တိုင်းပြည်၏ အခြေအနေ အရပ်ရပ်တို့သည် ပြောင်းလဲ ရာ၏ ။ ကောင်းမြတ်သော
ပြောင်းလဲ ခြင်းကို အလိုရှိသူတို့သည် တော်လှန်ရေးတိုက် ပွဲကို ဆင်နွဲရာ၏ ။
နေပြည်တော် တိုင်းတွင် ရှိကြကုန်သော ဘီလူးအပေါင်းတို့ သည် ၁၄ ပြည်ထောင်
သော မြန်မာပြည်သူ ပြည်သား အပေါင်းတို့ ၏ အသားကို စားရန် အစဉ်ကြိုးပမ်း၍
နေကြလေ ၏။
ဘီလူးမင်းကြီးနှင့်တကွ အပေါင်းအပါတို့သည် ကမ္ဘာကို ပင်ခြိမ်းခြောက်လို၏။ ထို့
ကြောင့် အနုမြူ လက်နက်ကို ထုတ်ရန် မြောက်ကိုရီးယားကို အဖေခေါ်၏။ ကောင်း
မြတ်လှ သော အဖိုးတန် ရတနာ တံဆာပလာ နှင့် တကွ စားကောင်းသောက်ဖွယ်
အသွယ်သွယ်ကို ဆက်သလေ၏။
ဘီလူးမင်းသည် ဤနှစ်ဤအခါတွင်ပင် ငရဲပြည်သို့ ဆင်းလတ္တံ့။
ဆံရေစပါးတို့သည် ရှားပါးလတ္တံ့။
အင်တာနက် ကွန်နက်ရှင်တို့သည် ဖျက်ထားသော အဆင့်သို့ရောက်လတ္တံ့။
လျှပ်စစ်မီးသည် အနုမြူအတွက် အသုံးချမည်ဖြစ်၍ နေ့စဉ်ရက်စက် မီးပျက်လတ္တံ့။
ရွေးကောက်ပွဲအတွင် အာဏာရှင်သည် ပြည်သူ အပေါင်းကို လှည့်ပတ် လိမ်ညာလတ္တံ့။
ပြည်သူအပေါင်းတို့ သည်ညီညွတ်ကြမည် ဆိုလျှင် အာဏာရှင်စနစ်သည် ပျက်ဆီးခြင်း
ကိုရောက်အံ့။
အပြစ်မရှိသူတို့ အား ချုပ်နှောင်ထားသော သံတိုင်းသံတံခါးတို့ သည် ပွင့်လတ္တံ့။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ရည်ရွယ်၍ တိုက်ခိုက်သော ဖွဲစည်းပုံဥပဒေသည်
ပျက်စီးခြင်းသို့ရောက်အံ့။
အနာဂတ် ကလေးငယ်တို့သည် အာဏာရှင် လောင်းရိပ်အောက်မှ လွတ်အံ့။
ပညာရှိတို့တွေးကြည့် လျှင် အာဏာရှင် ငရူးတို့ ပြေးကြည့်သည်ထက် မှန်သည်ဖြစ်၍
ဟောစာတမ်းလေး မှာ ထပ်ဖြည့်ပေးကြပါအုံး ။
၂၀၁၀ ရွေးကောက်ပွဲ အကြို ဟောစာတမ်း
Posted by Naung Taw Lay
Posted on Tuesday, June 01, 2010
with No comments
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !