The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် သည် မစ်ချယ်ယိုး ဓာတ်ပုံ - Guardian |
သီရိထက် ၊ ၊အင်တာနက် ဗီဒီယိုဆိုင်တစ်ခု ဖြစ်သည့် ယူတုတွင် တင်ထား သောဗီဒီယို များ အနက်လေဒီဂါဂါ ၊ ရီဟာနာ ၊ ဂျပ်စတင် ဘီဘာတို့ ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည်ဗီဒီယိုများ တွင်လည်း ကြောငြာထည့်ချင် သူများပြားကြောင်း အမေရိကန် နိုင်ငံတွင် အခြေစိုက် သည့်ယူတု ရုပ်သံ မှ ကြော်ငြာဌာန တာဝန်ခံ ဒေးဗစ် လီမွန် က Freedom News Group သို့ ပြောသည်။
အမေရိကန် စီပွားရေး လုပ်ငန်းများ အနက် မော်တော်ကားကြော်ငြာ များ နှင့် ကွန်ပျူတာကြော်ငြာများ သည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပြီးနောက် ထုတ်လွင့် တင်ဆက်ထားသည့် ဗီဒီယို ဖိုင်များတွင် ကြော်ငြာထည့်ချင်ကြသည်ဟု သိရသည်။Ford မော်တော်ကားကုမ္ပဏီ သည် ဒေါ်အောင် ဆန်းစုကြည်၏ ဗီဒီယိုဖိုင် အချို့ တွင် ၂၀၁၁ခုနှစ် မတ်လ မှ စ၍ ကြော်ငြာထည့်ရန် စာချုပ် ချုပ်ဆိုခဲ့ပြီး Dell ကွန်ပျူတာ က မူ ဒေါ်အောင်ဆန်းစုကြည် ၏ တွေ့ ဆုံပြောကြား သည့် ကဏ္ဍများ တွင် အင်တာဗျူး ထည့်ရန် စာချုပ်ချုပ်ခဲ့သည် ဟု သိရသည်။
ယူတု တွင် ကြော်ငြာနိုင်ရန် အတွက် ကြီးမားသော စီးပွားရေးလုပ်ငန်းများက သာရွေးချယ်ကြီပြီး မက်ဒေါနယ် ဟမ်ဘာဂါသည် ၂၀၀၉ ခုနှစ် က နာမည်ကြီး ဂီတ ဗီဒီယို အားလုံး သီတင်းတစ်ပတ် ကြော်ငြာထည့် ခဲ့ရာ ဒေါ်လာ ရှစ်သောင်း ကျော်ကုန်ကျ ခဲ့သည်ဟု သိရသည်။ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ အထ္ထုပတ္တကို ပြင်သစ် ဒါရိုက်တာ လခ်ဘွန်ဆွန်က မင်းသမီးမစ်ရှယ်(လ)ယိုး နှင့် ရိုက်ခဲ့သည့် အချက်နှင့် ပြန်လည် လွတ်မြောက် လာသည်တွင် နိုင်ငံတကာဉ်ထင်ပေါ်ကျော်ကြားသူ တစ်ဦး ဖြစ်သည့် အချက်များ ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုများအား စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားကြ ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်တွင် ဗီဒီယိုများတွင် ကြော်ငြာထည့် ပါကရနိုင်မည့် စီးပွားရေး အကျိုးအမြတ် များအား ယူတု ကောင်ဆလ်တ် ဌာနတွင် လာရောက်မေးသူ ကော်ပိုရေးရှင်းပေါင်းနှစ် ဆယ်ထက် မနည်းရှိပြီ ဟု သိရသည်။
Freedom News Group
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !