Home » » ကျွန်တော်တို့ ရွာဥက္ကဋ္ဌ နှင့် ကျွန်တော်တို့ နိုင်ငံ ဥက္ကဋ္ဌ

ကျွန်တော်တို့ ရွာဥက္ကဋ္ဌ နှင့် ကျွန်တော်တို့ နိုင်ငံ ဥက္ကဋ္ဌ

ကျွန်တော်တို့ ရွာကလေး သည် တကယ်ကို တောကျသော ချောင်ကြသောရွာကလေးတစ်ရွာဖြစ်ပါ သည်။ သို့သော် ကျွန်တော်တို့ ရွာကလေးသည် ဒိုင်နယ် အမည်ခံ ရွာကလေးတစ်ရွာဖြစ်ပေသည်။ရွာသူရွာသား အများစုသည် စာရင်းငှား လယ်လုပ် စသည်ပုဂ္ဂိုလ်များသာများကြပေသည်။ ကျွန်တော် မှတ်မိသ၍ ကျွန်တော် ရွာတွင် နေထိုင်လာသည့် တစ်လျှောက်တွင်ရွာလူကြီး အပြောင်းအလဲ သုံးခါ တိတိလုပ်သည်ကို မှတ်မိနေပါသည်။ ပထမဆုံး ရွာလူကြီးမှာရွာထဲတွင် လယ်သမားကြီး တစ်ဦးပင်ဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်သည် အဖွဲဝင် (၁)ရာထူးဖြစ်ပါသည်။ဥက္ကဋ္ဌ ရာထူးကို တစ်ခြားရွာမှ လူတစ်ဦးဖြစ်ပါသည်။ ၎င်းတို့ အုပ်စု လက်ထက်တွင် ဒိုင်နယ်အတွင်လုပ်အားပေးတွေ တော်တော်များများ လုပ်ခဲ့ရသည်ကိုမှတ်မိနေပါသည်။ တစ်ခြား ဒိုင်နယ်တွေကမလုပ်တဲ့ ကောက်စိုက်ပြိုင်ပွဲတွေလုပ်သည်။ စံပြစိုက်ကွက်တွေ စိုက်သည်။ လူတွေအငြိမ်မနေရပေ။သို့သော် သူတို့အတွက် အစိုးရက ဆုတွေပေးသည်ကိုတော့ သူတို့ရကြပါသည်။

အဲ့ဒီ အုပ်စုက နောက်ပိုင်းစားတာ ၀ါးတာများ လာတဲ့ အခါတိုင်စာတွေ ခဏခဏ တက်တော့ မြို့ နယ်ကလာပြီးတော့ လူကြီးရွေးပွဲ လာလုပ်ပေးသဗျ။ ထပြီးရွေးလိုက်ကြတာ ဟုတ်တော့ဟုတ်သလိုလိုပဲ။ ကန့်ကွက်လိုက်ထောက်ခံ လိုက်ပေါ့ဗျာ။ ဒိုင်နယ် ဥက္ကဋ္ဌ ဖြစ်သွားတဲ့သူက ကျွန်တော်တို့ရွာကမဟုတ်ပါဘူး။ တစ်ခြားရွာကပါပဲ။ သူအလုပ်က ပိုက်ဆံရှိတယ်။ နယ်လှည့်ဖဲရိုက်တယ်။ ကျွန်တော်တို့ ရွာက အဖွဲ့ဝင် ၁ ရာထူးပဲ ထပ်ရသေးတယ်ဗျ ။ သူကတော့ ရွာထဲမှာ ဖဲဒိုင်ခံတယ်ဗျ။အရက်လည်းရောင်းသေးတယ်။ အဲ့လိုဆိုတော့ ဗျာ ရွာထဲမှာတော်တော်လေးသာယာသွားတာပေါ့ ။ငယ်စဉ်ကအကြောင်းလေးထည့် ပြောရဦးမယ် ။ ကျွန်တော်တို့ရွာမှာ တစ်နေ့ ကို နှစ်အိမ်ထောင်ကင်းစောင့်ရတယ်ဗျ။ အများအားဖြင့်တော့ ကလေးတွေပဲ စောင့်ကြရတာပေါ့။ လူကြီးတွေက ကိုယ့်အလုပ်နဲ့ကို လုပ်နေကြတာလေ။ကင်းစောင့် တဲ့ ကလေးတွေ ဘာလုပ်ရတယ်မှတ်လဲ။ လူကြီးအိမ်ကဘက်ထရီအိုး ကိုသွားရွေးပေးရတယ်။နေမ ကောင်း ထိုင်မကောင်း ဖြစ်ရင်လှေနဲ့ လိုက်ပို့ရတယ်။ စာတွေဘာတွေ လဲ တစ်ခြားရွာကိုပို့ရတယ်။အဲ့ဒီအလုပ်တွေက တစ်ခါတရံမှ ရှိတတ်တာပါ။ အများအားဖြင့်တော့ ကင်းစောင့်တဲ့ ကလေးတွေကလူကြီးအိမ်မှာ အေးအေး ဆေးဆေးပဲ ဖဲထိုင်ရိုက်နေကြတာ။ ဘယ်သူက လာဖမ်းဦးမှာလဲ။ပြောတော့လဲ ကိုယ်ပေါင် ကိုယ်လှန် ထောင်းကြပါတယ်။ ကျွန်တော်တို့ ရွာမှာ ဆယ်တန်းအောင်တဲ့သူ မရှိသလောက်ရှားတယ်။ အခုလည်း ဒီအတိုင်းပါပဲ ။ လေးတန်းအောင်လောက်ဆိုရင် ခိုင်းစားကြပြီ။

အင်း..အသက် ဆယ်နှစ်ကျောက်လောက်ဆိုရင် ရွာထဲက ကလေးတော်တော်များများ ဖဲရိုက် တက်ကြတယ်ဗျ။တစ်ခါတစ်လေ ရွာပြန်သွားလိုက်ရင် ဖဲပညာပေးမယ့် ကလေးတွေက အဆင်သင့် စောင့်နေကြတာ။ရွာလူကြီးကလည်း ရပ်ရွာအကျိုးဘာတွေလုပ်လဲ မမေးတော့နဲ့ နော် မပြော လိုတော့ ဘူး။သူလဲနေ့စဉ်အားရတယ် မရှိပါဘူး ။ ဖဲရိုက်လိုက် အရက်သောက်လိုက် ။ အော် ရဲတွေဘာတွေလာရင် သူ့အိမ်နဲ့ကတော့ တော်တော်ကို အဆင်ပြေတယ်နော်။ သိတယ်မှတ်လား သောက်မယ် စားမယ် ဆိုတဲ့ကောင်တွေချည်းပဲလေ။
ဒါကတော့ ရွာအဆင်ပေါ့ဗျာ ။ ထပ်ပြောရမှာက နိုင်ငံအဆင့် ပေါ့ ။ ဘာမှ မကွာပါဘူး ။ အဲ့ဒိလိုပဲ အဆိုးတွေကို သာ အစားထိုးလိုက် အတူတူပဲ။
 
ဒါပေမယ့် တစ်ခုရှိတာက နိုင်ငံကြီးတစ်ခုလုံး အုပ်ချုပ်နေပြီး ငါတို့ လုပ်သွားတဲ့ ကောင်းရာ ကောင်းကြောင်းသမိုင်းလေးကိုတော့ ထားခဲ့လိုတဲ့ သဘောရှိပါတယ်။ အဲ့ဒါကြောင့်လဲ အရှက်ပြေ တော့ တစ်ခုခုလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတင်းကို လိုက်လုပ်နေကြတာလေ။ ကြိုက်တာမကြိုက်တာ နားမလည်တော့ဘူး။ငါလုပ်ပြပါမယ် ဆိုပြီး လုပ်လိုက်တာ အခုထိလည်း ဘယ်ပြည်သူကမှ စောက်ကောင်း မပြောတော့ ဂွကျနေတာပေါ့။ ဟိုတစ်နေ့ကတောင် တွေ့လိုက်ပါသေးတယ် ၀န်ကြီးချုပ်ဗိုလ်မှုးကြီး သိန်းစိန်က ထိုင်းမှာ ဘယ်တော့ပြန်မှာလဲ မေးတော့ သဘက်ခါ ကို Tomorrow Tomorrow နှစ်ခါပြန်ပြောသွားတယ်လို့
comment ရေးထားတာ တစ်ခုမှာတွေ့လိုက်ရတယ်။ ပြောချင်တာက ဗျာ သူတို့ကို အဲ့ဒီလောက်အပုတ်ချ လေ ရှက်ရန်း ရန်းပြီး လုပ်ချင်ရာလုပ်လေဖြစ်နေတာ ။ မပြောကြပါနဲ့ဗျာ။ သူတို့အကြောင်းပြန်ပြောရတာ
ကို ရှက်စရာ ကောင်းလို့ပါ။ . . . .
ဘွဲထူးဂုဏ်ထူး အထူးထူးဖြင့် ဂုဏ်ကြိးလေစွ အာဏာရှင်ဗျ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !