Home » » အမေစုနှင့် ပြည်သူ

အမေစုနှင့် ပြည်သူ


13.11.2010 ညနေ 5 နာရီကျော်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ပြည်သူချစ်သော အမေစုသည် 14.11.2010 ရက်နေ့ 12 နာရီတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးရှေ့၌ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။ ပြည်သူချစ်သော အမေစု ရှေ့မှောက်သို့ အမေငတ်နေသည့် သားသမီးများ ပမာစုရုံး ရောက်ရှိလာကြသော ပြည်သူ လူထုအင်းအားသည် မရေတွက်နိုင်အောင်ပင်ဖြစ်သည်။


ငြိမ်းချမ်းရေး မိခင်


နှင့် အတူ


New Generation 2010 

ဟူသော စာသားကို ကိုင်ဆောင်၍ အမေစု ရှေ့မှောက်သို့ ကျွန်တော်တို့ တစ်တွေလည်း ရောက် ရှိခဲ့ပါ သည်။ အမေစု၏ သြ၀ါဒကို မနာကြားရမှီ ကျွန်တော်တို့၏ နှုတ်မှ ……
ငြိမ်းချမ်းရေး မိခင် ဒေါ်အောင်ဆန်းစုကြည်

ကျမ်းမာပါစေ….

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ကျမ်းမာပါစေ ……
ဟု သံပြိုင် ရွတ်ဆိုခဲ့ကြသည်။ လက်နက်မလို ငြိမ်းချမ်းရေးကို အလိုရှိနေကြသော ပြည်သူ များသည် `စည်း ကမ်းရှိပါ´ ဟူသော စကားသံကိုကြားသည်နှင့် ငြိမ်သက်စွာ နေရာယူပေး ကြပါသည်။ များပြားလှသော ပြည်သူများသည် အမေစု အသံကိုမကြားရသည့်တိုင် အမေစု ၏ ငြိမ်းချမ်းသော မျက်နှာကို တွေ့ခွင့် ရကြ သည်နှင့် `သေပျော်ပါပြီ´ ဟုပင်ကြွေးကြော်နေကြ သည်။
12 ရက်၊ 13ရက်နေ့များတွင်လည်း ရုံးချုပ်ရှေ့တွင်ရှိနေခဲ့ပါသည်။ ကျွန်တော်ကြားလိုက်မိသည့် စကား တစ်ခွန်းအား အများပြည်သူသို့ ပြန်လည် မျှဝေလိုပါသည်။ အဖွဲ့ချုပ်လူကြီးပိုင်းမှ ပုဂ္ဂိုလ် တစ်ဦးပြော သွားသော စကားပင်ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲဖို့ အတွက် `နောက်လိုက် ကောင်းများစွာလိုအပ်နေသည်´ ဟု ပြောသွားခဲ့ခြင်း ဖြစ်ပါသည်။ ပြည် သူများအတွက် အမေစု အနစ်နာခံ ခဲ့သည့် နှစ်ပေါင်းများစွာ အတွက် ကျွန်ုပ်တို့ အားလုံး နားလည် သဘောပေါက်သင့်သည်။ အမေစုအတွက် ပေးဆပ်ခြင်းဟု သဘောထား၍ ကျွနုပ်တို့ အားလုံးသည် အမေစုနောက်မှ ရပ်တည်ကြရမည်။ နောက်လိုက် ကောင်းလိုအပ် သည်ဆိုသော စကားလုံးအား ဆက်လက် စဉ်းစားဆင်ခြင်ကြပါဦးစို့။ ပြီးခဲ့သည့် ရွေးကောက် ပွဲ တွင် ရွေးကောက်ပွဲ မ၀င်သင့်ဟု အမေစု ဆုံးဖြတ်ချက်ချခဲ့ပါသည်။ နောက်လိုက် ကောင်းမ ဖြစ်နိုင်ပဲ ခေါင်းဆောင် လုပ်လိုကြသူများ ခွဲထွက်သွားကြသည်။ ခမောက်တံဆိပ်ကို ပင်အသုံး ချ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၈၈ မျိုးဆက်သစ်ကို သစ္စဖောက်၍ ၈၈ အမည် ဖြင့် ရွေးကောက်ပွဲဝင်ကြသည်။ မြန်မာပြည်တွင် `သူတလူ ငါတမင်း´ လုပ်လိုသူများ ပေါများ နေကြောင်းကို မျက်မြင်ကိုယ်တွေ့ သိခဲ့ကြပြီ ဖြစ်သည်။
ပြည်သူတွေရဲ့ အသိစိတ်ထဲကို ပညာရှိများပီပီ ၀င်ကြည့်လိုက်ကြစမ်းပါ။ အတိဒုက္ခရောက် နေတဲ့ ပြည်သူ တွေအတွက် မှန်ကန်တဲ့ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြစေလိုပါသည်။ မ၀င် သင့်သော ရွေးကောက်ပွဲကို ဇွတ်ဝင်ခဲ့ကြသည်။ ဖြစ်ပြီးမှ နောင်တရတတ်ကြတဲ့ ခေါင်းဆောင် တွေသာ ဆိုလျှင် ခေါင်းဆောင်အရည် အချင်းမရှိကြသေးဟုသာ ဆိုချင်ပါသည်။ မထင်မှတ် ထားတဲ့ လုပ်ရပ်တွေမဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲမှာ ဒီလိုလုပ်လိမ့်မည်ဆိုသည်ကို အားလုံး သိရှိပြီး ဖြစ်ပါသည်။ ရွံမုန်းလွန်းအားကြီးလို့ မဖြစ်တဲ့ အဆုံးမှာ ပေးရတဲ့ မဲပြားတွေကို ရရှိခဲ့ကြ ခြင်းသာ ဖြစ်ပါသည်။ အများစု မဲမပေးဘဲ နေခဲ့ကြသည်ကို ထောက် ရှုခြင်းအားဖြင့် ပြည်သူ တွေရဲ့ သဘောအမှန်ကို သိသင့်ပါသည်။
ယခုမူ ပြည်သူတွေမျှော်လင့်နေသော အမေစု ပြည်သူ့ရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ အမေစု၏ နောက်မှ နောက်လိုက်ကောင်းများ အဖြစ် (သို့) နိုင်ငံသားကောင်းများ အဖြစ် တစ်တိုင်းပြည်လုံး တက်ညီ လက်ညီ ကြိုးစားသွားရမည်။ မျှော်လင့်ထားသော ပန်းတိုင်သည် `အခုရေတွင်းတူး အခုရေကြည်သောက်´ ဖြစ်မ လာနိုင်ပေ။ စစ်မှန်သော ဒီမိုကရေစီ ရရှိဖို့ ` တက်ညီလက်ညီ မလျှော့သော ဇွဲ၊ ယုံကြည်ချက်ခိုင်မာ၍ ယုံကြည်ချက်အတိုင်း တသွေမ တိမ်း´ ဆောင်ရွက်ကြပါရန် အမေစု တိုက်တွန်း နှိုးဆော်သွားသည့် အတိုင်း ကြိုးစားသွားကြ ပါစို့ ။

 နောင်တော်လေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !