Home » » မကျေနပ်ယင် ထွက်ပေးမယ်

မကျေနပ်ယင် ထွက်ပေးမယ်

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများမှ ပြန်လည်ကောက်နှုတ်တင်ပြခြင်းဖြစ်ပါ၍ ဖတ်သင့်ပါသည်။
၁၉၄၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့ သတင်းစာဆရာများ
အစည်းအဝေးတွင် ပြောကြားချက်များ

လွပ်လပ်ရေးရတဲ့ အချိန်ထိတော့ ကျုပ်နိုင်ငံရေးလုပ်ရအုံးမှာဘဲ။ လွပ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲ တွေဖြစ် တဲ့အချိန်မှာ ကျုပ်ကမပါချင်ဘူး။ သူများတွေလုပ်တာထိုင်ကြည့်ပြီး စာအုပ်ရေးမယ်။ ကျုပ်လုပ်နေ တဲ့အချိန်အတွင်းမှာတော့ ကျုပ်ရဲ့ ယုံကြည်ချက်အတိုင်း အနိုင်မခံ အရှုံမပေး နောက်ဆုံးအထိလုပ်မှာဘဲ။

ပြန်လည်ထူထောင်ရေး
ပြန်လည်ထူထောင်ရေး ကွန်ဖရင့် အစည်းအဝေးကို မကြာမှီ ခေါ်ယူပြီး လက်ငင်းချက်ချင်းလုပ်စရာရှိသမျှကို
အစီအစဉ်များ ရေးဆွဲမယ်။ အစိုးရတို့ ယခု လုပ်နေပုံမှာ ဆန်စဉ်ရာ ကျဉ်ပွေ့မလိုက် ဆိုသလို ဟိုကဆူယင်ဟို
လိုက်လုပ် ၊ ဒီကဆူရင် ဒီကလုပ် ဆိုသလိုဖြစ်နေတဲ့အပြင် အုလုပ်ကောင်းကောင်း လုပ်ဖို့လဲ အချိန်မရ ဘူး။ဒါ ကြောင့်ခွေးဟောင်တိုင်း ထမကြည့်နဲ့ ပြောပြန်တော့လဲ မခံချင်ဘူး။

ဝန်ကြီးလခ လျှော့ရေးကိစ္စ
လက်ရှိအစိုးရ အဖွဲ့ ၀ါဒ စည်းမျဉ်း အရ လုပ်နေရာ အောင်မြင်တာလဲရှိတယ် ။ မအောင်မြင်တာလဲရှိတယ် ။ သို့သော်အစိုးရက မိမိတို့ မူလက ကြေညာခဲ့တဲ့ အတိုင်း လုပ်ခဲ့တဲ့ အချက် အမြောက်အများရှိတယ်။ အစိုးရမှာ ဘဏ္ဍာရေးအခြေအနေ မကောင်းလှသည့်အကြောင်းကိုလည်း တိုင်းပြည်အားရှင်းပြပြီးပါပြီ ။ ချွေတာရေး နည်းလမ်းအမျိုးမျိုးကိုလည်းဘိလပ်အစိုးရထံ အကြောင်းကြားပြီး ပြန်လည်ထူထောင်ရေး ကွန်ဖရင့် လုပ်ပြီးတာနဲ့တပြိုင်နက် အစိုးရ ဌာနများမှလျှော့တန်တဲ့ နေရာလျှော့၊ ပိုတန်တဲ့နေရာ ပိုလုပ်နိုင်မှာပဲ ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို စံနစ်တကျ လုပ်နိုင်မှ တိုင်းပြည်နာလန်ထူမှာဘဲ။

အားလုံးလုပ်ပေးမယ်
ကျောင်းဆရာ ၊အလုပ်သမား ၊ အစိုးရ အမှု့ထမ်းများ အရေးကို သီးခြား မလုပ်ဘဲ အားလုံးခြုံပြီး လုပ်ရမှာဘဲ။
ဆိုင်ရာအသင်းအဖွဲ့များက နည်းလမ်းတကျ တရားသဖြင့် တောင်းဆိုလာကြမယ် ဆိုလျှင် အစိုးရတို့ ကသေသေချာချာစဉ်းစားပြီး ထိုက်သင့်သလို ဆောင်ရွက်ပေးမှာဘဲ။ ဒီလို ပြောလို့ လဲတောင်းသမျှပေးနိုင်မယ်လို့ မဆိုလိုဘူး။ ဘယ်အစိုးရမှလဲ တောင်းတိုင်းပေးနိုင်မှာ မဟုတ်ဘူး။

ဂျပန်ခေတ် လစာဟောင်း
ဂျပန်ခေတ် အတွက် လစာဟောင်းများ အရေးဟာလဲ ကျုပ်တို့နှင့်မဆိုင်။ စစ်အတွင်းဘုရင်ခံ ဒေါ်မန်စမစ်က စစ်နိုင်အောင် ၀ါဒဖြန့် တာသာဖြစ်တယ်။ ဒါပေမယ့် ကျုပ်တို့လုပ်နိုင်သမျှ လုပ်ပေးမယ်ဆိုပြီး ယခုနဲနဲ ထုတ်ပေးတယ်။ ကျန်ငွေကို စာချုပ်ထုတ်ပေးမယ်လို့ စီစဉ်ထားတယ်။ ထုတ်ပေးမယ့် စာချုပ်ဟာ ဂျပန်ခေတ်က စာချုပ်မျိုးမဟုတ်ဘူး။တန်ဖိုးရှိမဲ့ စာချုပ်ပါဘဲ ။ အဲ့ ဒါကိုဘဲ ကြံဖန်အပြစ်ပြောနေသူက ပြောသေးတယ်ပေးချင်ပေတဲ့ မရှိလစာပြုပြင်ရေးကော်မရှင် ကိစ္စလဲ စဉ်းစားရမယ်။ ခတ်တာက အစိုးရမှာ ပေးချင်ပေတဲ့ ပိုက်ဆံက မရှိ။ အစိုးရရဲ့ ၀ါဒကတော့ အောက်လူတွေကို တိုးပေးဖို့ မူအားဖြင့် သဘောတူပြီး နိုင်ငံဝန်ထမ်း ပဌမတန်းတွေဆိုရင် အခုမလျှော့ နိုင်သေးဘူး။ အဲ့ ဒီဘိလပ် အတွင်းဝန်က တိုက်ရိုက်ခန့် တဲ့ ရာထူးတွေတွေ ဖျက်ပြီးမှ လျှော့ နိုင်မယ်။ ဖျက်ဖို့ လည်းစီစဉ်နေပြီ။ အဲ့ ဒီလူတွေကို မလျှော့ နိုင်ခင် နိုင်ငံဝန်ထမ်း ဒုတိယတန်းများရဲ့ လစာကိုလည်း မလျှော့ ချင်သေးဘူး။အားလုံး ဆွေးနွေးလုပ်မယ်။အဲ့ ဒီလို အခတ်အခဲမျိုးတွေရှိနေတော့ ပြန်လည်ထူထောင်ရေး ကွန်ဖရင့် မှာ အားလုံးဆွေးနွေးစဉ်းစားပြီး လုပ်မယ်။
ကွန်ဖရင့် ကိုတက်ဖို့ အစိုးရ ဖက်က လူတွေ အသင်းအဖွဲ့ များနှင့် ကြားလူများကို လည်း ဖိတ်ခေါ်ပြီး နေ့ စဉ်ရက်ဆက် ဆွေးနွေးတိုင်ပင် ပြီးတာနဲ့ တပြိုင်နက် အစီအစဉ်အတိုင်း ကောက်လုပ်မှာဘဲ။

အလုပ်လုပ်ပါ၇စေအုံး
အဲဒီလို လုပ်တဲ့ အခါ မှာ သခွပ်ပင်က မီးတကျည်ကျည် လုပ်တာတော့လဲ မကောင်းဘူး။ မြောက်ပေးတဲ့ အထဲ သတင်းစာတွေလဲ ပါတယ်လို့ ကျွန်တော်က ပြောချင်တယ်။ အဲဒီလို ခင်ဗျားတို့လုပ်နေယင် ကျုပ်တို့ကလည်း ၀တ်တရားအတိုင်းအရေးယူလုပ်ရမှာဘဲ။ အဲ့ဒီလို လုပ်ကြရင် မီးခိုးမဆုံး မိုးမဆုံးဖြစ်နေမှာ ဘဲ။  အဲ ဒါတွေ ဖယ်ထားပြီး အလုပ်ကလေးလဲကောင်းကောင်း လုပ်ပါရစေအုံး။

