မွေးရပ်မြေက အမေ့သား
တစ်နယ်ခြားသို့ထွက်ခဲ့ပြီ
မျော်လင်ချက်တွေနဲ့ အမေ
သားတို့တွေနောင်ရေးအတွက်
အဖေတာဝန်တွေကိုပါ
တစ်ယောက်ထည်းထမ်း၍
ဧရာနတီမြစ်ပြင်ကျောမှာ
အမေနဲ့အတူ
ပဲပြုတ်ရောင်းခဲ့ရတဲ့နေ့ရက်တွေ
အမေ့ သားမမေ့နိုင်ပါဘူး
မျှော်လင့်ချက်မဲ့တဲ့ဘ၀တွေကို
ပြောင်းလဲပြစ်ဖို့ မြို့ကြီးပြကြီး
ပို့ပေးခဲ့တဲ့ အမေ
အစပျိုးခဲ့တဲ့ အမေရဲ့မျှော်လင့်ချက်တွေက
အမေ့အတွက် တစ်ခုမှမဟုတ်ခဲ့ဘူး
မျှော်လင့်ချက်တွေကို
အကောင်အထည်ဖော်ရင်း
လမ်းပျောက်ခဲ့တဲ့ သားအဖြစ်တွေ
အမေလည်း မသိနိုင်တော့ဘူး
အမေ သားကိုမွေးခဲ့တဲ့
ဧရာဝတီ ဆီကိုလည်း
သားခြေဦးတောင်မလှည့်ဖြစ်တော့ဘူး
သားမျှော်လင့်ချက်တွေဘာမှဖြစ်မလာသ၍
မွေးရပ်ဌာနေ ဧရာမြေကို
ခွဲမြဲသာ ခွဲနေရအုံးမှာပါပဲ
လမ်းပျောက်နေတဲ့သား
လမ်းစကို ရှာရင်း
အမေ့ကိုလည်းလွမ်း
မွေးရပ်ကိုလည်းလွမ်း
အလွမ်းတွေ ကြိုးစားဖျောက်လို့
ချစ်စရာ့ ဌာနီ ဧရာဝတီသို့
အလည်တစ်ခေါက်ဖြစ်ဖြစ်
ပြန်ချင်ပါသည် ။ ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !