ပထမ စာပိုဒ်
ဒီဆောင်းပါးလေးကို ရေးဖို့ စဉ်းစားဖြစ်တာကတော့ ကျွန်တော် လေးစားရသော အဝေးကပဂ္ဂိုလ် များနှင့်မနီးမဝေက ပုဂ္ဂိုလ်များ အတွက်ပါ ။ ကျွန်တော် သည် ဒီစာမျက်နှာလေး ရေးဖြစ်ကတည်းက ကြောက်စိတ်ရှိပေမယ့် လည်း ဖြစ်လည်း ခံ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အဝေးက အကို တစ်ယောက်၏ အကူအညီဖြင့် ရေးဖြစ်ခဲ့ခြင်းသာ ဖြစ်ပါသည် ။ တကယ်ကို လေးစားမိပါသည် ။ အားလုံးသော စာမျက်နှာတွေကိုဖတ်ပြီး ငါလည်း ငါစိတ်ထဲမှာ ရှိတာတွေ ရေးမယ် ပြောမယ် ဆိုတဲ့ ဆန္ဒဖြစ်လာခဲ့ရပါသည် ။ ပထမဆုံးကျွန်တော် လေးစားရသော ဘလော့ဂါ များထဲ့က အကိုတစ်ယောက်က ပြောသွားပါတယ်။
ဒီဆိုဒ်လေးဖတ်ကြည့် သူတို့ပြောတာ ဟုတ်တယ်http:// လို့ ဆိုပြီးပြောသွားတယ်။နောက်ပြီး တော့ဒီအလုပ်မလုပ်ချင်တော့ဘူး အခုချိန်ထိ မပြောင်းလဲသေးဘူး လုပ်လာ တာကြာပြီ
အကိုရေ ဒါလေးကိုထည့် ရေးလို့ ကျွန်တော်ကို တစ်မျိုးမထင်လိုက်ပါနဲ့။ အကို ဘာကိုပြောချင်တယ်ဆို တာကိုညီသဘောပေါက်ပါတယ် ။ တကယ်လေးစားပါတယ် ။ ဟုတ်တယ် အကိုရေ ဒီစာတွေရေးနေလို့ကျွန်တော်တို့ အတွက် အကျိုးမရှိတာ အကိုတို့က ကျွန်တော်တို့ထက်ပိုသိမှာပါ။ ဘယ်သူ့ဆီကမှ တစ်ပြားတစ်ချပ်မှ မရဘဲ အသားလွတ် ထောင်ထဲဝင်လို့ ရတဲ့ စာမျက်နှာတွေကို ဘာလို့ရေးနေကြတယ် ဆိုတာကိုလည်း အကိုတို့သာ ပိုသိမှာပါ ။ အကို ညွှန်းလို့ ရောက်သွားခဲ့ တဲ့ ဆိုဒ်ကိုလည်း ကျွန်တော်မဖတ်ပါဘူးကျွန်တော်က သူတို့ကို နည်းနည်းမှ ယုံကြည်လို့မရတော့ အကို ပြောသလို သူတို့မှန်ရင်တောင်မှ ကျွန်တော်အမှန်မမြင်နိုင်လို့ ပါ ။
ဒုတိယ စာပိုဒ်
လေးစားရပါသော ပုဂ္ဂိုလ်အားလုံးခင်ဗျား
ကျွန်တော် သည် မွေးရာပါနိုင်ငံရေး စိတ်ဓာတ်နဲ့ ရှင်သန်နေသူဖြစ်ပါသော ကြောင့် အကြံပြုပါ ဝေဖန်ပါဆိုတဲ့ နေရာမှာ ကြိုက်သလို လာရောက်ဝေဖန်ပါ ။ ကျွန်တော် လုပ်နိုင်သ၍ လုပ်နေမှာပါပဲ။ ဘယ်တော့မှ မကျေ နိုင်တဲ့ စိတ် ရှိတယ်။ ဒီစာတွေ ရေးလို့လဲ မထူး တစ်ယောက်တည်း ထလုပ်လို့လည်း ထူးမလာနိုင်တာကို အားလုံးသိနေကြရဲ့နဲ့ ဘာကြောင့်များ သူတစ်ပါးစိတ်မချမ်းမသာ ဖြစ်အောင် ပြောရက်ကြတာလဲ။ ယုံကြည်မှု့နဲ့ ရပ်တည်နေတဲ့ စိတ်ပါ။ ခေါင်းဆောင်မဖြစ်နိုင်သေးတဲ့ ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေထဲကကျွန်တော်ဟာ ခေါင်းဆောင်မှု့ကောင်းကောင်းရှိခဲ့ ရင်နောက်ကလိုဖို့ အချိန်မရွေးပါဗျာ။ ဒီနေ့ဒီအချိန်ကစလို့ ညီလေးတို့ ရေ တို့ တွေစကြမယ် မင်းတို့ တွေ အရှေ့ကနေ အသေခံ ယောက်ျားလုပ်ကြကွာ ဆိုရင်တောင် ယုံကြည်ချက် အတွက် ရဲရဲဝံ့ဝံ့လိုက်ရဲတဲ့ စိတ်ရှိပါတယ် ။ စကြည့်လိုက်ကြစမ်းပါ။ မင်းရဲ့ယုံကြည်ချက်က ပုဂ္ဂိုလ်စွဲ ယုံကြည်ချက်ပါကွာ လို့ ပြောလာရင်လည်း ဟုတ်

တယ်လို့ ၀န်ခံပါတယ်။ ဒီအချိန်မှာ တော့ ဒေါ်အောင်ဆန်း စုကြည်တစ်ယောက်ကလွဲလို့ ယုံကြည်တဲ့သူဆို
တာမရှိသေးပါဘူး။
တတိယ စာပိုဒ်
သူငယ်ချင်းများနဲ့ စကားပြောကြည့်သောအခါ
ပထမဆုံး အရင်းနှီးဆုံး တစ်ယောက်နဲ့ စကားပြောကြည့်တယ် ။ အလပသလပ တွေကို ခဏထားပြီး နိုင်ငံရေးဘက်ကို စကားပြောကြည့်တယ် ။ ပြောသမျှကို လက်ခံပါတယ် ။ ဒါပေမယ့် နိုင်ငံရေး အသိစိတ်လို့ပဲ ပြောရမှာပေါ့ ။ နည်းတယ် ။ ဘယ်သူ့အတွက်လုပ်မှာလဲ ။ ငါတို့က ဘယ်ပါတီအတွက်လဲ တဲ့ ။ အားလုံးကို သိသ၍ရှင်းပြခဲ့ပါတယ် ။ နောက်တစ်ယောက် state ကျောင်းမှာကတည်းက ဒီစိတ်ရှိခဲ့တဲ့သူတစ်ယောက် ကြုံတိုင်းဒီအကြောင်းတွေ ပြောဖြစ်ကြတယ် ။ ဒီတစ်ခါသွားပြောတော့လဲ သူမငြင်းဆန်ပါဘူး သူတတ်နိုင်တဲ့ဘက်က ကူညီမယ် ဆိုတဲ့ စကားကိုရတယ် ။ ဒါပေမယ့် ငါ့အမေက ဆရာမဆိုတော့ ငါကြောင့် တစ်ခုခုဖြစ်မှာ ဆိုးတယ်ဆိုတဲ့ စကားတစ်ခွန်း နောက်ဆက်တွဲ ပါလာတယ်။ မနေ့ကမှ အဆဲခံလိုက်ရတဲ့ ကိစ္စလေး ထည့်ပြောပေးချင်ပါတယ်။ စာဖတ်သူအားလုံးကို ကြိုတင်တောင်းပန်ပါတယ်။ မနေ့က ဘယ်လို ပုံစံအဆဲ ခံလိုက်ရတာလဲ ဆိုတော့ “ ကျွန်တော်တို့ အရွယ်လူငယ်တစ်ယောက်ပါပဲ ။ ကျွန်တော်ထိုင်တဲ့ နေရာနားကိုလာတယ် ကျွန်တော်မေးတွေ ဖတ်နေတယ် ။ ငါ့အထဲကိုလည်း ဘယ်မအေလိုးက ဘယ်လိုဖော်ဝပ်တွေလုပ်နေလဲ မသိပါဘူး ကွာ နိုင်ငံရေးတွေ ပါလာလို့ အတင်း လိုက်ဖြတ်နေရတယ်” တဲ့အခုလောလော ဆယ် ဒီစာမျက်နှာ အတွက် ရနေတဲ့ ရလဒ်တွေပါ။ လက်ဖက်ရည်

ဆိုင်ထိုင်ရင်း အင်္ဂလိပ်ခေတ်က ဆိုတဲ့ အဖိုးအို တစ်ယောက်ပြောသွားတာကိုလည်း ပြန်ပြောချင်သေးတယ်
ဘာပြောသွားလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်စားတာတဲ့။သူ့ကိုပေးတဲ့ ဆုတွေကနည်း မှမနည်းတော့ပဲ တဲ့ ။ လူငယ်တွေ စည်းကမ်းမဲ့တဲ့ အကြောင်းလဲပြောသွားသေးတယ်ဗျ။ လက်ခံပါ၏ ။ လူငယ်တွေစည်းကမ်းမဲ့နေကြပါတယ် ။ သူ့သားသမီးတွေက ဘာတွေလဲဆိုတော့ ဆည်မြောင်းက အရာရှိတွေတဲ့ ။ စားလို့ဝါးလို့ ကောင်းလိုက်တာ အဆင်ပြေကြမှာပါ။ ဆည်မြောင်းက အရာ ရှိနဲ့ပတ်သတ်လို့ ပြောပြရအုံးမယ် ။ ကျွန်တော် ရန်ကုန်ရောက်ခါစ က အလုပ်လုပ်တဲ့ သူဌေးမက ဆည်မြောင်း အရာရှိတစ်ယေက်တဲ့ ဘာအလုပ်မှ လုပ်စရာမလိုဘူးဗျာ။ အချိန်တန်လို့ ၀န်ကြီးကို သွားကန် တော့လိုက်တာနဲ့ ရာထူးက Auto တက်တက်လာတယ်။ ကောင်းလိုက်တဲ့နိုင်ငံဝမ်းထမ်း အလုပ်ဗျာ။
နိဂုံး
လေးစားရပါသော အားလုံးသော ပုဂ္ဂိုလ်များ ခင်ဗျာ
ကျွန်တော် ဒါလေးကို ရေးလိုက်တော့ လူငယ်တွေ ရဲ့ အခြေအနေဘယ်လိုရှိ တယ်ဆိုတာ လေးလဲ သိရတာပေါ့။တော်တော်လေး အသိနည်းသေးတဲ့ ကျွန်တော်တို့ လူငယ်တွေပါ ။ အဲ့ဒီတော့ ဘာလုပ်ကြမလဲ လုပ်ကြမယ့်အချိန်ကို ရောက်ရင် လူဦးရေ ၅၉ သန်း ၀န်းကျင်ထဲက ညီလေး တစ်ယောက်လဲ အကိုတို့နဲ့ စိတ်တူကိုယ်တူရှိနေပါတယ်။ ဒါတွေမလုပ်ချင်တော့ဘူး သူတို့ပြောတာမှန်တယ် ဆိုတဲ့ အကို ရေ ကျွန်တော် မပြည့်သော်လည်းဆုတောင်း စကား တစ်ခုတော့ ဆိုချင်ပါတယ် ခင်ဗျာ
ယုံကြည်ချက်နဲ့ နိုင်ငံအတွက် လူမျိုးအတွက် လမ်းလျှောက်နေကြတဲ့ သူတွေ သေသည့်တိုင် ယုံကြည်ချက်တွေမသွေဖီသွားကြပါစေနဲ့ ။ ပြည်တွင်းကအခြေအနေနဲ့ ပြည်ပက အခြအနေ ကို အားလုံးသိကြမှာပါ။ အကိုတို့ရဲ့ခံစားချက်တွေက ပေါက်ကွဲချင်တဲ့ အချိန် ပေါက်ကွဲလို့ ရပေမယ့် ရေငုံ နှုတ်ပိတ် ညီလေးတွေ အတွက်နားလည်ပေးပါ။ ဘယ်တော့ မှ မပြောင်းလဲ ကြပါစေနဲ့လို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
လေးစားစွာဖြင့်

လေးစားပါ၏
ReplyDeleteလူတိုင်းခံယူချက်ရှိ၏
ခံယူချက်အတိုင်းအောင်မြင်အောင်
လျောက်လှမ်းနိုင်ပါစေ ညီ
ကလောင်အစွမ်းလက်စွမ်းပြရင်း
နိုင်ငံအကျိုးတစ်ဖက်တစ်ဖက်က
ကူညီနိုင်ပါစေလို့
နိုင်ငံရေးဆိုတာ နိုင်ငံအရေးဖြစ်ပြီး အဲ့ဒီ နိုင်ငံမှာ မှီတင်း နေထိုင် နေတဲ့ နိုင်ငံသားတိုင်းရဲ့ အရေးဖြစ်ပါတယ် ... လုပ်နေတဲ့ လူတွေက မလုပ်တဲ့ လူတွေကို ကြည့်ပြီး ရပ်ဆိုင်းသွားရင် လုပ်မဲ့သူရှိမှာ မဟုတ်တော့ပါ .. မိမိမလုပ် နိုင်တော့ရင်လည်း လုပ်နေတဲ့ လူတွေကို အားပေး ကူညီရင်း မိမိရဲ့ အမှန်တရား ဘက်မှာ/ပြည်သူ ဘာက်မှာ ဆက်လက် ရပ်တည်ပေးနိုင်ရင်တော့ လုံလောက်ပါပြီဗျာ ...
ReplyDelete