အစွန်းမထောင်ပါနဲ့
ကျွန်တော်တို့ ကို မကြိုက်ဘူးဆိုယင် ထုံးစံအတိုင်း မကြိုက်တဲ့ အကြောင်းကို သေသေချာချာပြောကြပါ ။ ကျုပ်တို့ ထွက်သွားရုံဘဲ ။ ဟိုဘက်က အစွန်းထောင် ဒီဖက်က အစွန်း ထောင် အောင်တော့ မလုပ်ကြပါနဲ့ ။ ဦးစိန္တာကို အစက ဖမ်းဖို့ မရည်ရွယ်ဘူး။ ဒါပေမယ့် သူက တရားလက်လွတ်ရှောက်လုပ်နေလို့ ဖမ်းရတာဘဲ။

တိုင်းပြည်နာတယ်
ကျွန်တော်တို့ ယခုအုပ်ချုပ်နေလို့ အခွင့်အရေး သိပ်ယူနေကြတယ်။ အင်္ဂလိပ်ဘုရင်ခံသာ တိုက်ရိုက် အုပ်ချုပ်နေမယ်ဆိုယင် ဒီလိုလုပ်ရဲမှာလဲ မဟုတ်ဘူး။ လုပ်ပြန်ယင်လဲ ဥပဒေအတိုင်း အရေးယူယင် ငြိမ်နေကြမှာဘဲ ။အခွင့်အရေးပေးထားတော့ ပါးစပ်ကတော့ နယ်ချဲ့ သမားတိုက်တယ်။ လုပ်တော့ကျွန်တော်တို့ ကို တိုက်တာဘဲ။ ကျွန်တော်တို့ ကိုတိုက်တာက အရးမကြီးဘူး တိုင်းပြည်နာတာက ခက်
တယ် ။

*ထွက်ပေးဖို့ အသင့် *
ဝတ်တရားအတိုင်း လုပ်တာကို မကျေနပ်လို့ ရှိလျှင် တိတိလင်းလင်း ပြောကြပါ။ ထွက်ပေးဖို့ အဆင့်သင့်ပါဘဲ။
မထိတထိနှင့် ဟိုကပွက် ဒီကဆူတာနဲ့ ဆိုလျှင် အရေးမယူဘဲ မနေနိုင်ဘူး။ တိုင်ပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ အချိန်မှာ ငြိမ်ဝပ်ပိပြားရေး ကိစ္စများကို လိုသမျှ စီစဉ်လုပ်ကိုင်ထားရမှာဘဲ။ အဲ့ ဒီလိုအခါမှာ မကျေနပ်လျှင် နည်းလမ်း စည်းကမ်းရှိသမျှ သက်ဆိုင်ရာ ဌာနများမှတဆင့် ပြောဆိုလုပ်နိုင်တယ်။ အဲ့ ဒီလိုအခွင့်အရေးပေးတိုင်း၊ တောင်းတိုင်းပေးမယ် မဟုတ်ဘူး။

နွဲ့ဆိုး ဆိုးနေကြတယ်
ယခုဘာဖြစ်ဖြစ် ဘာကိစ္စဘဲရှိရှိ ဗိုလ်ချုပ်ဆီရောက်လာ ၊ ဗိုလ်ချုပ်ကလည်း အကုန်လုံးမတတ်နိုင်ဘူးဆိုတာ ယခုကြေညာလိုက်ပါတယ်။ ယခု ကျွန်တော်ထံမှာ ရိုးရိုးသားသားလုပ်မယ့် လူတွေကို ရွေးထားတယ်။ နောက်ငွေကိစ္စနှင့်ပတ်သက်လို့ ကျွန်တော်တို့ စေတနာက ဘယ်လောက်ပေးချင်ပေမယ့် ငွေမရှိရင် မဖြစ်တဲ့ အတွက် မလုပ်တတ်ဘူး။အခု ကျွန်တော်တို့အပေါ်မှာ နွဲ့ဆိုးဆိုးပြီး စမ်းကြည့်နေကြတယ်။ အဲ့ ဒီတော့ ကျွန်တော်ကလည်း နည်းလမ်း စည်းကမ်းအတိုင်း လုပ်ရမှာဘဲ။

ဆက်လက်ရေးသားရန်ကျန်နေပါသေးသည် ။ ဗိုလ်ချုပ်ပြောတာတွေနဲ့ လက်ရှိဖြစ်နေတာတွေနဲ့ ကတော့ ဘယ်လိုမှနှိုင်းယှဉ်ပြလို့ မရပါဘူး။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !