Home » » ကုန်သွယ်ခွန် ပြေးဆွဲခွန် လမ်းကြေး နဲ့တင်မပြီးသေးပါ

ကုန်သွယ်ခွန် ပြေးဆွဲခွန် လမ်းကြေး နဲ့တင်မပြီးသေးပါ

ဧရာဝတီမြစ်ဝကျွန်းပေါ်က လာတဲ့ ငြီးတွားသံလို့ ဆိုချင်ပါတယ်။ ဒလ နဲ့ ဖျာပုံ ကိုကုန်ကူးနေတဲ့ ကိုတုတ်ကြီးတော့ မဟုတ်ဘူး။ ခရီးသည်ယာဉ်မောင်းနှင်နေသော ယာဉ်မောင်းတစ်ယောက် ကဒီစကားတွေကို ခံစားချက်အပြည့်နဲ့ ပြောလာတာပါ။ သူဟာယာဉ်ပိုင်ရှင်တစ်ယောက်ပါ။ ကိုယ့်ကားကိုယ်မောင်းရင်း ကိုယ်တိုင်မကျေနပ်တာလေးတွေကို ခံစားမြိုသိပ်နေရင်းက စပ်မိစပ်ရာ ပြောကြဆိုကြရင်း “သူုတို့မှာ ကားပြေးဆွဲခွင့်ရဖို့ ကုန်သွယ်ခွန်ဆိုတာ ဆောင်ရတယ်။ နောက်တော့ ပြေးဆွဲခွန်ဆိုတာ ရှိသေးတယ်။ ဒါတင်မကသေးဘူး အဲသလို အဲသလို အခွန်တွေ ဆောင်ပြီးတာတောင်မှ လမ်းမှာရှိတဲ့ ဂိတ်တွေ ဂိတ်တွေကို လမ်းကြေးလည်း ပေးဆောင်ရပါ သေးသတဲ့။ အဲဒီလမ်းကြေးကောက်နေတဲ့ ဂိတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကောက်ခံနေ တဲ့ ကုမ္ပဏီတွေနဲ့ အစိုးရ ဘယ်လိုသဘောတူပြီး စာချုပ်ချုပ်တယ်ဆိုတဲ့ အချက်တွေပါပဲ။ ဘာလို့ သူအဲဒါကို သိချင်တာလဲ ဆိုတော့ လမ်းကြေးကောက်ခံမှုတွေဟာ မှန်ကန်မှုမရှိဘူး။ ယခင်ကထက် ပိုပေးလာရတယ်။ နောက်ပြီး အဲဒီဂိတ်တွေကို ဖြတ်ရင် သတိထားရတယ်။ ကားမောင်းပြေးမှာဆိုလို့ ကာရံထားတယ်။ ညမှုညတာမှာဆို အချက်ပြမီးလည်းမရှိ သတိလက်လွတ်ဖြစ်ပြီး မောင်းမိရင် သူတို့ဂိတ်ပျက်စီးလို့ ရော်ကြေးပေးရအုံးမှာ ။ အဲဒီလို ကုမ္ပဏီတွေနဲ့ အစိုးရရဲ့ သဘောတူညီမှုစာချုပ်တွေကို အများပြည်သူက ဘာကြောင့် သိရှိခွင့် မရတာလဲ ဆိုတာကိုလည်း မပြောတတ်လောက်အောင်ပါပဲ။
ထားလိုက်တော့ဗျာ ... ကုန်သွယ်ခွန်၊ ပြေးဆွဲခွန်၊ လမ်းကြေး တွေပေးမှ မောင်းနှင်ခွင့်ရမှာ ဆိုတော့ ပေးဆောင်ပြီး မောင်းနှင်နေရတာပဲ။ အဲဒါနဲ့ ပြီးရောလားဆိုတော့ မဟုတ်ပြန်ဘူးဗျ စစ်တပ်က ချောစွဲရင်လည်း လိုက်ပေးရသေးတယ်။ ထွေ/အုပ် ကချောဆွဲရင်လည်း လိုက်ပေးရသေးတယ်။ ကိုယ့်မိသားစု စီးပွားရေးအတွက် လုပ်နေတာ အခွန်တွေလည်း အမျိုးမျိုးပေးပြီးပြီ ဒါနဲ့တင်မပြီးဘူးလား။ ဒါတွေဟာလည်း ကျေနပ်စရာမရှိတဲ့ အခြေအနေ တွေပါပဲ ...............
ဒလ - ဖျာပုံ ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး၏ ရင်ဖွင့်သံ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !