ယနေ့ 13.11.2010 ပြည့် နေ့တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော လူထုခေါင်းဆောင် ငြိမ်းချမ်းရေးမိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီဖြစ်ပါသည်။ အမေစု နေအိမ်ရှေ့တွင် လူထုပရိတ်သတ် ၅၀၀၀ ခန့် စောင့် ကြိုနေကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရုံး ရှေ့တွင် လူထုပရိတ် ၄၀၀၀ ကျော်ခန့်က အမေစု အလာကို စောင့်မျှော်နေကြသည်။ အမေစုကို ၅ နာရီ ကျော်တွင် လွတ်ခဲ့ ၍ အမေစုသည် ပရိတ်သတ်အား ပြုံးချိုသော မျက်နှာ ဖြင့် လူထုကို နှုတ်ခွန်းဆက်ခဲ့သည်။ ရွှေဂုံတိုင် ရုံးချုပ်ရှေ့ မှပရိတ်သတ်များသည် အမေစု မလာနိုင် တော့သည့် အတွက် အမေစု အိမ်ရှေု့  အရောက်ချီတက်ခဲ့ ကြသည်။ အမေစုကို မျှော်လင့်နေကြသော လူငယ်များ မှ ` လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် .... ကျမ်းမာပါစေ` `ငြိမ်းချမ်းရေး မိခင် ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ` ဟု ကျွေးကြော်သံများဖြင့် အမြန်ချီတက်ခဲ့ကြသည်။ အမေစုအိမ်ရှေ့ အရောက်တွင် CEO အဖွဲ့ နှင့် စကားများပြောဆိုဆွေးနွေးနေသည့် အတွက် အပြင်ကို မထွက်လာနိုင်သေးပေ။ ညနေလွတ်လွတ်ချင်းမှာ လူထု ပရိတ်သတ်ကို တစ်ကြိမ် တွေ့ဆုံ ပြီး ဖြစ်သော်လည်း ရှုံးချုပ်ရှေ့ မှ ချီတက်လာသော ပရိတ်သတ် အတွက် အမေစု မျက်နှာထွက်ပြခဲ့သည်။
ပြုံးချိုသော အမေ့ မျက်နှာကို မြင်လိုက် ရသည်နှင့် လူငယ်များမှ ` အမေစု အမေစု အမေစု` ဟု သံပြိုင် ရွတ် ဆိုကြသည်။ အမေ့ မျက်နှာ ကို မြင်လိုက်ရသည့် ပြည်သူ အားရကျေနပ်သွားကြသည်။ အမေစု၏ တောင်းပန် စကားနှင့် အတူ မနက်ဖန် 14/11/2010 မနက် 12 နာရီ တိတိတွင် ရုံးချုပ်ရှေ့၌ မိန့်ခွန်းပြောမည်ဖြစ်ပါသည်။
Home »
We All Love Daw Aung San Suu Kyi
» We All Love Daw Aung San Suu Kyi
We All Love Daw Aung San Suu Kyi
Posted by coolster
Posted on Saturday, November 13, 2010
with No comments
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !