ရခိုင်ပြည်နယ် မောင်းတောမြို့နယ်အတွင်း တောဆင်ငါးကောင်အုပ်ထဲတွင် ဆင်ဖြူတော် တစ်ဆီး ပါဝင် ကြောင်းဒေသခံပြည်သူတို့၏ သတင်းပေးပို့ ချက်အရ သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် မြန့်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲများက ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန် ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဆင်ဖြူတော်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း။ ယင်းဆင်ဖြူတော်မှာ အသက် (၃၈) နှစ်ခန့်ရှိ ဆင်အမဖြစ်ပြီး အရပ် ၇ ပေ၄ လက်မ ရှိကာ လုံးပတ် ၁၀ ပေ ၁၁ လက်မ ရှိကြောင်း သတင်းရရှိသည်။
၂၉ ရက်နေ့ ထုတ် ကြေးမုံသတင်းစာ ကျောဖုံးနှင့် စာမျက်နှာ ၁၁
ဆင်ဖြူတော်ဆိုလို့ ကျောက်တော်ကြီး ဘုရားဖူးသွားရင်း ဆင်ဖြူတော်ကြီးကို သွားရောက်ကြည့်ရှု့ဖူးပါသည်။
ဆင်၏ အရောင်မှာ အဖြူရောင် မဟုတ် နီကျင့်ကျင့် အရောင်သာဖြစ်နေ၍ ဒီလို အရောင်မျိုးဆိုရင် ဆင်ဖြူတော်လို့ ခေါ်သလားဟု လူကြီးသူမ များအားမေးကြည့်မိပါသည်။
အဖြူရောင် နှင့် ဆင်ဖြူတော်ဟုသတ်မှတ်ထားသော ဆင်၏ အရောင်မှာတော်တော်လေးကွာပါသည်။ ဆင်ဖြူတော် ရှိသည်ကို လက်ခံပါသည်။ မင်းကောင်းမင်းမြတ်များ ၏ လက်ထက်တွင် ဆင်ဖြူတော်များ ပေါ်ပေါက်ခဲ့သည်ဟု စာထဲတွင်လည်း သင်ရပါသည်။ယခု ဆင်ဖြူတော်ဟု သတ်မှတ်ထားသောဆင်မှာ ဆင်ဖြူတော်မဟုတ် ဆင်နီတော်ဟုပင် သတ်မှတ်ရမလိုဖြစ်ပါသည်။
မင်းကောင်းမင်းမြတ်များ၏ လက်ထက်တွင် ဆင်ဖြူတော် ပေါ်ပေါက်၍
မင်းဆိုးမင်းယုတ်တို့၏ လက်ထက်တွင် ဆင်အရောင်တစ်မျိုးထူးထူးခြားခြားပေါ်ပေါက်သည်ဟု နောင်လာ နောင် သားတို့ မှတ်သားသင့်ပါသည်။
ကျောက်တော်ကြီး ဘုရားမှ ဆင်ဖြူတော်ဟု သတ်မှတ်ထားသော ဆင်ကြီးဖမ်းလာပြီး သိပ်မကြာခင်မှာပင် ဦးခင်ညွှန့် အာဏာတစ်ခန်းရပ်ဖြစ်ခဲ့ရသည်ကိုလည်း အမှတ်ရနေပါသေးသည်။
ယခုတဖန် ဘယ်သူ့အလှည့်များပါလိမ့်။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !