Home » » မြန်မာ့ အလင်း အယ်ဒီတာ့ အာဘော် နှင့် ဝေဖန်ချက် ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၄ ရက်

မြန်မာ့ အလင်း အယ်ဒီတာ့ အာဘော် နှင့် ဝေဖန်ချက် ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၄ ရက်

ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု့စိတ်ဓာတ် တိုးတက်ခိုင်မြဲ
အနာဂတ်ကလ နှစ်နိုင်ငံ အကျိုးစီးပွား ပူးပေါင်းဆောင်ရွက်

၁။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ သောနိုင်ငံ တော်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရို အမြဲတမ်း ကော်မ တီအဖွဲ့ဝင် ဒုတိယ၀န်ကြီးချုပ်မစ္စတာလီခချန်းအား ဇူလိုင်လ ၆ရက်နေ့က အစိုးရအဖွဲ့ရုံး ကျုံးနန်းဟိုင် ဧည့်ဂေဟာ၌တွေ့ဆုံဆွေးနွေးခဲ့သည်။

၂။ နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်ခဲ့ကြစဉ်က ချုပ်ဆိုခဲ့ ကြသောစာချုပ်ပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်များအတွက်ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေး၊ ထပ်မံဆောင်ရွက်ရမည့် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ၊ နှစ်နိုင်ငံ သံတမန်ထူထောင်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ ချစ်ကြည်ရင်းနှီးမှု့နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု့ရလဒ်များ၊ နှစ်နိုင်ငံစီးပွားရေး၊ လူမှု့ရေးအပါအ၀င် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု့များသည် မဟာဗျူဟာ မြောက်ပူးပေါင်း ဆောင်ရွက်မှု့အဆင့်သို့ ရောက်ရှိမှု့အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

၃။ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ ရေအားလျှပ်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု့ ကိစ္စများနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု့များကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

၎။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရို အမြဲတမ်းကော်မ တီအဖွဲ့ဝင် မစ္စတာလီချန်ချွင်းနှင့် ကျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာအတွင်းရှိ ၀မ်လျှိုထန်း ခန်းမဆောင် ၌ ဇူလိုင်လ၅ ရက်နေ့က တွေ့ဆုံခဲ့သည်။

၅။ ယင်းသို့တွေ့ဆုံရာ၌ တရုတ်ပြည်သူ့ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ၏ အမြှော်အမြင်ကြီးမားစွာဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု့စိတ်ဓာတ်ကို ခိုင်မြဲတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင် ရွက်ခဲ့မှု့၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု့များ၌ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ရေအားလျှပ်စစ် ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ စသည့်ကဏ္ဍစုံ၌ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု့၊ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု့ထူထောင်ခဲ့ကြသည့် နှစ်ပေါင်း ၆၀ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်ပေါ် တိုးတက်မှု့ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ဖလှယ်ဆွေးနွေးခဲ့ကြ
သည်။

၆။ အတွင်းရေးမှူး (၁)ဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု့ကို တိုးမြှင့် ဖော်ဆောင်နိုင်မည်သာမက နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ရပ်တည် အထောက်အကူပြုမှု့များနှင့် အနာ၈တ်ကာလတွင် အကျိုးစီးပွား ဖြစ်ထွန်းလာစေရေး အတွက် ဘက်ပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဖော်ဆောင်သွားနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
စာမူခများများရလို့ရေးတဲ့စာ


ဘလောဂါ၏ အာဘော်
၂၀၁၀ခုနှစ် ဇူလိုင်လ ၁၄ ရက် မြန့်မာ့အလင်း သတင်းစာမျက်နှာများ၌ တရုတ်နိုင်ငံသို့ မရောက်သဖူး ရောက်ရှိသွားသောအသစ်တက်လာ နအဖ ( နိုင်ငံတော်၏ အဖျက်အမှောင့် များအဖွဲ့) မှ အတွင်ရေးမှုး (၁) တင်အောင်မြင့်ဦးသည် မရောက်ဖူးသော နေရာများသို့ ရောက်ရှိသွားပါသဖြင့် သတင်းမျက်နှာစာများ ၌ ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားသည်ကို တွေ့ရပါ၏။ဘယ်တိုင်းပြည်ကမှ လက်မခံတော့ သည့် နအဖ အုပ်စုသည် တရုတ်ပြည်သို့ အခေါက်ခေါက်အခါခါသွားရောက်၍မြန်မာပြည်က ထွက်သမျှ သယံဇာတများနှင့် ရေအားလျှပ်စစ်များကို ၎င်းတို့၏ နိုင်ငံတော် အဖျက်အမှောင့်လုပ်ငန်းများနှင့် မိသားစုကြီးပွားတိုးတက် သည်ထက် အစမတန် တိုးပွားစေရေးအတွက် ရှိသမျှ သွားရောက် ရောင်းချခြင်းဖြစ်ပါ၏။

၁။ မြန်မာပြည် အာဏာရှင် ခေါင်းဆောင်နှင့် တရုတ် အာဏာရှင် ခေါင်းဆောင်တွင် တရုတ်အာဏာရှင်က တောကြိုအုန်ကြား မြန်မာပြည် က စစ်သားကို ခန်းနားထည်ဝါသော တရုတ်ပြည်ရှိ ဧည့်ခန်းမဆောင်ကောင်း ကောင်း တစ်ခုအတွင်း သွပ်သွင်းယူ အလိုရှိသမျှ ဖြစ်ညှစ်တောင်းခံခြင်းကို ပေးအပ်ပြီး သကာလ မရှိတော့သည်တို့ကို ပါ ကြိုတင်ရောင်းချရန် သဘောတူ၍ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ ရပါသည်။

၂။ နှစ် ၆၀ ရင်းနှီးမှု့အတိုင်း အတွင်း မြန်မာနိုင်ငံမှ အမြတ်ထုတ်ထားသည်များကို အားမရသေးပါသဖြင့် မဖြစ်နိုင်တော့သည့် စာချုပ်များ ဆက်လက်ချုပ်ဆိုကာ မြန်မာပြည်၏ အသွေး အသား ရှိရှိသမျှ ဘယ်တိုင်းဘယ်ပြည်ဆီမှ မရောက် ရလေအောင် တရုတ်ခေါင်းဆောင်ကြီးများ လုပ်ကိုင်ဆောင်ရွက်ပုံမှာ အားကျ အတုယူဖွယ်ကောင်းသလိုမျောက်လက်သစ်ကိုင်း လွတ်မဖြစ်စေရန် တရုတ်ပြည်ကို အမိအရ အဖေခေါ်၍ လုပ်ချင်ရာလုပ်နေသော မြန်မာအာဏာရှင်တို့ ၏ အစွမ်းသည်လည်း အံ့မခန်းပင်ရှိလှပါသည်။

၃။ နှစ်နိုင်ငံ အာဏာရှင်ကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် အမြှော်အမြင်ကြီးစွာ တွေ့ဆုံဆွေးနွေးမှု့သည် တရုတ်ပြည်က မသုံးချင်တော့ သည့် သယ်ယူပို့ဆောင်ရေးယဉ်များကို မြန်မာပြည် အာဏာရှင်က ဘောကျနှစ်သက်စွာ အပင်ပန်းခံသယ်ယူလာ၍ တရုတ်ပြည်၏ အဓိကလိုအပ်ချက်များ ဖြစ်သော လျှပ်စစ်အတွက် မြန်မာပြည်က ထွက်သမျှ ရေအားလျှပ်စစ် နှင့် ဓာတ်ငွေ့ ကို မြန်မာပြည်သူလူထုအား အမှောင်ချထားပြီး ပို့ပေးပါမည်ဟု သဘောတူညီမှု့ရရှိခဲ့ပါသည်။

၎။ ပေါက်ဖော်ကြီးများ သည် စစ်သားလူ့အန္တများအား မင်းတို့က ငါ့တို့အတွက် အသုံးတည့်တဲ့ကောင်လေး တွေပါကွာမင်းတို့ နောက်မှာ ငါတို့ အမြဲတမ်း ရပ်တည်ပေးနေပါမည် ဟုဆိုကာ စစ်သားတို့ကို နားထင်သွေးရောက်ဖြစ်အောင်စည်းရုံး၍ ပေါက်ဖော်တို့လိုအပ်ချက်များကို ဖြည့်စည်းသွားမည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည် ။ ။ ။ ။ ။
 
တစ်ပြားမှ မယူဘဲရေးတဲ့စာ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !