အသိဥာဏ်လို့ ပြောလိုက်ရင် နားလည်မှာတောင်မဟုတ်ဘူး ။ ရွေးကောက်ပွဲလုပ်တယ်ဗျာ ။ နိုင်ငံခေါင်း ဆောင်တစ်ဦး အဖြစ် ဆောင်ရွက်ချင်လို့ ၀င်ယှဉ်ပြိုင်ကြတာ ။ ဘယ်သူ ဘယ်လောက်တော်တယ်ဆိုတာကို တိုင်းသူပြည်သားတွေရွေးပေးရမှာ မှတ်လား ။ ကပြောင်းကပြန်တွေလျှောက်လုပ် ။ သူတို့မှသိ သူတို့မှတတ်။ နေရာတကာသူတို့ကြီးပဲ ဖြစ်နေတော့တာပဲနော်။ ကောက်မရှင် အဖွဲ့ခွဲတွေက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေလုပ်နေကြတယ်။ဘာတွေညှိနှိုင်းကြတယ်ဆိုတာ တော့ မပါပါဘူး ။ သတင်းဖတ်ရတာ အရသာမရှိသလိုပဲ။သတင်းထူးမယ်ထင်လို့ ဖတ်လိုက်တယ်။ သတင်းက ဟိုသွားပါတယ် ဒီသွားပါတယ် ။ သွားတာတော့သိပါပြီ ။ သွားပြီး ဘာတွေပြောကြတယ် ဘယ်လိုအစီအစဉ်တွေ ရေးဆွဲချမှတ်လိုက်ပြီ ။ ဘယ်လိုလူတွေနဲ့ ရေးဆွဲတာလဲ။ဒါတွေကြတော့ မပါတော့ဘူးဗျာ။ ထားတော့ ရှိစေတော့ ။ ဒီလိုမျိုးနဲ့ မြန့်မာအလင်း ကြေးမုံ အသက်ရှင်နေခဲ့တာအာဏာရှင် သက်တမ်းတစ်လျှောက်ပေါ့ ။ ဘုရားတည် ကျောင်းဆောက် တွေပြ ။ ဟိုခရီးသွားတယ် ။ ဒီခရီးသွားတယ်ပြ ။ ဒီလိုနဲ့ ပဲ အချိန်ကုန်နေခဲ့တာပဲ။
ရွေးကောက်ပွဲ ဆိုတာက ပြည်သူရွေးကောက်ရမှမှတ်လား ။ ပြည်သူတွေလည်း ဘာတစ်ခုမှ တိတိကျ ကျမသိရပဲနဲ့အချိန်တန် မဲထည့်ဟဆိုပြီး လိမ်ညာအုံးမှာ ကျိန်းသေတယ်မှတ်လား။ လူတွေပါဗျာ ။ အသိဥာဏ်လေးတွေ နဲ့ အလုပ်လုပ်ကြစမ်းပါ။ လက်နက်ကြီးကိုင်ပြီး အလုပ်လုပ်နေတာ ။ ဟုတ်လှပြီထင်နေသကိုး ။ လူ အချင်းချင်းကြောက်တာဘယ်သူလဲ ဆိုတဲ့ အဖြေပေါ်လာပြီနော်။ လက်နက်မရှိဘူး ။ အေးအေးဆေးဆေးပဲ ။ ဘယ်သူ့မှလဲ ရန်မရှာဘူး ။ငါနဲ့ယှဉ်ရဲလား လို့ မေးမယ် ။ အဲ့ဒီအခါကြတော့ အရူးကွက်နင်းတယ်လို့ခေါ်တယ် ။ ဆူပူမှု့ဖြစ်လို့ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းပါ ၏ တို့ ခဏတာ တာဝန်ယူခြင်းပါတို့ ။ခေါင်းစဉ်နဲ့ လိုက်အောင် ကို နိုင်ငံတော်ကြီး အေးချမ်းလိုက်တာ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ။ ကောင်းလိုက်တဲ့ နာမယ်လေးနော် ။ အေးချမ်း လိုက် တာလည်း မပြောနဲ့ ။ လူတွေကိုတိုင်ကလည်း ပေးထားတဲ့နံမယ်နဲ့ လိုက်အောင်နေတတ်တယ်နော် ။ သတ်လိုက်တဲ့လူ။ ဘယ်နှစ်ဦးရှိလို့ရှိမှန်းတောင် ရေလို့မရတော့ဘူး ။ ထပ်သတ်ဖို့လည်း အကြံရှိသေး တယ်တဲ့ ။
စဉ်းစားမိတာကလည်း အမှန်လား အမှားလားတော့ စာဖတ်သူပဲ ခွဲခြားကြည့် စမ်းပါ ။ တိုင်းပြည်ရဲ့ မျက်နှာ စာကို ဘယ်သူရဲရဲထွက်ရဲလည်းလို့ ။ လက်ချည်း ဗလာထွက်မလာရဲဘူး ။ အချင်းချင်းတောင် တစ်ယောက်နဲ့ တစ်ယောက် မျက်စောင်းခဲနေကြတာကိုး ။ တစ်ဦးက A နန်းတော်ကြီးမှာ စံမြန်းလို့ ၊ တစ်ဦးက B နန်းတော် ကြီးမှာ စံမြန်းလို့ ။ အဲ့ဒီ A နန်းတော် B နန်းတော် က ဘယ်နားမှာလဲ ဆိုတော့ လူမမြင်နိုင်တဲ့ ချောင်ကြိုချောင်ကြားမှာ ။ စဉ်းစားကြနော်။ပြည်သူတွေလေးစား မြတ်နိုးရတဲ့ တိုင်းပြည်ခေါင်းဆောင် ကြီးတွေ ဆိုရင် ဗျာ တိုင်းသူပြည်သားတွေက မြင့်မြတ်တဲ့နေရာမှာ ကောင်းကောင်းမွန်မွန်နေစမ်းပါလို့ ပြောပေမယ်ပေါ့ ။ အခုဟာက အကြောက်ကြီးကြောက် ပြီး ချောင်ကြီးထဲမှာသွားနေရတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်နေတာမှ မဟုတ်တော့တာ ။ ကိုယ့်တစ်ယောက်လုံခြုံ ဖို့အတွက်စစ်သား အင်အားတွေသုံး ။ ကိုယ်စီးလာတဲ့ ကား ဘယ်ကားမှန်း မသိအောင် ကားတွေ အများကြီးနဲ့ လမ်းကြောင်း လှည့်။ဘာလှည့်လုပ်တာလဲ မေးကြည့်ချင်တယ် ။ ဘာမှမဟုတ်ဘူး ။ ဘယ်နေရာ ဘယ်လိုအနေ အထားရှိတယ် ။ စားပေါက်ကောင်းတယ် ။ ငါနဲ့ အလိုက်သင့်တဲ့ ကောင်ကို နေရာကောင်းကောင်း ပေးဖို့ အတွက် လှည့်တာလေ ။
ကမ္ဘာကြီးက အသိဥာဏ်ခေတ် ရောက်နေပေမယ့် အသိဥာဏ်ပညာ နဲ့ ပြိုင်ပွဲ ၀င်ဖို့ မဖြစ်နိုင်သေးတဲ့ သူတွေကတော့လက်နက်နဲ့ အနိုင်ယူနေဆဲပေါ့ ။ ရှင်းရှင်းလေးပါ ။ အသိဥာဏ်ပညာ မပြည့်ဝလို့ လက်နက်နဲ့ အနိုင်ကျင့်နေတာ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !