Home » » ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြလှုပ်ရှားမှု

၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြလှုပ်ရှားမှု


လျှပ်စစ်မီး ၂၄ နာရီရရှိရေး လှုပ်ရှားမှုဟာ ၂၅.၅.၂၀၁၂ ရက်နေ့မှာ ၄ ရက်မြောက်နေ့ဖြစ်ခဲ့ပါပြီ။ တောင်းဆို မှုတွေမှာ ပိုမိုပြင်းထန်လာသလို တာဝန်ရှိသူများ နှုတ်ထွက်ပေးဖို့အထိ ပြည်သူတွေက တောင်းဆိုလာကြပါ ပြီ။ နိုင်ငံတော်အစိုးရရဲ့ ပြောကြားချက်တွေအပေါ် စောင့်စိုင်းဖို့နဲ့ ဆက်လက်လှုပ်ရှားမှုပြုရေး အများပြည်သူ ဆန္ဒမှာ စောင့်စိုင်းလိုသူတွေ ရှိသလို ဆက်လက်လှုပ်ရှားမှု ပြုလိုသူတွေလည်း ရှိနေပါတယ်။
အနယ်နယ်အရပ်ရပ်မှာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးအရေးယူခြင်း မလုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

(၁) “အခုမဂ္ဂ၀ပ် ၁၅၀၀ တောင် ကုန်အောင်မသုံးနိုင်ဘူး” .....
ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း
(၂) “ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ရွှေလီရေအားလျှပ်စစ်စက်ရုံက ရန်ကုန်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးကို မဂ္ဂါဝပ် ၂၀၀ ပုံမှန်ပေးနေတာပါ။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
ဥက္ကဌ
ဦးအောင်ခိုင်
(၃) “မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်လိုအပ်ချက် ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ်ကျော် ဖြစ်သော်လည်း ၂၁.၅.၂၀၁၂ ရက်က စတင်ကာ ၉၀၀ ကျော်သာရရှိတော့မည်ဖြစ်ကြောင်း”
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
ဒုဥက္ကဌ
ဦးမောင်မောင်လတ်
“မြန်မာပြည်လျှပ်စစ်”
လိုအပ်နေတာက = ၁၈၀၀ မဂ္ဂါဝပ်
ပြောခဲ့ဖူးတာက   = ၁၅၀၀ မဂ္ဂါဝပ်
ပျက်သွားတာက  =   ၂၀၀ မဂ္ဂါဝပ်
ဘာကြောင့် ၂၁.၅.၂၀၁၂ ရက်ကစ မဂ္ဂါဝပ် ၉၀၀ ကျော်သာရရှိပါတော့သနည်း
ကျောင်းသားလူငယ်များ


0 comments:

Post a Comment

never ... never ... never ...never ... never Give Up !