတွေ မြင်နေတွေ့နေရတယ်။
ဒီခေတ်ကြီးမှာ လေးတန်း၊ငါးတန်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အသိလေးတော့ရစေချင် တာပါ။ သေစာရှင် စာတတ်ရင်တော်ပြီဆိုတဲ့ မိဘတွေလည်းရှိတယ်။ အဲဒီသေစာရှင်စာနဲ့ လူ တောထဲကို ဘယ်လိုတိုး လို့ရမလဲဆိုတာတော့ နည်းနည်းမှ မတွေးကြဘူး။ ပညာရေးကိုအ လေးအနက်ထားတဲ့ မိဘတွေကတော့ ကိုယ့်သားကိုယ့်သမီးလေးတွေအတွက် အစွမ်းကုန် ကြိုးစားနေကြတယ်။ မိဘတိုင်း သားသမီးတွေ အပေါ်မှာမျှော်လင့်ချက်ထားကြပါတယ်။ မျှော် လင့်ချက်မြင့်မြင့်မားမားလေးထားကမှ တော်ရုံလောက်ကြ တာပါ။ အခုလို လေးတန်းအောင် ငါး တန်း နဲ့ ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေအတွက်ကြတော့ အရွယ် မရောက်ခင်မှာ အညွှန့်ချိုးခံလိုက်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်။
ကိုယ့်သား ကိုယ့်သမီးလေးတွေကို “ ဘောပင်လေးကိုင်ပြီး ကွန်ပျူတာရှေ့မှာ သက်သောင့် သက်သာလေး လုပ်ကိုင်စားသောက်စေချင်ရင်တော့ ကျဉ်းမြောင်းနေတဲ့ အမြင်တွေကို ပြောင်း လဲပေးကြဖို့လိုနေပါပြီ။ ရည်ရွယ်ချက်ကိုယ်စီရှိတဲ့ လူငယ်လေးတွေကို အခြေခံပညာဖြစ်တဲ့ အထက်တန်းလောက်ထိ ပြီးဆုံး အောင်တော့ မိဘတွေအနေနဲ့ တာဝန်ယူပေးသင့်ပါတယ်။ နောက်ပိုင်း ဆက်လျှောက်ရမယ့် လမ်းကြောင်းကို လူငယ်လေးတွေကိုယ်တိုင် လမ်းဖောက်ပြီး လျှောက်သွားကြပါလိမ့်မယ်။ အဲဒီလို အခက်အခဲ အကြပ်အ တည်းကြားကလာတဲ့ လူငယ်လေး တွေက ဘ၀ကိုလေးလေးနက်နက်တန်ဖိုးထားတတ်ကြပါတယ်။
ဖြစ်သမျှအကြောင်း အကောင်းပဲ ဆိုပြီး လွယ်လွယ်တွေးလွယ်လွယ်လုပ်နေကြလို့ ကတော့ လူ ညွှန့်တုံး လေးတွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ သူများပြောသမျှဆိုသမျှကို ပါးစပ်လေး အဟောင်း သားနဲ့ မော်ကြည့် နေရမယ့် အဖြစ်မျိုးတွေ မဖြစ်စေချင်လို့ပါ။ ဖြစ်သမျှအကြောင်း အကောင်း ပဲဆိုသူတွေအတွက် ဆရာတော် ဦးသုမင်္ဂလရဲ့ တရားတော်ထဲမှာ “ ဖြစ်သမျှအကြောင်း မကောင်း ကောင်းအောင်လုပ်” လို့ ပြုပြင်ပေး ထားတယ်။ ဘယ်အလုပ်မှာမဆို ကောင်းတာ လုပ်ရင် အခက်အခဲ တော့ ရှိတတ်ပါတယ်။ အဲဒီအခက်အ ခဲလေးကို ရင်ဆိုင်ကျော်လွှားပြီး မိမိ ရင်သွေးလေးတွေကို တောက်ပြောင်သစ်လွင်နေတဲ့ မျိုးဆက်သစ် တစ်ရပ်ဖြစ်အောင် ပြုစုပျိုး ထောင်ပေးကြစေလိုပါတယ်။ ပညာနဲ့ အသက်မွေးပြီး ရပ်တည်သွား နိုင်ကြမယ်ဆိုရင် မိဘတွေ အပေါ်ကို အတိုင်းအဆမရှိ နားလည်တဲ့ သားသမီးရတနာလေးတွေ ဖြစ်လာမှာပါ။ အနာဂတ် ကိုမျှော်ကိုးတတ်ကြတဲ့ မိဘတိုင်း အသီးအပွင့်တွေနဲ့ ဝေဆာနေမယ့် မျိုးဆက်သစ် (Generation) ရဲ့ ပညာရေးကို အကောင်းဆုံး ပြုထုပျိုးထောင်ပေးနိုင်ကြပါစေ ။ ။
နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !