ကောင်လေးက မူလတန်းကျောင်းမှာ သူ ပထမဆုံးကြုံရသည့်မိဘဆရာအသင်းအစည်းအဝေးအတွက် အမေ့ကိုဖိတ်ခိုင်းတော့သူဖိတ်သည်။ သို့သော်အမေတကယ်တက်မည် ဆိုသည့်အခါ သူလန့်သွားသည်။ သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမပထမဆုံး အကြိမ်အဖြစ် မြင်ကြရတော့မည်ဆိုတာတွေးကာ သူထူထူပူပူဖြစ်သွားသည်။မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သည်။ သို့သော်မျက်နှာ ညာဘက်ခြမ်းမှာအတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီး တစ်ခု ထင်နေသည်။ကောင်လေးက သည်အမာ ရွတ်အကြောင်းမကြားချင်။သည်အမာရွတ်ကြီး ဘာကြောင့်ရသလဲဘယ်လိုရသလဲ မသိချင်။ဒါကြောင့် ဘယ် တော့ မှ သူမမေး။
အစည်းအဝေးမှာ အခြားလူများနှင့်ဆုံကြတော့၊ သူ့မိခင်မှာ အမာရွတ်ရှိတာမှန်သော် လည်းပင် ကိုယ်အ လှရှိ တာ ယဉ်ကျေးပျူငှာတာတွေကြောင့် လူတွေက သဘောကျကြသည်။ဒါကိုမြင်သော်လည်း ကောင်းလေး ရှက်ရွံ့စိတ်မပြေ၊ရှောင်ဖယ်ပုန်းလျှိုး၍ပဲနေသည်။
သို့သော်တစ်နေရာမှာတော့ ဆရာမနှင့်သူ့မိခင်တို့ စကားပြောနေကြတာ သူကြားရသည်။

“မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ” ဆရာမကမေးသည်။
“သားလေးနို့စို့အရွယ်တုန်းကပေါ့၊ သူ့အခန်းထဲ မီးလောင်တော့ သားက ခုတင်လေးထဲမှာ၊အခန်းထဲမီးတွေ တဟုန်းဟုန်းဆိုတော့ ဘယ်သူမှ မ၀င်ရဲဘူး၊ ကျွန်မအတင်းပြေးဝင်တာ၊ အဲ့ဒီမှာ အပေါ်က ထုပ် တန်း ကြီး တစ်ခုပြုတ်ကျလာတော့ ကျွန်မသားအပေါ်ပြေးပြီးကာလိုက်တာ၊ကျွန်မကို ရိုက်မိပြီး အဲ့ဒီမှာတင် မေ့လဲ သွားတယ်၊ ကံအားလျှော်စွာပဲ မီးသတ်သမား ရောက်လာပြီး ၀င်ကယ်လို့ သားအမိ နှစ်ယောက်လုံး အသက်ချမ်းသာရာ ရတာ၊” မိခင်က မျက်နှာပေါ်ရှိအမာရွတ်ကို စမ်းရင်း ပြန်ပြောပြနေသည်။ “ တစ်သက်လုံး အမာရွတ်ကြီး တစ်ခုတော့ ထင်သွားတာပေါ့လေ၊ ဒါပေမယ့် ဒီအတွက် ကျွန်မတစ်ခါမှ ၀မ်းမနည်းမိပါဘူး၊” တဲ့ ၊ အမေကဆိုသည်။
သည်စကားကြားတော့မှ ကောင်လေးမျက်ရည်တွေ အ၀ိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကိုဖက်သည်။ သူ့အတွက် အသက်ပေးကာကွယ်မည့် အမေ၏ စေတနာ အမေ့မေတ္တာကို ခံစားရကာသူ့ရင်ထဲ လှိုက်၍ နေသည်။ အဲ့သည်နေ့တစ်နေ့လုံး အမေ့လက်ကို သူတင်းတင်း ဆုပ်ထားသည်။တစ်ချက်မျှပင် မလွှတ်တော့။

မူရင်း ။ ။ Lih Yuh Kuo ၏ The Scar
ဆရာ ဖေမြင့် ၏ နှလုံးသားအဟာရ
ဆရာ ဖေမြင့် ၏ နှလုံးသားအဟာရ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !