အဲဒီအခါ ငရဲမတစ်ယောက် ဗြုန်းခနဲပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းသွားတော့တာပါပဲ။ “ဟဲ့ . . . လူယုတ်မာ၊ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရသလဲ၊ နင်က နင့်ကိုယ်ကို သူခိုးနှင့်နှိုင်းနေရ သလား၊ သူခိုးရဲ့အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့ နှိုင်းစာလျှင် ဘာမျှမပြောပလောက်ဘူး၊ သူခိုးဟာသူ့ဘ၀ တစ်လျှောက်လုံး တရားလက်လွတ် ဥပဒေမဲ့ ဆိုးပေခိုးတိုက်လာတဲ့ အပြစ်ကလေးပဲ ရှိတယ်”
“နင့်အပြစ်တွေကို ကြည့်စမ်း၊ နင်ရေးသားခဲ့တဲ့ စာပေအဆိပ်တွေဟာ လူတွေရဲ့ စိတ်ဓာတ်စာရိတ္တကို ချည့်နဲ့ သတ္တိကြောင်စေရုံသာမက ပတ်ဝန်းကျင် လူ့လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ အဆိပ်အ တောက်တွေ ပျံ့နှံ့လာလေ ဖြစ်နေတာပဲ”
ဟိုမှာ ကြည့်စမ်း ။
နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ဒုစရိုက်ရာဇ၀တ်မှုတွေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေ ကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်တကွဲ အကျိုးနည်းအောင်၊ မိဘစိတ်ဆင်းရဲအောင် ဆိုးပေ ပျက်စီးနေတဲ့ ကလေးတွေ၊ အဲဒီကလေးတွေရဲ့ ဆင်ခြင်တုံတရားတွေ အကျင့်စာရိတ္တတွေကို ပျက်စီး အောင်လုပ်ခဲ့တာ ဘယ်သူလဲ။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့အသိုက်အမြုံ ကလေးတွေကို တစ်စစီ ကွဲပြားသွားအောင် တရားဥပဒေနဲ့ အိမ်ထောင်မှုစည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ။ နင်ရေးခဲ့တာ။
ကြည့်စမ်း . . .။
နင်ရေးတဲ့ စာတွေဖတ်ပြီး တစ်တိုင်းပြည်လုံး လမ်းလွဲလိုက်မိတယ်။ ခိုးမှု၊ ၀ှက်မှု၊ ရာဇ၀တ်မှုတွေ၊ သောင်း ကျန်းပုန်ကန်မှုတွေ ဖြစ်နေရတာတွေဟာ တိုင်းပြည်ပျက်လုမတတ်ပါဘဲ။ အဲဒါ နင်လုပ်ခဲ့တာတွေ၊ အဲဒီလူ တွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ရပြီး ကျဆင်းခဲ့ရတဲ့ ချွေးတွေ သွေးတွေ မျက်ရည်ပေါက်တွေ အတွက် နင့်ကို အပြစ်တင်ရမှာပဲ။
လူယုတ်မာ၊ နင်ရေးခဲ့တဲ့ စာတွေကြောင့် လူသားတွေ ဘယ်လောက် ပျက်စီးဒုက္ခရောက်ခဲ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင်ဘုရားသခင်ကို မထီမဲ့မြင် ပြုဝံ့သေးသလား။ ကဲ . . . အဲဒီ အပြစ်တွေကျေအောင် နင်ဆက် ပြီး ငရဲခံပေဦးတော့လို့ဆိုပြီး ငရဲသူမကလေးဟာ ငရအိုးကြီးရဲ့ အဖုံးကို ဂျိမ်းခနဲ ပိတ်ချလိုက်တော့ပါသတဲ့ ။
ပုံပြင်ကလေးရဲ့ ဆိုလိုရင်းကတော့ ဒါပါပဲ။
ဒီလဟာ စာဆိုတော်လရာသီပါ။ စာရေးဆရာတွေကို ဒီပုံပြင်လက်ဆောင်ပေးချင်ပါတယ်။ ဒါပေမယ့် ကျွန် တော်ဟာ သာမန်စာဖတ် ပရိတ်သတ်ထဲက လူတစ်ဦးသာဖြစ်ပြီး စာရေးဆရာတွေနှင့် မသိကျွမ်းပါ။ ဒါကြောင့် ကျွန်တော် သိတဲ့ဆရာထံ စာရေးရတာပါ။ ဆရာက စာရေးဆရာများကို ကျေးဇူးပြုပြီး ပြောပေးပါလို့ မေတ္တာ ရပ်ခံတင်ပြလိုက်ပါတယ်။ အဲဒီနာမည်ကျော်စာရေးဆရာဟာ ငရဲမှ ယခုအချိန်ထိ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီကို ရောက်သွားတဲ့ ဆရာတွေကတော့ ဟိုကျရင် နာမည်ကျော် စာရေးဆရာကို တွေ့ကြမှာပါ။
သြော်.... ပုံပြင်လေးက စာရေးဆရာ Ralston ရေးတဲ့ Krilof and his Fabble စာအုပ်ထဲက ပုံပြင်ပါ။ Smiles ရဲ့ စာအုပ်တစ်အုပ်ထဲမှာတွေ့တာနဲ့ ဆရာထံရေးပို့မိတာပါ ခင်ဗျာ။
အမည် - ငညှက်
နေရပ် - သရက်
ကဲ... ဆရာ့ဆရာများ ခင်ဗျား။
သရက်မြို့က ကိုငညှက်ရဲ့ ပုံပြင်ကို တင်ပြပါသည် ခင်ဗျား။
နောင်တော်လေး ။ ။ မည်သူ့မည်သူကိုမှ ရည်ရွယ်ခြင်းမဟုတ်ဘဲ စာရေးချင်သော ကျွန်တော် နှင့် စာရေးနေ ကြသူများ အွန်လိုင်းမှ ညီကို မောင်နှမများ အားလုံးအတွက် ဆရာဘုန်းကျော် (နတ်မောက်)၏
လူကြီး လူကောင်း စာအုပ်မှ တင်ပြခြင်း ဖြစ်ပါသည် ခင်ဗျားးးးးးးး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !