အဝေးသင်တက္ကသိုလ်များ နောက်ဆုံးအသုတ်တွင်ဒဂုံတက္ကသိုလ်တွင် မြန်မာစာနောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများသည် ကျောင်းဆောင်အတွင်း ၀င်ထွက်သွားလာမှု ကန့်သတ်ထားသည့်အပေါ် ဆန္ဒပြခဲ့ကြ သည်။
အဆိုပါကျောင်းသားများသည် မြန်မာစာပါမေက္ခ၏ ခိုင်းစေချက်အရ အခန်းစောင့်များမှ စာသင်ချိန်အတွင်း အဆောင်ပြင်ထွက်ခွင့်မပြုသဖြင့် ပထမနေ့က အခန်းစောင့်များနှင့် ကျောင်းသားများအခြေအတင်ပြောဆိုပြီး နောက်ဆုံးတွင် အခန်းစောင့်များက ပါမောက္ခကြီးထံ သွားရောက်အကြောင်းကြားပြီး ကျောင်းသားများ၏ ခုံနံပါတ်ကို မှတ်ထားကာ ပြန်ခွင့်ပြုလိုက်သည်။
၁၁.၁၁.၂၀၁၁ ခုနှစ်နေ့တွင် နံနက်ပိုင်းအချိန်ကျောင်းသားများသည် ကျောင်းခန်းအပြင်ထွက်လိုသဖြင့် ပြောရာ အခန်းစောင့်များက ထွက်ခွင့်မပြုဟု ဆိုပြန်သည်။ ပါမောက္ခကြီးအား သွားရောက်သတင်းပို့ပြီး ပါမောက္ခကြီး ကိုယ်တိုင်ရောက်လာ၍ ထွက်ခွင့်ပြုသောအခါ ကျောင်းသားများက မထွက်တော့ဟုဆိုကာ ထွက်ပေါက်တွင် စုဝေးနေကြသည်။
အဆိုပါနေ့တွင် ဆရာကန်တော့ပွဲအတွက် အလှူငွေကောက်ခံရာ အခန်းတစ်ခုတွင် လက်မှတ်ထိုးပြီး အလှူငွေ တစ်ထောင်ထည့်ဟု ပြောသည်။ ထိုနေ့တွင်ပင် ပါမောက္ခကြီးကိုယ်တိုင် စာသင်ခန်းများအတွင်းသို့ လိုက်လံ ပြောဆိုခဲ့သည်။
ဆရာမကြီး၏ ပြောဆိုချက်များတွင် အဝေးသင်ကျောင်းသားများကို မိမိ၏ သားသမီးသဖွယ်သဘောထား၍ နောက်ဆုံးနှစ် ကို ကြပ်ကြပ်မက်မက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောပြီး ကျောင်းသားများ၏ စိတ်ဓာတ် သည်အောက်တန်းကျလွန်းသည်ဟုဆိုသည်။ ကျောင်းဆောင်ကို ထောင်နဲ့တူသလေး ဘာလေးနဲ့ပြောကြ။ စည်းကမ်းတကျလုပ်ပေးတာကို လက်မခံရင် ကြိုက်သလိုလုပ်လို့ရတယ်။ သင်ချင်သင် မသင်ချင်နေ။ နင်တို့ကို ဆရာကန်တော့ပွဲအတွက်ကောက်တယ်ဆိုတာလည်း နင်တို့စာမေးပွဲအောင်ဖို့ နင်တို့ရဲ့ အ၀းသင် မိခင်ဌာဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က ဆရာဆရာမတွေကို ငါတို့က ပြန်ကန်တော့ပေးရတယ်။ အလှူငွေ ထည့်ပါဆိုတော့ ငါးဆယ် တစ်ရာနဲ့ သူတောင်းစားထည့်နေတာကြနေတာပဲ။ နင်တို့တွေ အဲလောက်ပဲ စေတနာ နည်းလှလား စသည်ဖြင့် ကျောင်းသားများကို ပြောဆိုသွားခဲ့သည်။
အဆိုပါနေ့တွင်ပင် စာသင်ခန်းတစ်ခုအတွင်း ဆရာမသည် ကျောင်းသားများအား အတန်းတက် လက်မှတ် ထိုးခိုင်းရင်း အလှူငွေ တစ်ထောင်ထည့်ရမည်ဟု ပြောပြီး ထည့်ခိုင်းသည်။ ထို့နောက်ဆရာမကြီး ၀င်ရောက် ပြောဆိုပြီးသွားချိန်တွင် ငွေဖလားနှစ်လုံးဖြင့် စေတနာရှိသလောက်ထည့်ပါဟု အလှူခံဝင်လာပြန်သည်။ ဆရာကန်တော့ပွဲအတွက်ပင်ဖြစ်သည်။
မြန်မာစာနောက်ဆုံးနှစ် ကျောင်းဆောင်ဖြစ်သော အဆောင်၁၉၊၂၀၊၂၁၊ ၂၂ အဆောင်လေးဆောင်အား ၀င် ပေါက်ထွက်ပေါက် တစ်ခုတည်းသား ပေးထားပြီး အခြားဝင်ပေါက်များကို ပိတ်ဆို့ထားသည်။ သို့ဖြစ်၍ ကျောင်းသားများက ကျောင်းသည် ထောင်နှင့်တူနေပြီဟု ပြောဆိုကြခြင်း ဖြစ်သည်။
အံမယ်. အဲ့လိုတွေဖြစ်သွားပါလား............
ReplyDeleteမလွယ်ရေးချမလွယ်ပါတကား