Home » » သိသင့်သူအားလုံးသိပါစေ...

သိသင့်သူအားလုံးသိပါစေ...

တောင်ဥက္ကလာပမြို့နယ် ဆင်ခြေပုန်း ဈေးတစ်ခုအတွင်း တွင် ဆိုင်ခန်းအကျယ် အ၀န်း ၅ ပေ ၆ ပေလက်လီ ဆန် ဆိုင်လေး တစ်ဆိုင် အတွက် နိုင်ငံတော်၏ အမြတ်တော်ခွန် ကို ဆောင်ရာတွင် ၈နှစ်ခန့် ရှိပါပြီ ။ လွန်ခဲ့သော နှစ်များတွင် ကုန်သွယ်ခွန် အမြတ်ခွန် ဆောင်ခဲ့ရသော နှုန်းထားများမှာသောင်း ဂဏန်း ၀န်ကျင်သာ ရှိခဲ့ပါသည်။ သို့သော် ၂၀၀၆ / ၂၀၀၇ မှစ၍ အခွန် နှုန်းထားများမှာ 90000 ကျခဲ့ပါသည်။ နောက်တစ်နှစ် အတွက် 11000 ကျခဲ့ပါသည် ။ မနှစ်ကဆောင်ရန်အခွန်ငွေ စာရင်းထွက်လာသော အခါ 190000 ဖြစ်နေပါသည်။ ဘာဖြစ်လို့များ အဲ့လောက်ထိများ သွားရသလဲ ဆိုတာကို ဦးစီမှုးအား ဆိုင်ရှင်ဖြစ် သူက မေးသောအခါ ဆောင်သာဆောင်လိုက်ပါ နောက်တစ်နှစ်မှာ အဆင်ပြေအောင် လုပ်ပေးပါမည်ဟု ပြောလိုက်ပါသည်။ မကျေနပ်သူကိုတိုင် ထိုအခွန်ကို ဆောင်ပေးခဲ့ပါသည်။ အခွန်သွင်းမည့် သူမှာ ဘယ်လို အဆင်ပြေအောင်လုပ်ပေးရမည်ကို သိပါသည်။ ဘာဖြစ်ချင်သလဲ ဘယ်လိုဖြစ်ချင်သလဲ ပွင့်ပွင့် လင်းလင်း ပြောပါဟုပြောခဲ့ပါသည်။ ၎င်းတို့ ဖွင့်ထားသော ဆိုင်တန်းမှာ ထိုမျှလောက် အခွန်များ များ ဆောင်ရသူလည်း မရှိကြောင်း ပြောခဲ့ပါသည်။

ယခုနှစ်အတွက် ၀င်ငွေစာရင်း တင်သွင်းသော အခါ ဦးစီးမှုးအတွက် စာအိတ်ဖြင့် ငွေထည့်၍ပေးသော အခါတွင် ကျွန်တော်တို့က ငွေမယူပါ။ စာရွက်စာတန်းကြေးသာ ယူပါသည်ဟု မိခင်ဖြစ်သူအား ပြော လွှတ်လိုက်သည်ဟုသိရပါသည်။ ငွေပေးရခြင်းမှာ လည်းယခင်နှစ်ကလောက် အခွန်မများစေရန် ဦးစီးမှုး ကအဆင်ပြေအောင် လုပ်ပေးပါမည်ဟု ပြောခဲ့သောကြောင့် မိမိတို့ အသိတရားဖြင့် ပေးခြင်းသာဖြစ်ပါသည်။
ဦးစီးမှုးက မင်းတို့ ဟိုတိုင်သည်တိုင်လုပ်ရင် ဒီထက်ပို ဆိုးသွားလိမ့်မည် ဟုလည်း ပြောလိုက်ပါသေးသည်။
နိုင်ငံတော် အခွန်ကို ရှောင်၍ ဦးစီးမှုး ကို လစဉ်ကြေးပေး ၍ ရောင်းနေသော အရက်ဖြူဆိုင်တစ် ဆိုင်အကြောင်းပါ တစ်ဆက်တည်းပြောသွားခဲ့ပါသည်။ ထိုအရက်ဆိုင်သည် နှစ်စဉ်နိုင်ငံတော် အခွန် ကိုဆောင်စရာ မလိုပဲ ဦးစီးမှုးအား လစဉ် 150000 ခွဲ ပေး၍ ရောင်းနေပါသည်။ တောင်ဥက္ကလာ မြို့နယ်အတွင်းမှာ ပင်ဖြစ်ပါသည်။
ဤ သို့သော အဖြစ်များ နိုင်ငံတော်အတွင်း များစွားဖြစ်ပွားလျှက် ရှိပါသည်။ နိုင်ငံတော် အတွက် အခွန်ငွေသည် ရာထူးခံ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်စီ အတွက်ဖြစ်နေသော အကျင့်ပြတ်လဘ်စား မှု့များကိုတစ် ကမ္ဘာလုံး သိစေအပ်ပါသည်။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !