အလုပ်လုပ်ရာမှာ ဇွဲရှိဖို့ လိုပါတယ် ။ ဒါဆို ဇွဲ ဘာကြောင့် မရှိကြရတာလဲ ။ ပင်ပန်းခံနိုင်မှု ၊ စိတ်ရှည်သိခံ နိုင်မှု တွေနဲ့ အများကြီး ဆက်စပ်နေပါတယ် ။ တစ်ခုခုကို အောင်မြင်အောင်လုပ်ဖို့ ဆိုရင်တော့ အဓိက အလိုအပ် ဆုံး က ဇွဲလို့ ထင်ပါတယ် ။ စိတ်ထဲမှာ ဒါကို လုပ်ဖြစ်အောင် လုပ်မယ်လို့ တွေးလိုက်ရင်ပဲ စိတ်ထဲမှာ ရှိတဲ့ မကောင်း တဲ့ အပျင်းစိတ်ဓာတ် အဖျင်းစိတ်ဓာတ် တွေ မရှိလောက်အောင် ပပျောက်သွားပါတယ် ။ ဒါပေမယ့် အဲ့ဒီအပျင်း စိတ်ဓာတ်တို့ အဖျင်း စိတ်ဓာတ်တို့ ကြီးစိုးတာကို လက်ခံမယ် ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့ ဖြစ်ချင် တာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒီအခါမှာ အကြောက်တရား ဆိုတာကပါ တစ်ခါတစ်လေ ရောဝင်လာတတ် ပါတယ် ။ ဒီလို လုပ်ဖို့ အပင်ပန်းခံနိုင်ပါ့မလား ။ ပတ်ဝန်းကျင်ကရော ငါ့ကို ဘယ်လိုမြင်ကြမလဲ ။
အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင် ငါ . . . . ဒီလိုမျိုး လား ....? ပေါင်းများစွာသော မေးခွန်းတွေနဲ့ နပမ်းလုံးနေ၇တတ် ပါတယ်။ ဒီအခါမှာ ရင့်ကျပ်တည်ငြိမ်သူ တစ်ဦးဦးကို အားကျ အတုယူပြီး ရဲစိတ် ရဲ မာန် မွေးရပါမယ် ။ နောက် ဆုံးတွေးမှာကတော့ ဒီအလုပ်ကို လုပ်လို့ သေမလား သေချင်သေပါစေ .... တုံးတိုက်တိုက် ... ကျားကိုက်ကိုက် ငါ ဖြစ်အောင်လုပ်မယ်ဟ -- ဆိုပြီး လုပ်ဖို့ပါပဲ ။
လောလော ဆယ်မှာ ကျွန်တော်ဟာ ကျောင်းသား တစ်ယောက်ပါ ။ ကျောင်းသား ဆိုပေမယ့် ကိုယ့်အတွက် သိပ် အကျိုးကျေးဇူးမရှိလှတဲ့ TV ကြည့်ခြင်း Game ကစားခြင်း စတဲ့ အကျိုးမဲ့ အချိန်ကုန်ခံတဲ့ နေရာမှာ စိတ်အလွန်ပျော်ပါတယ် ။ For relax ဆိုတဲ့ ခေါင်းစဉ် နဲ့ပေါ့ ..... ဒီလိုနဲ့ စာမေးပွဲနီးလာပြီ ဆိုရင် အထက်က ဖော်ပြတဲ့အတိုင်း အပျင်းစိတ်ကို မောင်းထုတ် ကြောက်စိတ်ကို ပယ်ချရပါတယ် ။ ဒီလိုမျိုး ခလုတ်ထိမှ အမိတ ဆိုတဲ့ အကျင့် ကမကောင်းပေမယ့်လည်း ကျွန်တော့်လိုမျိုး သူများ ရှိခဲ့ ရင် ဆင်ခြင်နိုင်ဖို့ စိတ်ကူးရှိ တာလေး ဖော်ပြခြင်းပါ ။
စိန်ခေါ်သူ မှ ရေးသားပေးပို့ပါသည်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !