14.11.2010 အမျိုးသားဒီမိုကရေစီ ဌာနချုပ်ရှေ့တွင် ပြောကြားခဲ့သော မိန့်ခွန်း.....
နိုင်ငံရေးဆိုတာ သင်ယူမှုတစ်ခုပဲ ကျမ လူတော်လူညံဆိုတာကို မယုံကြည်ပါဘူး သင်ယူနိုင်သူနဲ့ မသင် ယူနိုင်သူသာရှိပါတယ် ပြည်သူတွေဟာ ကောင်းကောင်းသင်ယူနိုင်သူတွေဆိုတာ ကျမ ယုံကြည်တယ် ပြည်သူတွေရဲ့လိုအပ်မှုနဲ့ ဘာကိုလိုချင်တယ်ဆိုတာကျမသိတယ်။ လိုချင်စိတ်တခုရှိရုံ နဲ့တော့ မရနိုင်ဘူး အလုပ် လုပ်ရမယ် အလုပ်လုပ်မှရနိုင်မယ် မမှန်ကန်သောနည်းနဲ့ မလုပ်ရင် ဘယ်အခါမှရရှိမှာ မဟုတ်ပါဘူး မှန်ကန်တဲ့ နည်းကသာ ရရှိနိုင်မယ် မှန်ကန် တဲ့နည်းလမ်းမဟုတ်ရင် ပန်းတိုင်ဘယ်လောက်ကောင်းကောင်း ရရှိမှာမဟုတ်ပါဘူး။ သွေဖယ်သွားလိမ့်မယ် နေအိမ်အကျယ်ချုပ်ကျခံနေစဉ်မှာ လဲ ကျမပြည်သူအသံကို အမြဲ နားထောင်နေပါတယ်။ ပြည်သူတို့က မိမိ ဘာလိုချင်တယ်ဆိုတာကို သိရှိပြီးရဲရဲဝံ့ဝံ့ ထုတ်ဖော်သင့်ပါတယ် ပြည်သူမပါဘဲ ဘာကိစ္စမှ မပြီးမြောက်နိုင်ဘူး နိုင်ငံအတွက် ပြည်သူပါမှသာပြီး မြောက်နိုင် မယ်ဆိုတာ သိသင့်ပါတယ်။
ပြည်သူတွေဟာကြိုးစားမှသာရမယ်ဆိုတဲ့စိတ်ဓာတ်ကို ခေါင်းထဲထည့်ရမယ် ဒီမိုကရေစီ ရဖို့အတွက် အလုပ် တွေအများကြီး လုပ်ရမယ။် မြန်မာအများစုက ကံပဲဆိုတဲ့စိတ်နဲ့ကံကို ပုံချနေတယ် တကယ်တော့ကံ ဆိုတာ ဟာ အလုပ်ပ။ဲ ဒါကြောင့် ကံဆိုတာဟာ လုပ်လိုက်တဲ့အတိုင်း ဖြစ်မှာပဲ။ ကျမကလည်း မဖြစ်နိုင်တဲ့ကိစ္စ ကိုတော့ လွယ်လွယ်နဲ့ စည်းရုံးမှာမဟုတ်ဘူး။ ဒီမိုကရေစီ ကိုလည်း ကျမတယောက်တည်း မလုပ်နိုင်ဘူး။ ပြည်သူနဲ့အတူတူ တည်ဆောက်မှသာ ရလိမ့်မယ်။ ဒီမိုကရေစီလမ်းခင်းမယ် လမ်းခင်းမယ်ဆိုတာတော့ သိပ်မသုံးချင်ဘူး လမ်းတွေအများကြီးခင်းနေတာကိုး ကျမတို့ ပြည်သူတွေဟာ တခြားသူတွေကို အားကိုး လို့မရဘူး။ ကိုယ့်အားကိုယ့်ကိုးရမယ်။
ကျမသိပါတယ် ဒီကိုပြည်သူတွေလာတာဟာ မျှော်လင့်ချက် အပြည့်နဲ့ လာခဲ့တာပဲ ကျမက တာဝန်ကို မကြောက်ဘူး။ တာဝန်မကျေမှာသာကြောက်တာပါ။ ပြည်သူတွေကလည်းကျမ ကို ကူညီပါ အကြံပြုပါ မှန်ကန်စွာနဲ့ထောက်ပြကြပါ။ ဒါဟာကျမတို့အတွက်အထောက်အကူအလွန်ဖြစ်ပါတယ် ကျမတို့နဲ့ ဆက်ဆံတဲ့ အခါမှာလည်း ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ ဒါဟာဒီမိုကရေစီပဲ ဒီမိုကရေစီရဲ့ အခြေခံဟာ လွတ်လပ် စွာပြောဆိုနိုင်ခွင့်ပဲ လွတ်လပ်စွာ ပြောဆိုတာနဲ့ လွတ်လပ်စွာ ဆဲဆိုတာဟာ မတူပါဘူး။နားလည်မှုတို့ အမြင်တို့ကိုတော့လေ့ကျင့်ယူရလိမ့်မယ်။
အခုတိုးတက်တာတွေလည်းတွေ့ရပါတယ်။ ဖုန်းသေးသေးလေးတွေ တော်တော်များများ ကိုင်ထားတာ တွေ့ရပါတယ်။ ကျမ မနေ့ကမှ စအသုံးပြုတာဆိုတော့ စကားပြောဖို့ ပါးစပ်ဘယ်နားထားရမယ် မသိဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၆နှစ်ခန့်က မတွေ့ သေးဘူး လေ (ရယ်မောလျက်) camera လေးတွေက ဆက် သွယ်ရေး တိုးတက်မှုပေါ့ ပြည်သူတွေဟာ ဒါကို အများကောင်းကျိုးအတွက် အသုံးချကြပါ ဒါတွေနဲ့ညီညွတ်မှု နားလည်မှုတွေရအောင်ကြိုးစားကြပါ ( အမေစု က `ကျမလည်း ပြည်သူတွေကိုချစ်ပါတယ်´ဆိုတဲ့စာတန်းကို ကိုင်ကာ လှုပ်ရမ်းပြလျက်)
ချစ်နေရုံနဲ့တော့ မပြီးပါဘူး။အလုပ်လုပ်ရတယ်။ ပါးစပ်က ချစ်ပါတယ်ချစ်ပါတယ် အော်နေရုံနဲ့ မပြီးဘူး ။ပါးစပ် ကချစ်နေရုံဆိုရင်တော့ အရေခွံကို ခြစ်သလိုပဲဖြစ်မှာပေါ့။ ချစ်တယ်ဆိုတာဟာ တစ်ဦးကို တစ်ဦး စိတ်ချမ်း သာအောင်လုပ်ပေးတာပဲ။
ကျမတို့ကို ဝေဖန်စရာရှိရင်လည်း စာရေးပြီး ပေးပို့နိုင်ပါတယ်။
စာတိုက်ကို စိတ်မချလျှင် ဒီကိုလာရောက် ပို့ဆောင်နိုင်ပါတယ်။
ဖြစ်နိုင်ရင် တစ်ယောက်ချင်း လာရောက်ပြောဆိုဆွေးနွေး စေချင်ပါတယ်။ လက်တွေ့ကျကျဆို ရင်တော့ ဒါဟာ မဖြစ်နိုင်ဘူး။ နောက်ပြီး ကျမ တစ်ယောက်တည်း ပြောဆိုဆွေးနွေးနေရတာ ဟာပျင်းရိဖို့ ကောင်းပါ တယ်။ အားလုံးပြောမှ စိုပြည်မယ်။
ကဲလက်တွေ့ ပြည်သူတွေဘာလိုချင်သလဲ ဆိုတာသိရအောင် တစ်ယောက်လောက် ပြောပေးပါ။
ပြည်သူ တစ်ယောက်…..
` အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကို ပိုင်ဆိုင်ချင်တယ်´
နောက်တစ်ယောက် ….
`အမေစုကို ချစ်တယ် .. အမေစုကို ချစ်တယ်… အမေစုကို ချစ်တယ် ´
နောက်နောင်မှာလည်း ခုလိုစကားပြောခွင့် အခွင့်အရေး ပေါ်လာမှာပါ။
ပြည်သူတွေ အနှစ်နှစ် ဆယ်ကျော်ပင်ပန်းခဲ့ ပြီ။ ပင်ပန်းရကျိုး နပ်စေချင်တယ်။
ထပ်တလဲလဲ လုပ်တာဟာ ၀ရိယပဲ၊ ၀ရိယကိုတော့ အစမှာလည်း လုပ်၊ အလယ်မှာလည်းလုပ်၊ ပြီးဆုံးခါနီး မှာလည်း လုပ်ရမယ်။နိုင်ငံတည်ဆောက်ရာမှာ အလုပ်လုပ်ရမယ်။ အဲဒီအလုပ်ဟာလည်း ပြီးတယ် ကိုမရှိပါ ဘူး။ ဆက်လက် ဆက်လက် လုပ်ဆောင်နေရမှာပါ။ ဒါကြောင့် ကျေနပ်နိုင်တဲ့ အတိုင်းအတာအထိ ကိုတော့ ကြိုးစား ရမယ်။ ကြိုးစားပါ။
သတ္တိဆိုတာဟာ စိတ်ဓာတ်ခိုင်မာမှု၊ အပင်ပန်းခံမှုပဲ၊ ကိုယ်လိုရာရောက်ဖို့ အတွက် သတ္တိကို အကျိုးရှိအောင် အသုံးချပါ။တစ်ဦးကောင်း တစ်ယောက်ကောင်း Hero ဆိုတာ ရုပ်ရှင်ရုံမှာ သွားကြည့်ပါ။ ဒီမိုကရေစီမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းလုပ်လို့ မရပါဘူး။ ပြည်သူ့အား ပါဝင်ရမယ်။နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူဆိုတဲ့ စိတ်မထားပါနဲ့။ ကိုယ်ကမဆိုင်လည်း နိုင်ငံရေးက လာဆိုင်လိမ့်မယ်။အိမ်မှာ ထမင်းချက် တာလည်း နိုင်ငံရေးပဲ။ ဈေးဖို့တွက်ချက်ပြီး ရှိတာနဲ့ လုံလောက်အောင် လုပ်ရတယ်လေ။ မဆိုင်ဘူးလို့ ထင်တဲ့ သူက အဲဒါနားမလည်မှု တစ်ခုပဲ။ ပြည်သူဟာ နိုင်ငံရေး ကိုနားလည်အောင်လုပ်ရမယ်။ အုပ်ချုပ်သူ လူနည်းစု ကို အများပြည်သူက ထိန်းပိုင်ခွင့် ရှိရမယ်။ ဒါဟာဒီမိုကရေစီပဲ။
ပြည်သူထိန်းတာကို ခံချင်ပါတယ်။ ပြည်သူမဟုတ်တဲ့သူ ထိန်းသိမ်းတာကိုတော့ မခံချင်ပါဘူး။တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်နိုင်အောင် ကြိုးစားကြပါ။ ကျေးဇူးပြု သူကလည်း ရှားပါးပါတယ်။ ကျေးဇူးသိ တတ်သူကလည်း ရှားပါးပါတယ်။ ကျေးဇူးသိတယ်ဆိုတာ တစ်ဦးကို တစ်ဦး တန်ဖိုးထားတာပဲ။ ကျမ ဘာပဲဆုံးဖြတ် ဆုံးဖြတ် ပြည်သူနဲ့ တိုင်ပင်မယ်။ ပြည်သူတွေ ရဲ့ ယုံကြည်မှုနဲ့ လုပ်မယ်။ အခုမှထွက်လာပြီး ဘာလုပ်မယ်လို့ ပြောတာဟာ မစဉ်းစားပဲ လုပ်တာ။ အရေးကြီးဆုံးက ပြည်သူတွေရဲ့ အင်အားနဲ့ လုပ်မယ် ဆိုတာပဲ။ ဒီလိုလုပ်ဖို့ အတွက် ပြည်သူတွေ အနာခံရမယ်။ လုပ်ဖော်ကိုင်ဖက်တွေလည်း အနာခံရမယ်။ ကျမလည်း အနာခံခဲ့ ရပါတယ်။ လိုချင်ပါတယ် အနာမခံချင်ဘူး ဆိုရင်တော့ မဖြစ် မရပါဘူး။
ပြည်သူတွေဟာ အမှားအမှန်ကို ခွဲခြားသိပါ။ အမှန်ဘက်က ရပ်တည်ပါ။ အမှား၊ အမှန်ဟာ အချိန်ကာလ အရ ပြောင်းလဲနေတယ်။ မိမိကိုယ်ကိုယ် လိမ်ပြာလုံဖို့ အရေးကြီးတယ်။ မိမိလိပ်ပြာရဲ့ ခုံရုံးရှေ့မှာ အစစ်ခံနိုင်ဖို့ လိုပါတယ်။ အင်အားကို မှန်ကန်စွာ အသုံးမချတတ်ရင် အန္တရယ် ဖြစ်တတ်ပါတယ်။ မှန်ကန်တဲ့ အင်အား ကိုတော့ ဘယ်သူမှ ဖြိုလှဲလို့ မရပါဘူး။
ဒီမိုကရေစီကို ကျမ တစ်ယောက်တည်း လုပ်သွားမှာ မဟုတ်ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက် လုပ်ဆောင် သွားမှာပါ။
စိန်ခေါ်သူ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !