Home » » မြန်မာလူငယ် နှင့် အကြောက်တရား

မြန်မာလူငယ် နှင့် အကြောက်တရား

မြန်မာပြည်တွင် ဖြစ်လေ့ဖြစ်ထ ရှိတတ်သော သဘောတရားများကို ကြိတ်မှတ်ခံစားမနေတော့ဘဲ အွန်လိုင်း တွင်ပေါက်ကွဲသံစဉ်များ အဖြစ်သာနေ့စဉ်ရေးသားလိုပါတော့သည် ။ ယခုတဖန်ကျွန်တော်ပြောလိုသည်မှာ မြန်မာပြည်ကလူငယ်များ နှင့် ၎င်းတို့မိသားစု ၀င်များ၏ နိုင်ငံရေးအမြင် ဟုပင် ဆိုချင်ပါသည်။ ကျွန်တော်သည် အွန်လိုင်းရောက်ဖြစ်တိုင်း နိုင်ငံရေးနှင့် ပတ်သတ်သောစာတွေကို ရှာဒေါင်းလုပ်စွဲခြင်းများ လုပ်လေ့ရှိပါသည်။ Stick ကိုလည်းသူများပေးမဖွင့် ရဲပါ။ နိုင်ငံရေးစာအုပ်များနှင့် ဓာတ်ပုံများ ပြည့်နေသောကြောင့် ကြည့်မိကြသူတို့ က အကောင်းပြောမည်မဟုတ် ခင်ဗျားတော့ ဒိုး ရတော့မှာပဲ ဟုသာပြောကြလိမ့်မည်။ ဒီလိုအမြင်တွေ ဒီလိုကြောက်စိတ်တွေ ကြောင့်ဒီလိုပဲ နေနေကြရတာ ဆိုရင်လည်း နင်ကဘာလုပ်နိုင်လို့လည်း ဟူ၍သာပြောကြမည်။ မှန်ပါသည်ကျွန်တော် တစ်ယောက်တည်းဘာမှ မလုပ်နိုင်သေးပါ။
မကြာသေးမှီ တစ်ပတ်လောက်ကပင် ကျွန်တော်ကူးယူထားသော နိုင်ငံရေးစာအုပ်များကို ရင်းနှီးနေသော မိတ်ဆွေတစ်ဦးက သူ့ stick ထဲသို့ကူးယူသွားပါသည်။ ကျွန်တော်လဲ စိတ်တော့ဝင်စားပါတယ်ဗျာ။ ဒါပေမယ့်သူတို့က လက်နက်နဲ့ ကိုယ်တစ်ယောက်တည်း လုပ်လို့လဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတော့ အေးအေးဆေးဆေး နေတာပဲကောင်းပါတယ်ဟုပင် ပြောသွားလိုက်သေး၏ ။ ခင်ဗျားတွေးသလို တစ် ယောက် တည်း သမားတွေ မြန်မာတစ်ပြည်လုံးပဲဟုသာကျွန်တော်ပြောလိုက်မိပါတယ်။ ထိုသူသည် ကျွန်တော်နဲ့ ရွယ်တူပင်ဖြစ်ပါသည်။ အိမ်ထောင်ကျနေပြီ ဖြစ်ပါသည်။
နောက်တစ်ပတ်လောက် ကြာသော အခါသူနှင့်ကျွန်တော် ထပ်ဆုံဖြစ်ပါသည်။ စာတွေဖတ်ဖြစ် လားဟု မေးမိပါသည်။မကြားချင်သော ရင်နာစရာကောင်းသော စကားသာကြားရပါသည်။“အေးဗျာ ကျွန်တော် ကတော့ ဖတ်မယ် ဆိုပြီးယူသွားတာ မိန်းမက အဲ့ဒါတွေကို ဖြတ်ပစ်လိုက် တယ်ဗျာ။ ကျွန်တော်ဒေါင်းထားတဲ့ စော်ပုံတွေ ကျတော့ မဖြတ်ဘူး။ ဘာလို့ဒါတွေ မဖြတ်တာလဲ မေးတော့ ဒီစော်ပုံတွေကို ဟိုစာတွေထက်ကြိုက်
တယ်ထင်လို့ မဖြတ်ဘဲ ထားတာလို့ပြောသေးတယ်ဗျာ။ ကျွန်တော်ဒေါသထွက်လိုက်တာတဲ့။” သူဒေါသ ထွက်ပုံက တကယ်ဒေါသထွက်ပုံတော့ မပေါ်ပါ။ တော်တော်လေး ရင်နာမိတယ်ဗျာ။ ထိုမိတ်ဆွေက ပင်ထပ်၍ ပြောပါသေးသည်။ ဟိုတစ်နေ့ကလည်းဗျာ အမေ့အိမ်ရောက်တုံး လက်တော့ပ် နဲ့ စာတွေထိုင် ဖတ်နေတာ အဖေလုပ်တဲ့ သူက တွေ့သွားပြီး ဟေ့ကောင်မင်းဘာတွေ လျှောက်လုပ်နေတာလဲ အခုပိတ်ထားလိုက်စမ်း ဆိုလို့ စက်ပါပိတ်ထားလိုက်ရတယ် ဟုထပ်ပြောပါသည်။
ဘယ်လောက်တောင် ကြောက်နေကြတယ် ဆိုတာကို စာဖတ်သူကိုယ်တိုင်ပင် စဉ်းစားပါတော့။ ကျွန်တော်လဲ ထိုအဖြစ်မျိုးနှင့် တစ်ခါကြုံပါသေးသည် ။ တစ်ခါက ကျွန်တော်သည် 2008 ဖွဲ့စည်းပုံ ကန့်ကွက်သည့် စာရွက်များကို ပရင့်(Print)ထုတ်၍ ၀ါသနာပါသော ကြီးဒေါ်ဖတ်ဖို့ ရန်အိမ်သို့ သယ်လာမိပါသည်။ အိမ်ရောက်လို့ စာရွက်လေးတွေပေးဖတ်ပြီး ထမင်းစားဖို့ ပြင်ဆင်နေပါသည်။ ထမင်းတောင် မစားရသေး ကျွန်တော် အမ ဒေါ်ဒေါ်ဆရာမ ၀န်ထမ်းကောင်းကြီးလုပ်ချင်သူက ကောင်ကောင်း ပေါက်ပေါက်ဖောက်ပါ လေတော့သည်။ ကျွန်တော်က ဂျစ်ကန်ကန်နိုင်၍ ကျွန်တော်ကို တိုက်ရိုက်မပြောကျွန်တော် ကြီးဒေါ် သူ့အမေကို ကောင်းကောင်းကောနေ ပါတော့လေသည်။ထိုအချိန်မှ စ၍ ကျွန်တော်သည်လည်း အိမ်သို့ နိုင်ငံရေး (သူတို့အမြင် အရှုပ်ထုတ်)များကို သယ်မသွားဝံ့တော့ပါ။တော်ကြာနယ်ပြန်ပြေးနေရမယ်လေ။
ဤသို့သော အကြောက်တရားများဖြင့် ဖိနှိပ်မှု့အောက်မှာ ငြိမ်ဝပ်ပိပြားလိုကြသော မြန်မာလူမျိုးများ ပေါများနေသ၍ ကျွန်တော်တို့ မြန်မာပြည်ကြီး ဒီထက်ပိုထူးလာ တော့မလား။ ရင်နာစရာ ကောင်းလိုက်ပါဘိဗျာ။ ဘာပဲဖြစ်ဖြစ်လူငယ်တို့ ရေ ဒို့မှာယုံကြည်ချက်ဆိုတာ ရှိရင် ကိုယ်လုပ်ချင် တာကို လွတ်လွတ်လပ်လပ်သာလုပ်ကြ။ တစ်ချို့ သက်ကြားရွတ်တွတွေက တိုင်ပင်လို့မရဘူး။အဆိုးတွေသာ ပြောပြပြီး တို့တွေစိတ်မှာပါ အကြောက်တရားတွေ ၀င်လာလိမ့်မယ်။ ဝေါင်ဝေါင်ရှေး၍ ဝေးဝေးရှောင်ကြရမှာ
အဲ့ဒီလို သက်ကြားရွတ်တွတွေပါ ။ တော်လှန်ရေးလုပ်မယ့် အထဲမှာလဲသူတို့ မပါပါဘူး။ ကောင်းကောင်း လက်ပိုက်ကြည့်နေမယ့်အထဲမှာတော့ ထိပ်ဆုံးက လူသားတွေပေါ့။ အသက်ရာကျော်ရှည်ကြပါစေ။

1 comments:

  1. how shall i say ? it's difficult to meantion their fear . cos they know that they gonna be tortured and will lose their future by regimes . So they r hiding their feeling although they know. on the other hand it shows the cruelity and terrorism of regimes . Thank you.

    ReplyDelete

never ... never ... never ...never ... never Give Up !